ဖုန်းထဲမှာ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ app တွေနဲ့ အမြဲတမ်း storage က မလောက်မင ဖြစ်တတ်ကြပါတယ်။ အနာဂတ်မှာတော့ ဒီပြဿနာကို ဖြေရှင်းပေးမယ့် storage ပမာဏ 1 TB/ 1 Terabyte (1000 GB) ရှိတဲ့ internal storage နဲ့ ဖုန်းတွေ သင့်လက်ထဲကို ရောက်လာဖို့ Samsung က စီစဉ်နေပါပြီ။
ကမ္ဘာကျော် အလက်ထရောနစ် ကုမ္ပဏီ Samsung က ကုမ္ပဏီကနေ အနာဂတ်မှာ ထွက်ရှိလာမယ့် စမတ်ဖုန်းတွေထဲမှာ ထည့်သွင်းမယ့် storage 1 TB ပါရှိတဲ့ ချစ်ပ်တွေကို အမြောက်အများ ထုတ်လုပ်နေပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ ထိုချစ်ပ်တွေက ဘယ်ဖုန်းတွေကနေ စပါလာမလဲ မသိသေးပေမယ့် ယခု ၂၀၁၉ ပထမနှစ်ဝက်မှာ ထုတ်လုပ်မှု ပမာဏ တိုးမြှင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

“စမတ်ဖုန်း အသုံးပြုသူတွေကတော့ ဖုန်းတွေထဲ မမ်မိုရီကတ် ထပ်စိုက်စရာ မလိုတော့ဘဲ ကွန်ပြူတာတွေရဲ့ storage ပမာဏကိုတောင် ယှဉ်နိုင်တော့မယ့် ဖုန်းတွေကို မကြာခင် အသုံးပြုလာနိုင်တော့မှာပါ” လို့ Samsung က ကြေညာခဲ့ပါတယ်။
1 TB ဆိုတာ ကိုရီးယားကုမ္ပဏီက ထုတ်ဖူးတဲ့ အများဆုံး storage ပမာဏ ဖြစ်လာခဲ့ပါတယ်။ Samsung ရဲ့ Galaxy Note 9 မှာ ပါတဲ့ Memory storage ဆိုရင် 512 GB ရှိပြီး 512 GB မမ်မိုရီကတ် ထပ်စိုက်လိုက်မှ 1 TB ဖြစ်လာနိုင်တာပါ။

ယခု 1 TB ချစ်ပ်နဲ့ ထုတ်မယ့် ဖုန်းတွေကတော့ ဒီနှစ်ထဲမှာ ထွက်လာမလားဆိုတာတော့ သေချာမသိရသေးပါဘူး။ သတင်းများအရတော့ ယခု ၂၀၁၉ ထဲမှာ ထွက်လာတော့မယ့် Galaxy Note 10 က 1 TB internal storage နဲ့ ဖြစ်နိုင်ချေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
Ref: Tech Crunch