အသစ်ထွက်လာတော့မယ့် ရဲရဲတောက်ကာလာအသစ်နဲ့ Samsung Galaxy S10

Samsung Galaxy S10 နဲ့ S10 Plus ဖုန်းတွေမှာ ကာလာအသစ် ထပ်ထွက်ဖို့ ရှိနေတယ်လို့ ဂျာမနီမှ အိုင်တီပညာရှင် Roland Quandt က winfuture.de ဝက်ဘ်ဆိုဒ်ကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။ ဒီသတင်းပေါက်ကြားမှုအရတော့ အသစ်ထွက်မယ့် အရောင်က အနီရောင်ဖြစ်ပြီး နာမည်က “Cardinal Red” ဖြစ်ပါတယ်။

အနီရောင်က Samsung Galaxy S10 နဲ့ S10 Plus နှစ်မျိုးစလုံးမှာ ထွက်ရှိမယ်လို့ တင်ထားပြီး ဘတ်ဂျက်ဖုန်းဖြစ်တဲ့ S10e မှာတော့ ရနိုင်မလားဆိုတာတော့ မဖော်ပြသွားပါဘူး။ ဖုန်းနှစ်မျိုးရဲ့ ကာလာအသစ်ထွက်ရှိမယ့် ရက်အတိအကျကိုတော့ မဖော်ပြထားဘဲ “coming soon” လို့သာ Quandt က သဲလွန်စပေးထားပါတယ်။

ဖုန်းရဲ့ အရောင်သစ် ဝယ်လို့ရနိုင်မယ့် နိုင်ငံတွေကတော့ Samsung က အမြဲတသမတ်တည်း ထားခြင်း မရှိဖူးပါဘူး။ ၂၀၁၈ ခုနှစ် မေလတုန်းကဆိုရင် Galaxy S9 အတွက် အနီရောင်နဲ့ ရွှေရောင်ထုတ်မယ်လို့ ကြေညာထားခဲ့ပေမယ့် တကယ်တမ်း အနီရောင်က တရုတ်နဲ့ တောင်ကိုရီးယားမှာသာ ထွက်ရှိခဲ့ပြီး အမေရိကန်မှာတော့ ရွှေရောင်သာ ထွက်ရှိခဲ့ပါတယ်။

READ
လွန်ခဲ့တဲ့၂၅နှစ်က စတင်ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး SMS
YouTube

ဒီအချက်အလက်ပေါက်ကြားမှုသာ မှန်ကန်မယ်ဆိုရင်တော့ S10 တွေမှာ ၅ ရောင်အထိ ရှိလာမှာလည်း ဖြစ်ပါတယ်။ အဖြူ၊ အနက်၊ အစိမ်း၊ အပြာတို့က ထွက်ရှိပြီးသားဖြစ်တဲ့အတွက် အနီရောင်က ငါးခုမြောက် ရွေးချယ်စရာ ဖြစ်လာမှာပါ။S10 Plus တွေအတွက်တော့ ceramic white နဲ့ ceramic black တို့ပါ ရှိတဲ့အတွက် အရောင် ၇ မျိုး ဖြစ်သွားမှာပါ။

Ref: The Verge

SHARE