Headphone Jack ပေါက် ပါတော့မှာမဟုတ်တဲ့ Samsung ရဲ့ Galaxy A8s

၂၀၁၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းက Samsung ဟာ ကုမ္ပဏီကနေ နောက်ဆုံးထွက်ရှိလာမယ့် Galaxy A8s နဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Display အနေနဲ့ Infinity-O display နဲ့ ထုတ်လုပ်လိုက်တဲ့ Samsung ရဲ့ ပထမဆုံးဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်အပြည့်မြင်ရမယ့် edge-to-edge display ဖြစ်ပြီး အရှေ့ဘက်ကင်မရာ တစ်နေရာစာပဲ အပေါက်ငယ်တစ်ပေါက် ပါရှိမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ လာမယ့် ဒီဇင်ဘာ ၂၁ မတိုင်ခင်အထိ pre order မှာယူလို့ ရနေပါပြီ။

thieunien.vn

ယခု Galaxy A8s ဟာ Samsung ရဲ့ ဖုန်းတွေအနက် headphone jack (နားကျပ်ပေါက်) ပါရှိတော့မှာ မဟုတ်တဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၁၇ တုန်းက headphone jack မပါရှိတဲ့ iPhone 7 ကို Apple က ထုတ်လုပ်ခဲ့ခြင်းအပေါ် Samsung က လှောင်ပြောင်ခဲ့တဲ့အတွက် အခုဆိုရင်တော့ Samsung ရဲ့ ဖုန်းမော်ဒယ်သစ်နဲ့ ပတ်သက်လို့လည်း ဝေဖန်ခံရခြင်းတွေ ရှိနေပါတယ်။

READ
4G Networkဆိုတာဘာလဲ၊ ဘာတွေပိုကောင်းလဲ
Samsung

Apple ကနေ headphone jack မပါတဲ့ ဖုန်းတွေကို ထုတ်လာတာဆိုရင် iPhone 7 ကစလို့ iPhone XS, iPhone XS Max နဲ့ iPhone XR တို့အထိ အဆက်ဆက်ဖြစ်ပါတယ်။ ၂၀၁၆ တုန်းက Galaxy Note7 မိတ်ဆက်တုန်းကဆိုရင်တောင် Samsung ရဲ့ စီအီးအို Justin Denison က သူတို့ဖုန်းရဲ့ အားသာချက်ဟာ နားကျပ်ပေါက် ပါတာဖြစ်တယ်ဆိုပြီးတောင် ပြောနေခဲ့ပါသေးတယ်။ ၂၀၁၈ နှစ်ဆန်းပိုင်းတုန်းက Galaxy S9 ထွက်ခဲ့စဉ်မှာလည်း iPhone တွေမှာ headphone jack မပါတာနဲ့ ပတ်သက်လို့ ကြော်ငြာထဲ ထည့်ဝေဖန်ခဲ့ပါသေးတယ်။

Samsung ဖုန်းတွေမှာတော့ headphone jack ပါရှိတာဟာ ၂၀၁၉ မှာ ထွက်ရှိလာမယ့် Galaxy S10 ဖုန်းက နောက်ဆုံးဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ Galaxy S11 ကလည်း ၂၀၂၀ ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

READ
iPhone X ကို တူဖြင့်ထုပြီး စမ်းသပ်ထားတဲ့ ဗီဒီယို

Ref: Mashable, Macrumors, The Verge

SHARE