(၅)လအတွင်း ပေါင်(၃၀၀)ကနေ (၁၅၉)ပေါင်အထိ ၀ိတ်ချနိုင်ခဲ့တဲ့ ဆန်းလင်းထွန်း

အရမ်းဝနေလို့ စိတ်ညစ်နေပါပြီ။ဒီတစ်သက်ဝိတ်ကျပါအုံးမလား ဆိုပြီး စိတ်ပျက်အားလျော့နေပြီလား..? ဘယ်လောက်ပဲ ၀၀ တကယ်ပဲ ၀ိတ်ကျချင်တဲ့ စိတ်ဆန္ဒပြင်းပြင်းပြပြရှိမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။မဖြစ်သေးတာပဲ ရှိတာ ပါ။(၂၀၁၉)မှာ ၀ိတ်ကျချင်ပါပြီဆိုတဲ့ သူတွေ အားကျအတုယူသင့်တဲ့ ဆန်းလင်းထွန်းရဲ့ အကြောင်း ကို ဖော်ပြ ပေးချင်ပါတယ်။ ဆန်းလင်းထွန်း ကတော့ အချိန်(၅)လအတွင်းမှာ ပေါင်ချိန် (၁၅၉)ပေါင် ၀ိတ်ချပြခဲ့သူပါ။

ဆန်းလင်းထွန်းကတော့ Channel ME ရဲ့Reality TV Showဖြစ်တဲ့”Lose2Win with Andy ” အစီအစဉ် ရဲ့ ပြိုင်ပွဲ ၀င်တစ်ယောက်ပါ။့”Lose2Win with Andy ” ကတော့ ဆရာ Andy ရဲ့ လမ်းညွှန်မှုနဲ့ အတူ တကယ်ပဲ ၀ိတ်ချ ချင်တဲ့ စိတ်ရှိသူတွေကို  body transformation လုပ်ပေးနေတဲ့ အစီအစဉ်ကောင်း တစ်ခုပါ။

ပြိုင်ပွဲကို စတင်ဝင်ရောက်ယှဉ်ပြိုင်စဉ်က ဆန်းလင်းထွန်း  ရဲ့ ကိုယ်အလေးချိန်က (၃၀၁.၂)ပေါင်ပါ။အဲ့ဒီ ကနေမှ မဆုတ်မနစ်တဲ့ ဇွဲနဲ့ ဆရာ Andy ရဲ့ လမ်းညွှန်မှုတွေကို အသေအချာလိုက်နာခဲ့တဲ့ အတွက် နောက်ဆုံးမှာ ပေါင် ချိန် (၁၅၉.၄)ပေါင်အထိ ၀ိတ်ချနိုင်ခဲ့ပါတယ်။

READ
ဝိုင်နီကို တစ်နေ့တစ်ခွက်သောက်ခြင်းဖြင့် ရင်သွေးရဖို့အခွင့်အလမ်းပိုများ

သူ့ရဲ့ ကြိုးစားမှုတွေကြောင့် Lose2Win with Andy (Season-2) ရဲ့ Winnerဆုကို ထိုက်ထိုက်တန်တန် ရရှိ ပိုင် ဆိုင်ခဲ့ပါတယ်။ဆန်းလင်းထွန်း ကတော့ သရုပ်ဆောင် မိုးယုစံရဲ့ မောင်လေးပါ။မိုးယုကလည်း ဇွဲ ကောင်း လွန်း တဲ့ သူမရဲ့ မောင်လေး အတွက် အရမ်းကို ဂုဏ်ယူနေတာကို တွေ့ရပါတယ်။

ဆန်းလင်းထွန်း တစ်ယောက် လက်ရှိ Body ကို မျက်လှည့်ပြလိုက်သလို ဘယ်လို ပြောင်းလဲ လိုက်သလဲ ဆိုတာကို ဗီဒီယိုဖိုင်နဲ့ တကွ ဖော်ပြပေး လိုက်ပါတယ်။

San Lin Tun's Background Story

ဆန်းလင်းထွန်းတစ်ယောက် ပြိုင်ပွဲကိုလာရောက်ယှဉ်ပြိုင်ကတည်းကကော ပြိုင်ပွဲတစ်လျှောက်လုံးကော တဖွဖွပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Lose2Win with Andy Season I ရဲ့ Winner ကျော်မင်းသူက သူလေးစား အားအကျရဆုံး လူပါတဲ့။ လက်ရှိ Top Three Finalist အဖြစ်ရပ်တည်နေတဲ့ ဆန်းလင်းထွန်းတစ်ယောက် သူလေးစားအားကျရတဲ့ ကျော်မင်းသူလို Winner ဖြစ်သွားနိုင်မလား ???? ဒီအဖြေကိုတော့ ဒီနေ့ည (၇) နာရီတိတိမှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမယ့် Lose2Win with Andy Sesaon II Grand Finale မှာ စောင့်ကြည့်ကြရအောင်နော်။“ အလှတရားနဲ့အနာဂတ်ကို လျှောက်လှမ်းနိုင်ဖို့….. Lose2Win with Andy”#MRTVEntertainment#L2WWA#Lose2WinwithAndy#Pocarisweatmyanmar#Pocarisweatmm#MyanmarEnervonC#phshospitals#SearaSportsMyanmar#LocaleCafeMyanmar#StarCityThanlyin#biooilmyanmar

Posted by Lose2Win with Andy on Thursday, December 27, 2018

Source Lose2Win with Andy/San Lin Tun

SHARE