မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှုကြောင့် ၀မ်းသာပီတိဖြစ်ခဲ့ကြောင်း ပြောပြခဲ့တဲ့ Dara

fb page/ Dara Myanmar

Sandara Park ကတော့ တခေတ်တခါက Kpop လောကမှာ အအောင်မြင်ဆုံးအမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့တဲ့ 2ne1 ရဲ့အဖွဲ့ဝင်ဟောင်းတစ်ဦးပါ။ 2ne1 အဖွဲ့ကို ၂၀၁၆ ခုနှစ်မှာဖျက်သိမ်းခဲ့ပြီး အဖွဲ့ဝင်တွေကတော့ အနုပညာလှုပ်ရှားမှုကိုယ်စီလုပ်ဆောင်နေကြပြီး အခုထိလည်းတစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်မပြတ်ရှိနေကြပါသေးတယ်။

fb pgae/2ne1 Myanmar

Sandara Park ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ပတ်သတ်ပြီး သူမရဲ့ခံစားချက်ကို ပြီးခဲ့တဲ့နေ့က တိုက်ရိုက်ထုတ်လွှင့်မူအစီအစဉ် တစ်ခုမှာမျှဝေခဲ့ပါတယ်။ Sandara Park ကတော့ မြန်မာနိုင်ငံကို ၂ ကြိမ်ရောက်ဖူးပါတယ်။ 2ne1 အဖွဲ့မဖျက်သိမ်းခင်တုန်းက တစ်ခါနဲ့ “My Music Teacher, Mingalabar” ရသစုံအစီအစဉ်ရိုက်ကူးတုန်းက တစ်ခါ ၊ စုစုပေါင်း ၂ ကြိမ်ရောက်ဖူးပါတယ်။

“My Music Teacher, Mingalabar” ကတော့  မြန်မာနိုင်ငံက အနုပညာမဖွံ့ဖြိုးသေးတဲ့ ဒေသကကလေးတွေကို kpop star တွေက သီချင်းနဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ သင်ပေးတဲ့ ရသစုံအစီအစဉ်တစ်ခုပါ။ ဒီ အစီအစဉ်မှာတော့ kpop star တွေဖြစ်တဲ့  Kim Jae Hwan,Yoon Do Hyun, Sandara Park, B1A4’s Sandeul နဲ့ Momoland’s JooE တို့ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်ရဲ့ press conference ပွဲကို jan 30 ရက်နေ့ကပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ 18.2.2020 မှစတင်ပြီး အပတ်စဉ် အင်္ဂါ နဲ့ ဗုဒ္ဓဟူးနေ့ ည ၈ နာရီ မိနစ်၅၀ အချိန်တိုင်း Fortune TV ရုပ်သံလိုင်း မှာ ထုတ်လွှင့်ပြသ ပေးသွားမှာဖြစ်ပါတယ်။

READ
Asia Model Awards မှာ ဟန်တီက Asia Model Star Award ဆုရရှိ
ig/@daraxxi
fb page/ Dara Myanmar

မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ပတ်သတ်ပြီး သူမရဲ့ခံစားချက်ကို ဒီလိုပဲပြောပြခဲ့ပါတယ်။ ပထမဆုံး 2ne1 အဖွဲ့နဲ့သွားတုန်းက သူမဖြစ်ပေါ်ခဲ့တဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။ “လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်တုန်းက မြန်မာနိုင်ငံကို 2ne1 အဖွဲ့သွားပြီးတော့ သီချင်းတွေဖျော်ဖြေခဲ့ပါသေးတယ်။ အဲ့တုန်းက  ကျွန်မတို့အဖွဲ့လေဆိပ်ကိုရောက်တော့ ပရိသတ်တွေအများကြီး ကျွန်မတို့ကို စောင့်ကြိုနေတာတွေ့ပြီး အရမ်းကိုဝမ်းသာအံ့သြခဲ့ရပါတယ်။” ဆိုပြီး ပြောခဲ့ပါတယ်။

fb page/2ne1 group

ဆက်လက်ပြီးတော့ သူမက ” အဲ့တုန်းက မြန်မာနိုင်ငံကို သွားရောက်ပြီးသီဆိုဖျော်ဖြေခဲ့တဲ့ kpop star တွေက တော်တော်ရှားတယ်လေ။ ကျွန်မတို့အဖွဲ့သွားရောက်ဖျော်ဖြေခဲ့တုန်းက ပရိသတ်တွေအများကြီး လာရောက်အားပေးခဲ့ကြတဲ့အတွက် အရမ်းပျော်ခဲ့ရတယ်။ အဲ့ဒါကြောင့်လည်း မြန်မာနိုင်ငံကို နောက်ထပ် သွားချင်စိတ်တွေဖြစ်မိတယ်။ အဲ့အချိန် “My Music Teacher, Mingalabar” အစီအစဉ်ကကျွန်မကို ကမ်းလှမ်းလာတော့ မြန်မာနိုင်ငံကပရိသတ်တွေကို ပြန်တွေ့ချင်တဲ့စိတ်နဲ့ လက်ခံဖြစ်ခဲ့တာပါ။” ဆိုပြီးပြောပြခဲ့ပါတယ်။

ig/@daraxxi

Sandara Park ကတော့ “My Music Teacher, Mingalabar” အစီအစဉ်နဲ့မြန်မာနိုင်ငံကို နောက်တကြိမ်ပြန်လာခဲ့တုန်းက ဖြစ်ပေါ်ခဲ့တဲ့ သူမရဲ့ခံစားချက်ကိုလည်း ဆက်လက်ပြီး ပြောပြခဲ့ပါသေးတယ်။ ” လေဆိပ်ကို ရောက်တဲ့အချိန် ပရိသတ်တွေက ကျွန်မနာမည်ရေးထားတဲ့စက္ကူကဒ်တွေထောင်ပြီး ကျွန်မနာမည်ကိုအော်ဟစ်အားပေးနေတာကို တွေ့ခဲ့ရပါတယ်။ 2ne1 အဖွဲ့ကွဲသွားတာတောင်မှ ပရိသတ်တွေက ဆက်လက်အားပေးနေသေးတာကို မြင်ရတော့ ကျွန်မအနေနဲ့အရမ်းကိုပီတီဖြစ်ပြီး ၀မ်းသာရပါတယ်။ ဒီလိုမျိုး နေရာတိုင်းမှာ ပရိသတ်တွေလက်ခံအားပေးမှုရဖို့ဆိုတာ ခက်ခဲတယ်လေ။ ကျွန်မအနေနဲ့ ဒီလို လှိုက်လှိုက်လှဲလှဲအားပေးနေတဲ့ မြန်မာပရိသတ်တွေကိုမြင်ရတာ ကိုယ့်ကိုကိုအရမ်းဂုဏ်ယူမိပါတယ်။ နောက်ပြီး Idol တစ်ယောက်လိုပြန်ဖြစ်သွားပြီး အရင်တုန်းက ကျွန်မကိုပြန်ခံစားစေခဲ့ရပါတယ်။” ဆိုပြီး မြန်မာပရိသတ်တွေနဲ့ပတ်သတ်ပြီး သူမရဲ့ခံစားချက်ကို ရင်ဖွင့်သွားခဲ့ပါတယ်။

READ
ဝေဖန်ခံနေရတဲ့ ရွှေအိမ်စည်ရဲ့ ဝတ်စုံ
fb page/2ne1 Myanmar
soompi
soompi
fb page/2ne1 Myanmar

Sandar Park ကတော့ လက်တစ်လော တစ်ကိုယ်တော် အနုပညာလှုပ်ရှားမူတွေကို ဆက်လက်လှုပ်ဆောင်နေပြီး 2ne1 အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ park bom နဲ့လည်း သီချင်းတွေတူတူတွဲဆိုထားပြီး ပရိသတ်နှစ်ခြိုက်အားပေးမူအများအပြားရရှိခဲ့ပါသေးတယ်။

Soompi

Eaint Thet

 

SHARE