တွေ့ရခဲတဲ့ စပါးကြီးမြွေတို့ရဲ့သဘာဝ ကလေးမွေးပုံအဆင့်အဆင့်

Elite Readers

လူတော်တော်များများဟာ မြွေလို့ ဆိုလိုက်တာနဲ့ ဥဥပြီးမှ အဲဒီဥထဲက အကောင်ပေါက်တာလို့ စိတ်ထဲတန်းထင်ကြမှာပါ။ မြွေတွေဟာ တွားသွားသတ္တဝါတွေဆိုတာ မှန်ကြပေမယ့် တချို့မြွေ အမျိုးအစားတွေ ကျပြန်တော့ ကလေးမွေးတဲ့အခါ အခြားနို့တိုက်သတ္တဝါတွေလို အကောင်လိုက် မွေးတတ်ကြပါတယ်။

Elite Readers

တွားသွားသတ္တဝါတွေဖြစ်တဲ့ မြွေပွေး၊ Garter မြွေ၊ Skink အမည်ရှိ မြွေများနဲ့ Jackson’s Chameleon အမည်ရှိ ပုတ်သင်ညို အမျိုးအစားများဟာလည်း အကောင်လိုက် သားမွေးတဲ့ သတ္တဝါတွေပါ။

Elite Readers

အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုကတော့ Reptile Collective ဆိုတဲ့ Facebook page မှဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်တွေတုန်းက တင်ထားခဲ့တာပါ။ မြွေဥထဲမှ မြွေပေါက်လေးတွေထွက်လာတာ မြင်ဖူးကြပေမယ့် မြွေမိခင်မှ သားပေါက်လေးတွေကို အရှင်လိုက်မွေးထုတ်ပုံကိုတော့ တော်တော်များများ မြင်ဖူးတွေ့ဖူးကြမယ်မထင်ပါဘူး။

Elite Readers

ဒီဗီဒီယိုဟာ မူရင်း page မှာတော့ ကြည့်ရှုသူ သန်းနဲ့ချီနေပြီး စပါးကြီးမြွေရဲ့မျိုးပွားအင်္ဂါကနေ အကောင်ပေါက်လေးတွေမွေးထုတ်တာကို ရှင်းရှင်းလင်းလင်းမြင်ရမှာပဲဖြစ်ပါတယ်။

Elite Readers

စပါးကြီးမြွေတွေဟာ Hemisphere တောင်ပိုင်းနဲ့ အီကွေတာအနီးအနား၊ အထူးသဖြင့် အပူပိုင်းဇုန်နားတွေမှာ အများဆုံးတွေ့ရတတ်တဲ့ မြွေအမျိုးအစားတွေဖြစ်ပါတယ်။ အဆိပ်မရှိတဲ့အတွက် တစ်ဖက်သတ္တဝါကို သေစေနိုင်မှာမဟုတ်ဘူးလို့ လျှော့်မတွက်စေချင်ပါဘူး။ စပါးကြီးမြွေတွေဟာ သားကောင်ကို တိတ်တဆိတ်ထောက်လှမ်းပြီးကာမှ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ အသက်သေစေတဲ့အထိ ညှစ်သတ်တတ်ကြပါတယ်။

READ
အိန္ဒိယလူမျိုးများ တင်ထားတဲ့ ကမ္ဘာ့စံချိန်မှတ်တမ်းများ
Elite Readers

အသက် (၂) နှစ်မှ (၃) နှစ်သို့ရောက်တဲ့အခါ မျိုးအောင်နိုင်ပြီး သားပေါက်လေးတွေမွေးဖို့အတွက် မိခင်ဝမ်းထဲမှာ အချိန် (၄) လအောင်းနေတတ်ပါတယ်။ တစ်ကြိမ်သားမွေးတဲ့အခါ အများဆုံး (၅) ကောင်မှ (၁၂) ကောင်အထိ မွေးဖွားနိုင်ပြီး မွေးမွေးပြီးချင်းမှာပဲ မိခင်ရဲ့အကူအညီမလိုအပ်ဘဲ နေနိုင်နေပါပြီ။

Elite Readers

အဆိပ်မရှိတဲ့အတွက်ကြောင့် စပါးကြီးတွေကို အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် မွေးမြူတတ်ကြပါသေးတယ်။

Always cool to witness live birth.* Jukin Media Verified *Find this video and others like it by visiting https://www.jukinmedia.com/licensing/view/968627For licensing / permission to use, please email licensing(at)jukinmedia(dot)com.

Posted by Reptile Collective on Friday, August 25, 2017

Source: Elite Readers

READ
သမိုင်းထဲက အမျိုးသမီးအချင်းချင်း စိန်ခေါ်တိုက်ခိုက်ခဲ့ကြတဲ့ စီးချင်းတိုက်ပွဲများ

Penny

 

SHARE