အသက်ဝင်လွန်းတဲ့ သဲပန်းပုတွေကြောင့် နာမည်ကြီးနေတဲ့ ပန်းပုပညာရှင် အမျိုးသား

[email protected] Bastarrika

သဲတွေကို လူတွေကတော့ ရိုးရိုးသဲတွေလို့ပဲ မြင်မှာပါ။ ဒါပေမယ့် Andoni Bastarrika လို့ အမည်ရတဲ့ အမျိုးသားကတော့ သဲတွေကို သဲလို့ မမြင်ပါဘူး။ တန်ဖိုးရှိတဲ့ အနုပညာပစ္စည်းတွေလို့ပဲ မြင်ပါတယ်။

သဲပန်းပုပြုလုပ်တာကိုတော့ လူတိုင်းက လွယ်ကူတယ်လို့ပဲ မြင်နေမှာပါ။ ဒါပေမယ့် ငယ်ငယ်တုန်းက ကျွန်တော်တို့ ကမ်းခြေသွားရင် ကမ်းခြေက သဲတွေကို ခြေထောက်ပေါ်မှာ ပုံပြီးတော့ သဲအိမ်လေးဆောက်ဖဲ့ဖူးကြမှာပါ။ အဲဒီသဲအိမ်လေးတောက် အခန့်မသင့်ရင် ပြိုကျသွားတတ်တာ များပါတယ်။ အဲဒီထက် အဆပေါင်းများစွာကြီးတဲ့ သဲပန်းပုကြီးတွေဆို ဘယ်လောက်တောင်ခက်မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါတော့။

ဒီလို သဲပန်းပုကို Andoni တစ်ယောက် စလုပ်ခဲ့တာကတော့ ၂၀၁၀ ခုနှစ်လောက်ကတည်းပါ။ Andoni တစ်ယောက် စလုပ်ခဲ့တဲ့ သဲပန်းပုကတော့ ရေသူမပုံစံတူလေးပဲ ဖြစ်ပါတယ်။ အဲဒီရေသူမပုံစံ သဲပန်းပုလုပ်ပြီးနောက်ပိုင်း Andoni တစ်ယောက် အဲဒီသဲအနုပညာကို စိတ်ဝင်စားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ Andoni တစ်ယောက် ခရီးထွက်ဖြစ်တိုင်း ပင်လယ်ကမ်းခြေတွေကိုပဲ အများဆုံး ခရီးထွက်ခဲ့ပြီး ရောက်သမျှကမ်းခြေတိုင်းမှာ သူ့ရဲ့ သဲအနုပညာလက်ရာကို ပုံဖော်ခဲ့ပါတယ်။ များသောအားဖြင့် သူထုလုပ်တဲ့ သဲပန်းပုတွေကတော့  တိရစ္ဆာန်ပုံလေးတွေပဲ များပါတယ်။

READ
ရိုးရိုးတမ်းတမ်းရိုက်လိုက်ပေမယ့် အလယ်ခေတ်ကာလ အနေအထားနဲ့ ထွက်လာတဲ့ပုံများ
Andoni Bastarrika
Andoni Bastarrika

“ကျွန်တော်အဲဒီလို သဲရုပ်တုလေးတွေ လုပ်ရရင် တော်တော် ပျော်တယ်ဗျ။ ဒီရုပ်တုတွေကလည်း ကမ်းခြေတွေမှာပဲ လုပ်လို့ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ကမ်းခြေမှာက အစိုဓာတ်ရှိတော့ လုပ်ရကိုင်ရတာ ပိုအဆင်ပြေပါတယ်။ နောက်ပိုင်းမှာလဲ ကျွန်တော်ဒီထက်ပိုပြီး ကြိုးစားသွားအုံးမှာပါ။ ဒီထက်ကြီးတဲ့ သဲပန်းပုတွေကို ပြုလုပ်သွားမှာပါ” လို့ Andoni က Bored Panda သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Andoni Bastarrika

Pyi Hein Kyaw

SHARE