စိတ်ကူးထဲကချစ်သူအကြောင်းအသေးစိတ်ပြောပြသွားတဲ့ Sandara Park

ဖိလစ်ပိုင်က Interview တစ်ခုမှာ Sandara Park ကိုသူမရဲ့စိတ်ကူးထဲကချစ်သူပုံစံနဲ့ပတ်သတ်ပြီးမေးမြန်းခဲ့ပါတယ်။

ဒီအချိန်မှာ Dara ပြန်ဖြေခဲ့တာက သူမဟာသူမလိုမျိုး Music နဲ့ Fashion ကိုစိတ်ဝင်စားပြီး၊ကြောင်လေးတွေကိုချစ်တတ်တဲ့ယောက်ျားလေးမျိုးကိုသဘောကျကြောင်းပြောပြခဲ့ပါတယ်။

ရုပ်ရည်ပိုင်းမှာဆိုရင်လည်း Muscle တွေနဲ့တောင့်တင်းတဲ့ပုံမျိုးထက် သေးသေးသွယ်သွယ်နဲ့ချစ်ဖို့ကောင်းတဲ့ပုံမျိုးကိုပိုသဘောကျတယ်လို့ဆိုပါတယ်။

သူမပြောပြတဲ့အချက်တွေဟာ YG Entertainment ရဲ့ Star တစ်ယောက်ဖြစ်တဲ့ G-Dragon ပုံစံနဲ့သွားတူနေတာကြောင့် Dara ရဲ့စိတ်ကူးထဲကချစ်သူဟာ GD များလားလို့မေးလိုက်တဲ့အခါမှာတော့ GD ဟာသူမအတွက်တော့အစ်ကိုတစ်ယောက်လိုသာဖြစ်ကြောင်းပြောပြသွားခဲ့ပါတယ်။

ဖိလစ်ပိုင်မင်းသား Robi Domingo နဲ့ပတ်သတ်ပြီးမေးမြန်းတဲ့အခါမှာလည်း Robi ဟာသူမအတွက်တော့ ရိုးရိုးသူငယ်ချင်းတစ်ယောက်ပါပဲလို့ပြောပြခဲ့ပါတယ်။

အခုထိ Single ဖြစ်နေရတဲ့အကြောင်းနဲ့ပတ်သတ်ပြီးမေးမြန်းတဲ့အခါမှာလည်း သူမဟာအချစ်ရေးရာကိုငြီးငွေ့နေခဲ့ပြီဖြစ်ကြောင်း၊ နောက်ထပ်ရည်းစားတစ်ယောက်ကိုထပ်ရှာလိုစိတ်မရှိကြောင်းဝန်ခံခဲ့ပါတယ်။

သူမဟာခုလောလောဆယ်မှာတော့သူမရဲ့ချစ်စရာကြောင်လေးတွေနဲ့အချိန်ကုန်ရတာဟာ သူမအလုပ်ကိုအာရုံစိုက်ရတာထက်ပိုပျော်စရာကောင်းကြောင်းပြောပြသွားခဲ့ပါတယ်။

Grinny (Swemom)
Source: Phillipine Daily Inquirer

SHARE