တိုက်ခိုက်ဖို့ သဲထဲ ပုန်းပြီး စောင့်နေတတ်တဲ့ ကြောက်စရာ ပင့်ကူမျိုးစိတ်တစ်မျိုး

ပင့်ကူတွေဟာ ကြောက်စရာလည်း ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းတဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဒီခြေရှစ်ချောင်း သတ္တဝါတွေ အကြောင်းကိုလည်း တစ်နေ့တစ်မျိုး မရိုးရအောင် အသစ်အဆန်းတွေ သိသိလာကြရပါတယ်။ ဗြိတိန် အဆိုတော်မလေး Katie Melua ရဲ့ နားထဲမှာ ဝင်နေခဲ့တဲ့ ပင့်ကူပျံအကြောင်း၊ ဂြိုဟ်တစ်ခုလုံးကို ပတ်လို့ရလောက်အောင် ရှည်တဲ့ ပင့်ကူမျှင်တွေက အလေးချိန် (၁) ပေါင်လောက်ပဲ လေးတယ်ဆိုတဲ့ အကြောင်း စသဖြင့် အံ့အားသင့်စရာ ၊ အသည်းယားစရာ အကြောင်းတွေ များစွာပါပဲ။

ViralHog

အခုတစ်ခါ သိရမယ့် ပင့်ကူအကြောင်းကတော့ သဲပင့်ကူပါတဲ့လေ။ ၎င်းဟာ ပင့်ကူမျိုးစိတ်တွေထဲမှာမှ ထူးထူးဆန်းဆန်း အနွယ်ဝင်တွေလို့ ပြောလို့လည်း ရပါတယ်။ သူတို့ဟာ သူတို့ရဲ့ သားကောင်ကို တိုက်ခိုက်ဖို့ သဲတွေထဲမှာ ပုန်းပြီး စောင့်နေတတ်ပါတယ်။ တကယ့်ကို သွေးအေးမုဆိုးတွေပါပဲ။ အသည်းယားစရာကောင်းစွာပဲ သူတို့ကိုယ်ပေါ်မှာ သဲတွေကို ကပ်နေစေပြီး သားကောင်ကို မတွေ့ခင်အချိန်ထိ ရုပ်ဖျက်ထားတတ်ကြတာပါ။

READ
အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ လူသိနည်းသေးတဲ့အကြောင်း (၅)ခု

မျက်လုံး (၆) လုံး ဂဏန်းပင့်ကူလို့လည်း ခေါ်ကြတဲ့ သဲပင့်ကူတွေဟာ အစာမစားဘဲလည်း တစ်နှစ်လောက်နေနိုင် အသက်ရှင်နိုင်ပြီး သဲကန္တာရတွေနဲ့ သဲပေါများတဲ့ ဒေသများရှိရာ တောင်အာဖရိကလို နေရာမျိုးတွေများ ပေါက်ပွားတတ်ကြပါတယ်။ ကြောက်စရာအကောင်းဆုံးကတော့ သူတို့ရဲ့ အဆိပ်ဟာ အသက်သေစေနိုင်တယ်ဆိုတာပါ။ ဒါပေမယ့်လည်း ၎င်းလို အန္တရာယ်ရှိတဲ့ သတ္တဝါကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးထားသူရှိနေပါသေးတယ်။ ဖင်လန်နိုင်ငံသားတစ်ယောက်ပါ။ သူ့ရဲ့ သဲပင့်ကူလေးကို ဗီဒီယိုရိုက်တင်ထားတဲ့ ပိုင်ရှင်ကတော့ “ဒါ ကျွန်တော်မွေးထားတဲ့ သဲပင့်ကူလေး Sicarius Terrosus လေ.. သူ သဲတွေကြားထဲမှာ ပုန်းနေတတ်ပုံက တော်တော်ချစ်စရာကောင်းပါတယ်” လို့ ပြောထားပါသေးတယ်။

ViralHog

ပင့်ကူချစ်တတ်တဲ့ ရှားရှားပါးပါး လူထူးဆန်းတွေကတော့ အခုလိုပဲ ကောမန့်ထားကြပါသေးတယ်။ “ကိုယ်ပြောမယ့် စကားကိုတောင် ကိုယ်မယုံနိုင်ဘူး၊ ပင့်ကူလေးက ချစ်စရာကောင်းလိုက်တာ” “ဒီဗီယိုကို ခဏခဏ ပြန်ကြည့်မိနေတယ်၊ ပင့်ကူတစ်ကောင်းက ဒီလောက်ချစ်စရာကောင်းမယ်လို့ မထင်ခဲ့မိဘူး” စသဖြင့် ရေးသားထားကြပါတယ်။ The Washington Post သတင်းဌာနအရ Philadelphia အင်းဆက်ပြတိုက်ကနေ သူခိုးတွေက အင်းဆက်ပေါင်း ၇,၀၀၀ ကျော်ကို ခိုးယူသွားခဲ့ကြပြီး ထိုအထဲမှာ သဲပင့်ကူတွေလည်း ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။ အပြင်မှာ များစွာ ပေါက်ပွားနေနိုင်လို့ အမေရိကန်တွေအတွက်တော့ သဲတွေထဲ သွားရင် သတိထားဖွယ်ရာပါပဲ..။

READ
ဆန်စပါးထုတ်လုပ်မှုအများဆုံး ကမ္ဘာ့ထိပ်သီး(၁၀)နိုင်ငံ

Ref: Unilad

SHARE