ကြောက်စရာ review တွေကြောင့် ပစ္စည်းထွက်ရက်ကို ရွှေ့လိုက်ရတဲ့ Samsung Galaxy Fold

တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ကတော့ ၎င်းကနေ အသစ်ထုတ်တဲ့ Galaxy Fold ဖုန်းတွေကို တရားဝင်ထွက်ရှိလာမယ့်ရက် အနည်းဆုံး တစ်လ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဧပြီ ၂၄ ရက် တရုတ်မှာ ပြုလုပ်မယ့် Galaxy Fold မိတ်ဆက်ပွဲနဲ့ တရားဝင်ပစ္စည်းထွက်ရှိမယ့် ဧပြီ ၂၆ မတိုင်ခင် ထိုကြေညာချက် ထွက်လာတာပါ။

PA

ပြီးခဲ့တဲ့လက Samsung ကနေ ပစ္စည်းသစ်အတွက် review တွေ ရေးပေးဖို့ မီဒီယာသမားတွေကို ပစ္စည်းပေးပြီး အရင်စမ်းသုံးကြည့်စေခဲ့ပါတယ်။ ထိုကနေမှ ပြဿနာက စလာခဲ့တာပါ။ The Journal မီဒီယာက ဖော်ပြချက်အရ folding ဖုန်းရဲ့ အလယ်နားက ပတ္တာကြောင့် မျက်နှာပြင်မှာ ဖိအားအလွန်အကျွံဖြစ်သွားစေပြီး မျက်နှာပြင်မှာ ချို့ယွင်းချက် ဖြစ်ရတယ်လို့ သိရပါတယ်။

Twitter

အခြားစမ်းသပ်အသုံးပြုသူအချို့ရဲ့ review တွေမှာတော့ အသုံးပြုပြီး ၂ ရက်လောက် ကြာရင် ဖုန်းမျက်နှာပြင်မှာ တလက်လက်ဖြစ်လာပြီး လုံးဝအမည်းပိတ်ကျသွားတယ်ဆိုတာလည်း ပါပါတယ်။ Protective ဖလင်ပြား မဖယ်ဘဲနဲ့တောင် ဖုန်းအလုပ်မလုပ်တော့တာ မျိုးတွေလည်း ရှိပါတယ်တဲ့။ Device မှာ ပါတဲ့ ညွှန်ကြားချက်မှာတော့ Protective ဖလင်ပြား ကို ဖယ်ပစ်လိုက်ရင် ပျက်စီးမှုတွေ ဖြစ်နိုင်တယ်ဆိုပြီး ပါပါတယ်။

READ
၂၀၃၉ ခုနှစ်ကစလို့ Mercedes ကားတွေမှာ တွေ့ရတော့မယ့် ပြောင်းလဲမှုကြီးတစ်ခု
Twitter

Bloomberg ဆော့ဖ်ဝဲကုမ္ပဏီရဲ့ ရီပို့တာ Mark Gurman နဲ့ YouTube ဆယ်လီ Marques Brownlee တို့က Galaxy Fold ဟာ သူတို့စမ်းသုံးခဲ့စဉ် Protective ဖလင်ပြား ဖယ်လိုက်ပြီးနောက် ဖုန်းက ပျက်သွားတယ်လို့ ဆိုပါတယ်။ The Verge နည်းပညာမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် Dieter Bohn ကတော့ Protective ဖလင်ပြားကို မဖယ်ဘဲနဲ့တောင် ဖုန်းမျက်နှာပြင်က ပျက်သွားခဲ့ပါတယ်တဲ့။

arstechnica

YouTube အသုံးပြုသူ phoneoftime တင်ခဲ့တဲ့ ဗီဒီယိုအရတော့ Galaxy Fold ဖုန်းက ခေါက်ရတဲ့ အလယ်နားမှာ ခေါက်ကျိုးရာကြီး ပေါ်လာခဲ့တာကို တွေ့ခဲ့ကြရပါသေးတယ်။ Samsung ရဲ့ ဖြေရှင်းချက်ကတော့ ဒီချို့ယွင်းချက်တွေဟာ စမ်းသုံးဖို့ ပေးထားတဲ့ ဖုန်းအရေအတွက် အနည်းငယ်မှာသာ ဖြစ်သွားတာဖြစ်ပြီး ကျန်ဖုန်းတွေမှာ မဖြစ်အောင် သူတို့ သေချာ ပြန်လည် ဆန်းစစ်သွားနေကြောင်း ကြေညာထားပါတယ်။

Ref: The Verge , DailyMail

SHARE