Samsung မှ မိတ်ဆက်ပေးလိုက်တဲ့ ၂၁၉ လက်မ The Wall တီဗီကြီး

Tom's Guide

ယခု ၂၀၁၉ နှစ်ဆန်းပိုင်းတုန်းက လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်ခဲ့တဲ့ နည်းပညာပြပွဲကြီး CES 2019 မှာတော့ Samsung ကုမ္ပဏီကနေ The Wall နဲ့ ပရိသတ်တွေရဲ့ အထူးအာရုံစိုက်မှုတွေကို ရသွားခဲ့ပါတယ်။ The Wall ဆိုတာကတော့ ကြီးမားလှတဲ့ မျက်နှာပြင်နဲ့ Samsung မှ နောက်ဆုံးထွက်ရှိလာတဲ့ အကြီးစား တီဗီတစ်မျိုးပါ။

WTHR

Samsung က ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားခဲ့တဲ့ CES 2019 မှာ The Wall ကို မိတ်ဆက်ပြသသွားခဲ့တာဖြစ်ပါတယ်။ ကြီးမားလှတဲ့ MicroLED တီဗီကြီးရဲ့ အတိုင်းအတာကတော့ ၂၁၉ လက်မ တစ်နည်းအားဖြင့် ၁၈ ပေ ရှိပါတယ်။ အဓိက အားသာချက်အနေနဲ့ကတော့ တီဗီရဲ့ မျက်နှာပြင်မှာ ပိုမိုတောက်ပတဲ့ ပုံရိပ်တွေကို ဖန်တီးပေးထားမှာဖြစ်ပြီး အခြားတီဗီတွေထက် လျှပ်စစ်ပါဝါ စားနှုန်းလည်း သက်သာပါတယ်။

READ
ပြန်လည်အသက်ဝင်လာတော့မယ့် တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ Razr ခေါက်ဖုန်း 
ABC15 Arizona

ဒီတီဗီကိုပဲ ၂၁၉ ပေက ကြီးလွန်းတယ်ထင်ရင် ၇၅ လက်မ ဗားရှင်းလည်း ထွက်ရှိဦးမှာပါ။ ကြီးနေသေးပေမယ့် မူလ The Wall ထက်တော့ အိမ်ထောင်စုများအတွက် ပိုအဆင်ပြေမယ်လို့ ယူဆရပါတယ်။ တီဗီကြီးလွန်းတဲ့အတွက် ဆိုးကျိုးတစ်ခုကတော့ နောက်ကို တော်တော်ဆုတ်ကြည့်ဖို့လိုတာပါ။ မျက်နှာပြင်ကြီးပြီး အနီးကပ်ကြည့်ရင် ဘာကိုမှ အာရုံစိုက်လို့မရတော့တဲ့အတွက်ပါ။ ဗီဒီယိုဂိမ်းတွေ ကစားဖို့အတွက်လည်း မျက်နှာပြင်အကြီးက သိပ်မကိုက်ပြန်ပါဘူး။

Mothership

နောက်တစ်ချက်ကတော့ The Wall တီဗီကို အားကစားကွင်းတွေထဲမှာ အသုံးပြုနိုင်ဖို့ တီဗီတွေ အများကြီးဆက်ပြီး မျက်နှာပြင် တစ်ခု ဖန်တီးလို့ရအောင်လည်း Samsung က ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းနဲ့ အခြားအချက်အလက် အသေးစိတ်ကိုတော့ ကုမ္ပဏီက ကြေညာခြင်း မရှိသေးပါဘူး။ ဈေးကွက်ထဲကိုတော့ ယခု ၂၀၁၉ ထဲမှာပဲ ရောက်ရှိလာတော့မှာပါ။

Ref: Fox 8, Comic Book

SHARE