အစားအစာတွေကို ပန်းကန်နဲ့မချပဲ iPadတွေနဲ့ချပေးတဲ့ စားသောက်ဆိုင်

နေရာတိုင်းမှာ နေရာယူလာတဲ့ နည်းပညာဟာ အခုဆိုရင်တော့ စားပွဲဝိုင်းတွေမှာ ပါ နေရာယူလာပြီလို့ ပြောလို့ရနေပါပြီ။စန်ဖရန်စစ်စကိုမှာရှိတဲ့ Quince ဆိုတဲ့ စားသောက်ဆိုင်မှာဆိုရင်တော့ စားစရာတွေကို  ပန်းကန်နဲ့ချ မပေးပဲ Apple iPads တွေပေါ် တင်ပြီး တည့်ခင်းပေး တာဖြစ်ပါတယ်။

quince-restaurant

စားသောက်ဆိုင်တွေမှာ အရင်ကလို menu books တွေအစား tablets တွေ ကို အသုံးပြုတာ၊app-powered ကိုသုံးတဲ့ မှာတဲ့စနစ် ၊ငွေပေးချေစနစ်တို့ကို အသုံးပြုတာကိုတော့ တွေ့ဖူးပေမယ့် iPads ကိုပန်းကန်လုပ်တည်ခင်းတာမျိုး ကတော့ရှားပါးခဲ့ပါတယ်။ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ စားသောက် ဆိုင်တွေဟာ နည်းပညာဝါသနာအိုးတွေကို စွဲဆောင်ဖို့ အစားအစာတွေကို tablet ပန်းကန်ပြားတွေပေါ်တင်ပြီး တည်ခင်းလာကြပါတယ်။Quince စားသောက်ဆိုင်မှာ တည်ခင်းတဲ့ iPads ပန်းကန်ပြားတွေ ကိုတော့ “A Dog in Search of Gold” လို့ခေါ်ပြီး ခွေးတစ်ကောင် အနံ့ခံနေတဲ့ ဗီဒီယိုဖိုင်ကို iPads တွေပေါ်မှာ ဖွင့်ထားပါတယ်။

READ
ဗက်တီးရီးယားတွေကို သတ်ပေးနိုင်တဲ့ 'digital sanitiser' ကို ဖန်တီး

Quince-ipad-plates2

ဆိုင်ထဲမှာတော့ iPads အခု(၂၀)ရှိပြီး သေတ္တာ Box ထဲမှာထည့်ပေးတာဖြစ် တာကြောင့် အစားအစာတွေ  ဟာ iPads ရဲ့ မျက်နှာပြင် တွေနဲ့ တကယ်မထိ ပါဘူး။Quince ဟာ tablets တွေကို ပန်းကန်ပြားအဖြစ် အသုံးပြုတဲ့ ပထမဆုံး အမေရိကန် စားသောက်ဆိုင်ဆိုပေမယ့် ကမ္ဘာပေါ်မှာ ဆိုရင်တော့ ပထမဆုံး မဟုတ်ပါ ဘူး။ဗြိတိန်မှာရှိတဲ့ စားသောက်ဆိုင်တွေဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက် တည်းက tablets တွေ ကိုပန်းကန်ပြားအဖြစ် အသုံးပြုနေခဲ့တာလို့ Daily Mail မှာဖော်ပြခဲ့ပါတယ်။ဒါ့အပြင်စပိန်နိုင်ငံ San Sebastian မြို့မှာရှိတဲ့ Arzak စားသောက်ဆိုင်မှာဆိုရင်လည်း  iPads တွေကို ဖန်ပန်းကန်ပြားတွေနဲ့အုပ်ပြီး တည်ခင်းဧည့်ခံတယ်လို့ သိရပါတယ်။

Ref;odditycentral

SHARE