Spider Man ရုပ်ရှင်အသစ် ပိုစတာရဲ့ လွဲမှားမှုတစ်ခုကြောင့် ပေါက်ကွဲနေတဲ့ Fury ကြီး

၂၀၀၈ ခုနှစ်ကတည်း အခုထိ Marvel ရုပ်ရှင်တွေထဲ Nick Fury နေရာမှာ သရုပ်ဆောင်တဲ့ Samuel L. Jackson ဟာ ရုပ်ရှင်ကားအသစ် ပိုစတာမှာပါတဲ့ သူရဲ့ ရုပ်ပုံ အလွဲကြီးကြောင့် အလွန် မကျေမနပ်တွေဖြစ်နေခဲ့ပါတယ်။

THR ရဲ့ ဖော်ပြမှုအရတော့ အသစ်ထွက်ရှိလာမယ့် Spider-Man: Far From Home ပိုစတာမှာ Nick Fury ရဲ့ မျက်လုံးအကာဟာ ဘက်မှားနေခဲ့တာဖြစ်ပါတယ်။ ဒါ သိပ်တော့ ပြဿနာမရှိပေမယ့် Jackson က အဲ့ဒီ့ လွဲချော်မှုကို အင်စတာဂရမ် အကောင့်ကနေတစ်ဆင့် ထောက်ပြပြောဆိုခဲ့ပါတယ်။

 

 

View this post on Instagram

 

Uhhhhhhh, What In The Actual FUCK IS GOING ON HERE???!!! #headsgonroll #lefteyemuthafukkah

A post shared by Samuel L Jackson (@samuelljackson) on

မျက်လုံးအကာက ဘယ်ဘက်မျက်လုံးကို အုပ်ထားရမှာဖြစ်ပြီး ဘယ်လို ထိခိုက်ခဲ့တဲ့ဆိုတာကိုလည်း Captain Marvel မှာ ဖော်ပြခဲ့ပါတယ်။ ဆရာကြီးနေရာကသရုပ်ဆောင်တဲ့ သူ့အတွက်တော့ ဒီ လွဲချော်မှုဟာ လက်ခံနိုင်စရာ မရှိတဲ့ပုံပါပဲ။ Spider-Man: Far From Home ကတော့ လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပြီး End Game ပြီးတဲ့နောက်မှာ ပထမဆုံးထွက်ရှိလာမယ့် MCU ရဲ့ လှုပ်ရှားမှုပါပဲ။

READ
ဓာတ်ပုံထဲမှာကောင်မလေးဘယ်နှယောက်ပါလဲ? (တော်တော်များများမှားဖြေပါတယ်)

Matthew (ShweMOM)

 

SHARE