အမှု ၆၀ ကျော်နဲ့ အမေရိကရဲ့အမှုအများဆုံးကျူးလွန်ခဲ့တဲ့ကွင်းဆက်လူသတ်သမား

၂၀၁၄ ခုနှစ်ပတ်ဝန်းကျင်လောက်တုန်းက အမေရိကရဲ့သမိုင်းတစ်လျှောက် ကွင်းဆက်လူသတ်သမားတွေထဲ အမှုအများဆုံးကျူးလွန်ခဲ့တဲ့ လူသတ်သတ်သမားအသစ်တစ်ယောက်ကို တက္ကဆက်ရဲတပ်ဖွဲ့မှ အမှတ်မထင် ဖော်ထုတ်မိခဲ့ပါတယ်။

သူ့နာမည်ကတော့ Samuel Little ပါ။ Samuel McDowell လို့လည်း ခေါ်ပါတယ်။ အိုဟိုင်းရိုးဇာတိဖြစ်ပြီး ကယ်လီဖိုးနီးယား၊ တက္ကဆက်ပြည်နယ်ထဲကို ခိုဝင်နေခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတစ်ယောက်ပါ။ Samuel Little ဟာ အခုဆိုရင် အသက် ၇၉ နှစ်ကျော်ရှိလို့နေပြီဖြစ်ပြီး ဒီနှစ်တွေထဲ လူသတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတာ သက်ဆိုင်ရာတွေမရိပ်မိခဲ့ပါဘူး။

အိုဟိုင်းရိုးရဲဌာနတစ်ခုကနေပြီး Samuel Little ကို အမျိုးသမီးတစ်ယောက် သတ်မှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ ထိန်းသိမ်းတဲ့အချိန်ကျမှ အမှုတွေဆက်စပ်မိခဲ့တာပါ။ Samuel Little ဟာ အရင်ဆုံးသံသယရှိခဲ့တဲ့ အိုဟိုင်းရိုးလူသတ်မှုကို မငြင်းဘဲကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။ ဆက်လက်စစ်ဆေးလိုက်တဲ့အချိန်မှာတော့ အဲဒီလူသတ်မှုအပြင် နောက်ထပ် လူသတ်မှုပေါင်း ရာနီးပါးအထိ ကျူးလွန်ခဲ့တာဖြစ်နိုင်ကြောင်း တွေ့သွားကြပါတယ်။

READ
(၅.၁.၁၉) မှ (၁၁.၁.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

အမှုစစ်နေတုန်းခန့်မှန်းမိရသလောက်တော့ Samuel Little ဟာ ၁၉၇၀ ခုနှစ်လောက်ကတည်းကစတင်ကာ အိုဟိုင်းရိုး၊ လော့စ်အိန်ဂျလိစ်နဲ့ တက္ကဆက်အပါအဝင် တခြားပြည်နယ်ပေါင်း ၁၄ ခုလောက်မှာ လူသတ်မှုပေါင်း ၆၀ ကျော်ကို ကျူးလွန်ခဲ့သူတစ်ယောက်ပါ။ သတ်ခဲ့သမျှသားကောင်းတိုင်းဟာ အမျိုးသမီးတွေချည်းဖြစ်ပြီး ပြစ်မှုပေါင်း ၆၀ ကျော်မှာ အမျိုးသမီးပေါင်းအယောက် ၉၀ ထက်မနည်းကို သတ်ပစ်ခဲ့တာ သေချာသလောက်ရှိနေခဲ့ပါပြီ။

Wise County Police

ဒါကြောင့် Samuel Little ရဲ့သားကောင်ဖြစ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အထိ သေဆုံးတဲ့အကြောင်းအရင်း မယ်မယ်ရရမသိသေးတဲ့ နစ်နာသူမိသားစုတွေဖို့ အမှုတွေကိုတတ်နိုင်သလောက်ခပ်မြန်မြန်စစ်ဆေးသွားမယ်လို့ ရုံးချိန်းစစချင်း ဒီအမှုကိုတာဝန်ယူထားခဲ့တဲ့ တက္ကဆက်ရဲ့ Ector ခရိုင်တရားသူကြီး Bobby Bland က ပြောထားခဲ့ပါတယ်။

Wise County Police

Samuel Little ဟာ သူ့ရဲ့သားကောင်တွေကို လည်ပင်းညှစ်တာသော်လည်းကောင်း တစ်ခုခုနဲ့ဖိပြီးသော်လည်းကောင်း သတ်လေ့ရှိပြီး အမြဲတမ်းလိုလို အမှုစစ်တွေကိုမျက်စိလည်စေဖို့အတွက် အမျိုးသမီးတွေဟာ ဆေးလွန်ပြီးပဲ အသက်ဆုံးရှုံးသလို၊ သူ့ဟာသူ့မတော်တဆကြောင့် သို့မဟုတ် ရောဂါဖောက်ပြီးပဲ သေဆုံးသလိုလိုနဲ့ ပိပိရိရိကိုဖုံးဖိခဲ့တာပါ။ ဒါပေမဲ့လည်း အမှုစစ်တဲ့နည်းလမ်းတွေဟာ တဖြေးဖြေးတိုးတက်လာပြီဖြစ်တာကြောင့် Samuel Little ရဲ့ လုပ်ရပ်တွေကို ပထမဆုံးသတိထားမိခဲ့တဲ့ အမှုကတစ်ဆင့် ဘူးပေါ်သလိုပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

READ
ကိုယ့်အမြီးကိုယ် ပြန်ကိုက်ဖြတ်ခဲ့တဲ့ အာဟာရပြတ်နေတဲ့ ခြင်္သေ့ကြီးတစ်ကောင်

အမှုကိုစစ်နေတာ ၂၀၁၄ ခုနှစ်ကတည်းကဖြစ်ပြီး အခုဆိုရင်တော့ ၅ နှစ်လောက်တောင်ကြာနေပြီပဲဖြစ်ပါတယ်။ ခန့်မှန်းချေအရ အယောက် ၉၀ ထက်မနည်းလို့ ခန့်မှန်းထားခဲ့ပေမယ့် တိတိကျကျသိခဲ့ရတဲ့အမှုပေါင်းကတော့ ၁၉၈၀ ခုနှစ်လောက်ကစပြီး အယောက် ၄၀ လို့ပဲ သိထားခဲ့ပါသေးတယ်။ ဖလော်ရီဒါ၊ ကက်နကီ၊ လူဝီဇီယားနား၊ မစ္စစ္စပီ၊ မစ္စိုရီ၊ အိုဟိုင်းရိုးနဲ့ ဂျော်ဂျီယာ၊ တက္ကဆက်စတဲ့ပြည်နယ်တွေမှာ အမှုကျူးလွန်ခဲ့တာ သေချာသွားခဲ့ပါပြီ။ Samuel Little ရဲ့ အမှုကိုတော့ ဆက်လက်စစ်ဆေးဦးမှာဖြစ်ပြီး ဘယ်လိုအချိန်မျိုးတွေမှာ ဘယ်နယောက်သတ်ခဲ့တယ်ဆိုတာ ထပ်ပြီး ပေါ်ပေါက်လာဦးမလဲဆိုတာကိုတော့ စိတ်ဝင်စတားနဲ့စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Penny

 

SHARE