TVလောကကို တစ်ခေတ်ဆန်းစေမယ့် Samsung QLED TVကို မြန်မာပြည်တွင်စတင်မိတ်ဆက်

Samsung ရဲ့ တီထွင်ဆန်းသစ်မှု အပြည့်နဲ ဖန်တီးထုတ်လုပ်ထားတဲ့ QLED TVကို ယနေ့ Juntion City မှာ စတင်
မိတ်ဆက်ပေးခဲ့ပါတယ်။ Samsung ရဲ့  QLED TVဟာ ထူးခြားဆန်းသစ်ပြီး ယနေ့ခေတ်လူနေမှုဘဝနဲ့ ကိုက်ညီအောင်
ထုတ်လုပ်ထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ Samsung ရဲ့ Brand Ambassador အေးမြတ်သူလည်း တက်ရောက်
ခဲ့တာတွေ့ခဲ့ရပါတယ်။

အထက်ပါ ဗီဒီယိုထဲမှာတော့ အေးမြတ်သူက QLED TV အပေါ်သူမရဲ့ ထင်မြင်ချက်တွေကို ဝေမျှခဲ့ပါသေးတယ်။

Samsung ရဲ့ QLED TV အသစ်မိတ်ဆက်ပွဲကို Shwemom Team မှတက်ရောက်ခဲ့ပြီး Samsung  ရဲ့ထူးခြား
ဆန်းသစ်တဲ့ တီထွင်မှုတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချို့
ကို Shwemom စာဖတ်ပရိသတ်ကြီးကို ပြန်ပြောပြချင်ပါတယ်။

ပထမတစ်ချက်က ရုပ်ထွက်အရည်အသွေးပါ။ QLED စီးရီးအသစ်က Color Space အတိအကျကို ဖော်ပြနိုင်ပြီး
အရောင်ထုထည်ကို ၁၀၀ရာခိုင်နှုန်းပြည့် ထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။ Batman တို့လို အမှောင်ဦးစားပေး
ရိုက်ထားတဲ့ ဇာတ်ကားတွေမှာဆိုကြည်လင်ပြတ်သားစွာ မြင်နိုင်မှာ ဖြစ်ပါတယ်။ဘေးကကြည့်တဲ့အခါ ကာလာ
ပြောင်းလဲမှုမရှိတာလည်း တော်တော်အထင်ကြီးစရာကောင်းပါတယ်။ သာမန်တီဗွီတွေဆိုရင် ဘေးတစောင်းကြည့်
တာနဲ့ အရောင်ပြောင်းသွားတတ်ပါတယ်။ ဒါပေမယ့် QLED ကတော့ အရောင်ပြောင်းလဲသွားခြင်း မရှိပါဘူး။

“အခုခေတ်မှာ တီဗွီအရွယ်အစားတွေ ကြီးလာတာနဲ့အမျှ အရည်အသွေးကောင်းတဲ့ ပုံရိပ်အရည်အသွေးကလည်း
သုံးစွဲသူတွေရဲ့ အဓိက ဦးစားပေးအချက်တစ်ချက် ဖြစ်လာပါတယ်။ အဲ့ဒါကြောင့် Samsung က အခု မိတ်ဆက်
လိုက်တဲ့အရောင်းထွက်အားကောင်းမွန်စေတဲ့ Quantum dot နည်းပညာသစ်ကို အသုံးပြုပြီး ဖန်တီးထုတ်လုပ်
ထားတဲ့နောက်ဆုံးပေါ် QLED TVက သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်ဆိုတာ ယုံကြည်
ပါတယ်” လို့ Samsung Myanmar ရဲ့ Managing Director Mr. Young Seok Ham က ပြောကြားခဲ့
ပါတယ်။

READ
Passportစာအုပ်တွေမလိုတော့မယ့် အနာဂတ်

ဒုတိယတစ်ချက် အကြိုက်ဆုံးက ကြိုးတွေရှုပ်ထွေးမှုမရှိတာပါ။ လူတိုင်းလိုလို ဒီဒုက္ခကို သိကြမှာပါ။ အိမ်ထဲမှာ TV
အကြီးကြီး တပ်ထားပေမယ့် ကြိုးတွေကြောင့် အမြဲစိတ်ညစ်ရပြီးကြည့်မကောင်းဖြစ်နေခဲ့ပါတယ်။ ဒီအဆင်မပြေမှုကို
Samsung က Invisible Cable ကြိုးတစ်ချောင်းထဲနဲ့ဖြေရှင်းသွားခဲ့ပါတယ်။ အထက်ပါပုံမှာလိုပဲ တီဗွီဟာ ရှင်းရှင်း
လင်းလင်းနဲ့ ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။ TVကနေ Cableတစ်ချောင်းပဲထွက်လာမှာဖြစ်ပြီး အဲ့ဒီကြိုးကတစ်ဆင့်
DVD စက်၊  ဂိမ်းစက်၊ ရုပ်သံစက်များကို ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

သာမန်တီဗွီနှင့် QLED တီဗွီကွာခြားပုံ

တတိယအချက်က တီဗွီကို အဆင်ပြေအောင် ကြိုက်သလို ထားနိုင်တဲ့အချက်ပါ။ “No Gap Wall Mount” ဆိုတာ
ပါဝင်ပြီး နံရံမှာ ချိတ်ထားမယ်ဆိုရင် နံရံနဲ့တီဗွီကြားမှာ ကွာခြားမှုမရှိပဲ ပန်းချီကား နံရံမှာ ကပ်ထားသလို ဖြစ်နေမှာပါ။
နံရံနဲ့ချိန်ပြီး အသုံးမပြုလိုသူတွေအတွက်တော့ Samsung Studio Stand နဲ့ Samsung Gravity Stand တို့
ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

READ
သင့် Facebook Account ကို အခြားသူတစ်ယောက်ခိုးသုံးလားသိနိုင့်မယ်နည်း

နောက်ဆုံးအချက်ကတော့ ဆန်းသစ်လှတဲ့ Samsung One Remoteနဲ့ Smart View ပါ။ အိမ်မှာ Romote တွေ
က များပြီးတစ်ခုခုကြည့်ချင်ရင် လိုက်ရှာရတဲ့ ဒုက္ခကင်းဝေးတော့မှာဖြစ်ပါတယ်။ ဒီတစ်ချက်ကို အရမ်းလည်း အထင်ကြီး
မိပါတယ်။ သုံးစွဲသူတွေ ဘယ်လို အခက်အခဲကြုံနေရလဲဆိုတာကို သေချာလေ့လာပြီးမှ ဒီတီဗွီကို ထုတ်လုပ်ခဲ့မှန်းသိသာ
ပါတယ်။ One Remoteဟာ ဂိမ်းစက်၊ ရုပ်သံစက်၊ နဲ့ DVDစက် စတာတွေအားလုံးကို တစ်နေရာထဲက ထိန်းချုပ်နို်င်မှာ
ဖြစ်ပါတယ်။ Smart View ဆိုတာကတော့ တီဗွီကနေဖုန်း၊ ဖုန်းကနေတီဗွီကို အပြန်အလှန်ဆက်သွယ်နို်င်ဖို့ကူညီပေး
မယ့်  Feature ပဲဖြစ်ပါတယ်။ Samsung TV နဲ့ Samsung ဖုန်းဖြစ်ဖို့တော့လိုပါတယ်။ ဖုန်းထဲကရုပ်ရှင်တွေကို
Facebook Video တွေကို တီဗွီပေါ်မှာ အလွယ်တကူကြည့်နိုင်မှာမို့အရမ်းကို အသုံးဝင်တဲ့  Feature လည်းဖြစ်ပါ
တယ်။

အဆိုပါ  QLED တီဗွီကို ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူနိုင်ပြီး တီဗွီအမျိုးအစားပေါ်မူတည်၍ မြန်မာငွေ သိန်း၄၀ကနေ
သိန်း၉၀ အတွင်း ရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။

Shwemom 

SHARE