မကြာခင် အသစ်ထွက်ရှိလာတော့မယ့် ဆမ်ဆောင်းရဲ့ Galaxy Note 10

samsung

မိုဘိုင်းဖုန်းဈေးကွက်ထဲ ထိပ်ပိုင်းနေရာက စိုးမိုးခြယ်လှယ်ထားတဲ့ ဆမ်ဆောင်းကုမ္ပဏီဟာ ၄င်းရဲ့ နောက်ဆုံးထွက်ရှိလာမယ့် ဖုန်းတွေကို ကြေညာခဲ့ပါတယ်။ အသစ်ထွက်ရှိလာတဲ့ ဖုန်းတွေကတော့ Galaxy Note 10 နဲ့ Galaxy Note 10+ တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းတွေမှာ နားကြပ်ကြိုးပေါက်နဲ့ SD Card ပေါက်တွေတော့ ပါဝင်တော့မှာ မဟုတ်ပါဘူး။

Note 10+ ဟာ ပိုကျယ်တဲ့ မျက်နှာပြင်ရှိပြီး ဘက်ထရီအားသွင်းရတာလည်း မြန်ဆန်ပါတယ်။ နာရီဝက်လောက် အားသွင်းပြီးတာနဲ့ တစ်နေကုန် အသုံးပြုနိုင်ပါတယ်။ လက်ရှိထွက်လာမယ့် ဖုန်းအသစ်တွေထဲမှာ လူအများစု မနှစ်သက်တဲ့ Bixby ခလုတ်လည်း ပါဝင်မှာမဟုတ်ပဲ ၄င်းနေရာမှာ ပါဝါခလုတ်နဲ့ အစားထိုးထားပါတယ်။ ဒါပေမယ့် လိုအပ်ရင်တော့ ပါဝါခလုတ်ကို အကြာကြီးနှိပ်ပြီး Bixby assistant ကို အသုံးပြုနိုင်ပါတယ်။

 

အသစ်ထွက်လာတဲ့ Galaxy Note 10 ထဲမှာ ဘက်ထရီအားပိုမိုကောင်းမွန်အောင်၊ ဖုန်းရဲ့ အခြားလုပ်ငန်းဆောင်တာတွေ ပိုထိရောက်မှုရှိအောင်အတွက်ဆိုပြီး ဆမ်ဆောင်းဟာ နားကြပ်ဂျက်ကို မထည့်သွင်းထားပါဘူး။ ဒါကြောင့် ဖုန်းအသုံးပြုသူတွေဟာ ကြိုးမဲ့ နားကြပ်တွေကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

READ
ဖိလစ်ပိုင် တက္ကသိုလ်တွင် ကျောင်းသားများကို Dota 2 ဂိမ်းသင်ရိုး စတင်ပို့ချ

 

နောက်ဆုံးပေါ် Galaxy Note မှာတော့ မျက်နှာပြင် (၆.၃) လက်မရှိတဲ့ Galaxy Note 10 နဲ့ မျက်နှာပြင် (၆.၈) လက်မရှိတဲ့ Note 10 + ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ(၁၄၉၉) ကနေ (၁၉၉၉) ထိပါ။ သြစတေးလျမှာတော့ Galaxy Note တွေဟာ Aura Glow နဲ့ Aura Black ဆိုပြီး အရောင်(၂) ရောင်နဲ့ ရနိုင်ပါတယ်။ ဆမ်ဆောင်းရဲ့ Note အသစ်တွေကတော့ သြဂုတ်လ(၂၃) ရက်နေ့ကနေစပြီး ဈေးကွက်ထဲ ရောက်လာတော့မည်ဖြစ်ကြောင်း news.com.au သတင်းဝက်ဆိုက်ဒ်အရ သိရပါတယ်။

READ
ဖုန်း ခဏခဏ လွတ်ကျတတ်တဲ့ လူတွေအတွက် သတင်းကောင်း

လင်းလင်း (ShweMom)

SHARE