ဖုန်းကင်မရာ sensor တွေကို အားလုံးထက်အရင် အဆင့်မြှင့်တင်သွားတော့မယ့် Samsung

မေလ ၉ ရက်နေ့မှာတော့ Samsung ကနေ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဘာလဲဆိုတော့ နောက်အသစ်ထွက်ရှိလာမယ့် Samsung စမတ်ဖုန်းတွေမှာ ကင်မရာ ပုံရိပ် sensor တွေကို ဈေးကွက်ထဲက စမတ်ဖုန်း အားလုံးထက် သာအောင် အဆင့်မြှင့်တင်သွားတော့မယ်ဆိုပြီး ဖြစ်ပါတယ်။

Pixabay

Samsung ရဲ့ လက်ရှိဖုန်းတွေမှာ 48-megapixel ရှိတဲ့ image sensor တွေ ထည့်သွင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အခု အသစ်ထည့်သွင်းမယ့် ISOCELL Bright GW1 လို့ ခေါ်တဲ့ image sensor ဟာဆိုရင်တော့ 64-megapixel ရှိတဲ့ sensor ဖြစ်ပြီး ပုံရိပ်တွေကို အလင်းအား ပိုကောင်းကောင်းနဲ့ ဖမ်းပေးနိုင်မှာ ဖြစ်ပါတယ်။

Sensor ကနေ pixel ၄ ခုကို တစ်ခုအဖြစ် ပြောင်းကာ ပုံထွက်တာ ဖြစ်တဲ့အတွက် ယခင် 48 Mp sensor တုန်းက 12-megapixel ပုံရိပ်တွေကို ရရှိခဲ့သလို ယခုအခါမှာတော့ 16-megapixel ဓာတ်ပုံတွေကို Bright GW1 sensor ကနေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

READ
Facebook Messenger မှာ သုံးလို့ရနေပြီဖြစ်တဲ့ reply နည်းအသစ်
Samsung

48-megapixel ကင်မရာတွေဟာ ဈေးကွက်ထဲက လူသုံးများပြီးသားဖြစ်တဲ့ Samsung, Huawei, Oppo, Vivo, Xiaomi စတဲ့ ဖုန်းတွေထဲမှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ 64-megapixel sensor ကိုတော့ Samsung ကနေ ဦးစွာ ထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး ၂၀၁၉ နှစ်လယ်ပိုင်းမှာ ဖော်ပြပါ ISOCELL Bright GW1 sensor တွေကို အမြောက်များ စတင်ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။

Pixabay

ဒါကြောင့် ၂၀၁၉ နှစ်နှောင်းပိုင်းလောက်အတွက် ဖလန်းဖလန်းထတဲ့ ကင်မရာတွေနဲ့ Samsung စမတ်ဖုန်းအသစ်တွေကို ကြိုတင်မျှော်လင့်ထားလို့ရပြီလို့ သတင်းပါးလိုက်ပါရစေနော်။

Ref: The Verge

SHARE