ညီမဖြစ်သူရဲ့အိမ်ကို သွားလည်ခဲ့ကြတဲ့ စန္ဒီမြင့်လွင်တို့ချစ်သူစုံတွဲ

မကြာခင် လက်ထပ်တော့မယ့် အဆိုတော် စန္ဒီမြင့်လွင်ကတော့ သူမရဲ့အချစ်ရဆုံးညီမလေး မင်းသမီးချော စိုးပြည့်သဇင်ရဲ့အိမ်ကို ခင်ပွန်းလောင်းနဲ့အတူသွားလည်ခဲ့တယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး စိုးပြည့်သဇင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ” အမျိုးတွေအိမ်လာလည်….မေကြီးကမုန့်ဟင်းခါးချက်ကျွေး ” လို့ ဆိုခဲ့ပါတယ်။

စန္ဒီမြင့်လွင်တို့ချစ်သူစုံတွဲကလည်း အားလပ်ရက်မှာ ညီမဖြစ်သူနဲ့အတူပျော်ပျော်ပါးပါး ရှိနေခဲ့ပြီး မုန့်တွေလုပ်စားခဲ့ကြတာပဲဖြစ်ပါတယ်။ မိသားစုအားလုံးနဲ့ ပျော်နေတဲ့ စိုးပြည့်သဇင် နဲ့ စန္ဒီမြင့်လွင့်တို့ညီအစ်မနှစ်ယောက်ပျော်နေတဲ့ပုံကြောင့် ပရိသတ်တွေဆီကိုလည်း အပျော်တွေကူးသွားခဲ့ပါတယ်။ ညီမဖြစ်သူရဲ့အိမ်လာလည်တဲ့ စန္ဒီမြင့်လွင်တို့ ချစ်သူစုံတွဲရဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source : Soe Pyae Thazin

SHARE