ဒေါ်လာ(၁၃၀,၀၀၀) နဲ့ အစောင့်လုပ်ဖို့ လူခေါ်နေတဲ့ ကယ်လီဖိုးနီးယားက မီးပြတိုက်

ဆန်ပါဘလိုပင်လယ်အော်ထဲက အီဒယ်လစ်ခ်ကျွန်းမှာ East Brother Light Station အမည်ရတဲ့ မီးပြတိုက် ဟိုတယ်လေး ရှိပါတယ်။ ဆန်ပါဘလိုပင်လယ်အော်ဟာ ဆန်ဖရန်စစ္စကိုပင်လယ်အော်ရဲ့ တစ်စိတ်တစ်ဒေသသာ ဖြစ်ပါတယ်။ အခုအခါ East Brother Light Station ဟာ မီးပြတိုက်နဲ့ မီးပြတိုက်ထဲဖွင့်ထားတဲ့ ဟိုတယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လူနှစ်ဦးခေါ်ယူနေပါတယ်။ နှစ်ဦးပေါင်းရဲ့ လစာငွေ ဒေါ်လာ(၁၃၀,၀၀၀) (မြန်မာငွေ သိန်းနှစ်ထောင်ကျပ်ဝန်းကျင်) ဖြစ်ပြီး ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။

East Brother Light Station ဟာ (၁၈၇၄) ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ မီးပြတိုက်ပါ။ ဆန်ဖရန်စစ္စကိုတစ်ဝိုက်က မှုန်မှိုင်းရီဝေနေတဲ့ ရေထုထဲမှာ သင်္ဘောသားတွေ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်အောင် East Brother Light Station က ကူညီပေးပါတယ်။ သူ့ကို အမေရိကန်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့က ပိုင်ပြီး East Brother Lighthouse ကုမ္ပဏီက ထိန်းသိမ်းပေးထားပါတယ်။

READ
ညီမအရင်းနဲ့ ကလေးယူမယ့်အစီအစဉ်ကို ရှင်းပြခဲ့တဲ့အမျိုးသား
Credit: Almonroth

ကယ်လီဖိုးနီးယားမြို့ဝန်ဖြစ်တဲ့ ရစ်ခ်မွန်းကတော့ အရင်တုန်းက မီးပြတိုက်ကို အသုံးမပြုပဲ စွန့်ပစ်ထားခဲ့ပြီး အခုအခါမှာတော့ မီးပြတိုက်ကို ပြန်လည်ထိန်းသိမ်းထားတဲ့အနေနဲ့ တည်းခိုဆောင်ဖွင့်ထားခြင်းဖြစ်ကြောင်း ဆိုပါတယ်။ East Brother Light Station ဟာ ကျွန်းပေါ်မှာတော့ မီးပြတိုက်ထဲမှာ တည်းခိုဆောင်လေး ဖွင့်ထားပြီး မနက်စာ အစားအသာက်ပါရနိုင်တဲ့ တစ်ခုတည်းသော နေရာလေး ဖြစ်ပါတယ်။

Richmond Standard

၎င်းဟိုတယ်လေးမှာ တည်းတဲ့အခါ ထူးခြားတဲ့ အတွေ့အကြုံတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ ရေအတက်အကျပေါ်မူတည်ပြီး တစ်ခါတစ်လေမှာ အမြင့်(၁၂) ပေရှိတဲ့ ဒီရေလှိုင်းတွေကိုလည်း ကြုံနိုင်ပါသေးတယ်။ ဟိုတယ်မှာ  အခန်း(၅) ခန်းပဲပါပြီး ဟိုတယ်က တည်ခင်းတဲ့ မနက်စာဟာ အထူးကောင်းမွန်တယ်လို့ ကျော်ကြားပါတယ်။ ဟိုတယ်က ရလာတဲ့ ပိုက်ဆံတွေကိုတော့ မီးပြတိုက်ကို ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုတယ်လို့လည်း သိရပါတယ်။

CREDIT: Almonroth

လက်ရှိမှာတော့ မီးပြတိုက်မှာ ၀န်ထမ်းအသစ်နှစ်ဦး လိုအပ်နေပါတယ်။ လျှောက်ထားသူတွေအနေနဲ့ အမေရိကန် ကမ်းခြေတပ်ဖွဲ့က ပေးအပ်ထားတဲ့ တရားဝင်စက်လှေမောင်းခွင့်လိုင်စင်တော့ လိုအပ်ပါတယ်။ ဒါ့အပြင် မီးပြတိုက်မှာ လာတည်းခိုတဲ့သူတွေကို အရည်အသွေးမြင့် အစားအသောက်တွေ တည်ခင်းဧည့်ခံနိုင်ရမယ့်အပြင် မီးပြတိုက်ရှိရာ ကျွန်းနဲ့ ကုန်းပေါ်ကို ဖယ်ရီပို့ဆောင်ပေးနိုင်မယ့်သူလည်း ဖြစ်ဖို့လိုကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)
Ref: CNN
SHARE