ခင်ပွန်းလောင်းဆီက Valentine’s Day လက်ဆောင်ကြောင့် ပျော်နေတဲ့ စန္ဒီမြင့်လွင်

အဆိုတော်မင်းသမီးချောလေး စန္ဒီမြင့်လွင်ကလည်း သူမရဲ့ ချစ်သူ၊ ခင်ပွန်းလောင်းဆီကနေ Valentine’s Day  လက်ဆောင် ရလိုက်ပါတယ်။ သူမရဲ့ FB ပေါ်မှာ ဖေဖော်ဝါရီလ (၁၄)ရက်နေ့က Post တင်ထားခဲ့ပါတယ်။

 

လက်ဆောင်တွေကတော့ ချစ်သူများနေ့ရဲ့ ချစ်ခြင်းသင်္ကေတ အနီရောင်နှင်းဆီပန်း (၉၉)ပွင့်နဲ့ ဖိနပ်လေးပါ။ အနီရောင် နှင်းဆီ(၉၉)ပွင့်ရဲ့ အဓိပ္ပါယ်ကတော့”အသက်ရှိသမျှ မင်းကိုချစ်သွားမယ်..” လို့ အဓိပ္ပါယ်ရပါတယ်။ “I will love you for as long as I live …Happy Valentine” ဆိုပြီး ရေးထားတဲ့ ကဒ်လေးလည်း ပါပါတယ်။

သတို့ သားလောင်းကြီးရဲ့ ဗယ်လင်တိုင်း Presents ပေါ့နော် (၉၉)ပွင့်တဲ့ သူကတော့ခရီးရောက်နေတော့ အဲလောက်လဲမရိုရှာပါဘူး😂 စီစဉ်သူတီတီကြေး Kye Mon Lwin နဲ့ M Jar Aung Things 4 U – wedding, event and party supply ကိုလဲ အာဘွား…” ဆိုပြီး တင်ထားပါတယ်။

READ
မြန်မာပရိသတ်ချစ်ခင်မှုကိုရရှိခဲ့တဲ့ ကမ္ဘာကျော်အနုပညာရှင်ဆုကိုရရှိခဲ့တဲ့မိုရီဆာကီဝင်း

 

စန္ဒီမြင့်လွင်က ချစ်သူနဲ့ မတ်လ(၁၁) ရက်နေ့မှာ လက်ထပ်တော့မှာပါ။ မင်္ဂလာဧည့်ခံပွဲကို နိုဗိုတယ် ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး ညစာစားပွဲကိုတော့ Lotte ဟိုတယ်မှာ ပြုလုပ်မှာပါ။ ချစ်သူသက်တမ်း တစ်နှစ်ခွဲလောက်အကြာမှာ လက်ထပ် ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

from စန္ဒီမြင့်လွင်ရဲ့ FB

SHARE