ခေါက်လို့ရတဲ့ 5G စမတ်ဖုန်း Galaxy Fold ကို Samsung မိတ်ဆက်

ဖုန်းကုမ္ပဏီတွေကတော့ သူ့ထက်ငါအပြိုင်အဆိုင် ပိုကောင်းတဲ့ ဖုန်းတွေကို မိတ်ဆက်ပြသနေပါတယ်။ အခုလည်း Samsung  က လုံးဝအမိုက်စား ဖုန်းတစ်လုံးကို မိတ်ဆက်ပေးလိုက်ပြန်ပါပြီ။Galaxy Fold လို့ ခေါ်တဲ့ အဲ့ဒီ ဖုန်း ကိုတော့ ဖေဖော်ဝါရီ (၂၀)ရက်နေ့က မိတ်ဆက်ပြသလိုက်တာပါ။ဒီဖုန်းကတော့ ခေါက်လို့ရတဲ့ ဖုန်း မျိုး ပါ။ Samsung ကတော့ နာ မည်ကျော် ဖုန်းကုမ္ပဏီတွေထဲမှာ အခုလို feature မျိုးကို ထည့်သွင်းတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

Samsung
Samsung

 5G network အသုံးပြုနိုင်တဲ့ စမတ်ဖုန်း Galaxy Fold  က တခြား ပြိုင်ဖက်ကုမ္ပဏီတွေအားလုံးကို ယှဉ်ပြိုင်အလဲ ထိုးနိုင်မလားဆိုတာကိုတော့ Shwemom စာဖတ်သူတွေအနေနဲ့ သုံးသပ်လို့ရအောင် Galaxy Fold ရဲ့ အကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်။ဒီဖုန်းရဲ့ သူမတူတဲ့ အားသာချက်ကတော့ ခေါက်လို့ရတဲ့ 5G network သုံးနိုင်တဲ့ စမတ် ဖုန်း ဆိုတဲ့ အချက်ပါ။မျက်နှာပြင်ကတော့ smartphone အနေနဲ့ဆိုရင် (ခေါက်သုံးရင်)4.6-inch ရှိပါတယ်။တကယ် လို့ မခေါက်ပဲ ဆိုရင်တော့ မျက်နှာအရွယ်အစား (7.3 inches)ရှိတဲ့ Tablet အနေနဲ့ သုံးလို့ရပါတယ်။ လက်တစ်ဖက်တည်း နဲ့ သက်သောင့်သက်သာသုံးလို့ရပါတယ်။

Wccftech
Wccftech

ဖုန်းရဲ့ resolution ကတော့ (7.3) လက်မ အရွယ်အစားနဲ့ဆိုရင် 2152 x 1536 pixels ပါ။ 4.6-inc အနေ နဲ့ဆိုရင်တော့ 1960 x 840 pixels ပါ။ 7nm processor ၊ 12GB of RAM  ပါ။Storage ကတော့ 512GB ပါ။တခြားစမတ်ဖုန်းတွေနဲ့ ယှဉ်ရင် data ကို နှစ်ဆ ပိုပြီး မြန်မြန်ဖတ်နိုင်ပါတယ်။ဖုန်းထဲမှာတော့ ဘက်ထရီခု ပါပါ တယ်။ဖုန်းရဲ့ တစ်ဖက်ချင်းစီမှာ တစ်လုံး ပါတာပါ။ battery  ကတော့ 4,380mAh ပါ။အတွင်းပိုင်း screen က အရမ်းကိုကြီးလွန်းတာကြောင့် app သုံးခုကို တစ်ပြိုင် နက် တည်း သုံးလို့ရပါတယ်။ဥပမာ- video ကြည့်တာ၊chat တာ၊Web ..တို့ကို တစ်ချိန်တည်းတစ်ပြိုင်နက်တည်း လလုပ်လို့ရပါတယ်။ဈေးနှုန်း အနေနဲ့ ဆိုရင်တော့ အမေရိကန်ဒေါ်လာ (US$1,980) ဖြစ်ပြီး ဧပြီ (၂၆)လောက်ကစပြီး ရရှိနိုင်တော့မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

READ
ကမ္ဘာ့အမြန်ဆုံးကားဖြစ်လာခဲ့တဲ့ Pininfarina ရဲ့ "Battista"

Source channelnewsasia

SHARE