SanDisk ကနေ ထုတ်လုပ်လိုက်ပြီဖြစ်တဲ့ storage အများဆုံးစံချိန်သစ်နဲ့ SD card

မမ်မိုရီကတ်၊ မမ်မိုရီ reader ၊ USB flash drive စတာတွေထုတ်လုပ်ပြီး နာမည်ကြီးတဲ့ SanDisk ကုမ္ပဏီကနေပြီး ယခုအခါ ဘယ်သူမှ မမြင်ဖူးသေးလောက်တဲ့ storage ပမာဏအများဆုံး SD card ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ကတ်ရဲ့ storage ပမာဏကတော့ 1 TB (1 Terabyte) ဖြစ်ပါတယ်။

လူတွေ ဖုန်းမှာ စိုက်လေ့ရှိတဲ့ SD ကတ်တွေရဲ့ storage ပမာဏနဲ့ သိသာအောင် နှိုင်းယှဉ်ပြဖို့ဆိုရင်တော့ 1 TB မှာ 1000 GB (1000 Gigabyte) ရှိတာ ဖြစ်ပါတယ်။ ဝယ်လို့ရပြီလားဆိုတော့ SanDisk ရဲ့ ဆိုင်တွေမှာရယ်၊ Amazon အွန်လိုင်းမောလ်မှာရယ် ဝယ်ယူနိုင်ပါပြီ။ Amazon မှာတော့ နိုင်ငံတိုင်းကနေ မှာလို့မရသေးဘဲ စပိန်၊ ဂျာမနီ၊ ယူကေ စတဲ့ နိုင်ငံအချို့မှာသာ အရင်ဝယ်လို့ရနေပါတယ်။

READ
သင်RSမှာဘာမှမရွေးထားလဲ သင်Singleဖြစ်နေတာကိုအလိုလျောက်သိနေတဲ့Facebook
GSMArena.com

SanDisk 1 TB microSD card တွေဟာ storage ပမာဏ များရုံသာမက အခြား လုပ်ဆောင်ချက်တွေ သာလွန်တဲ့အချက်နဲ့လည်း ကြော်ငြာထားပါသေးတယ်။ ကြီးမားလှတဲ့ storage ပမာဏနဲ့ လိုက်ဖက်ညီအောင် ဒေတာဖတ်နှုန်း (read speed) တစ်စက္ကန့်ကို 160 MB နဲ့ ဒေတာသိမ်းနှုန်း (save/write speed) တစ်စက္ကန့်ကို 90MB တောင် ရှိတာကိုလည်း သိရပါတယ်။

ဒီ 1 TB ပမာဏရှိတဲ့ microSD card ကိုတော့ device မှာ 4K resolution ဗီဒီယိုမျိုးတွေ ရိုက်ကူးလေ့ရှိသူများ ဝယ်ယူဖို့ သင့်တော်ကြောင်းကိုတော့ The Verge နည်းပညာမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ သတိပြုရမယ့်တစ်ချက်ကတော့ မိမိရဲ့ device က ဖော်ပြပါ SD card စိုက်နိုင်မယ့် processor ပါရှိတဲ့ဖုန်း ဖြစ်ဖို့တော့ လိုပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၄၅၀ ဖြစ်ပါတယ်။

READ
ကလေးတွေအတွက် ‘Facebook for kids’ app ကို ဗြိတိန်ကျောင်းများတွင် စတင်အသုံးပြု
The Verge

အဲ့လောက်များတာလည်း မလိုချင်ဘူး ဒါပေမယ့် များဖို့တော့ လိုမယ်ဆိုသူများအတွက်တော့ Samsung က ထုတ်ထားတဲ့ ဒေါ်လာ ၁၀၀ တန်ဖိုးရှိ 512 GB microSD card နဲ့ SanDisk ကပဲ ထုတ်ထားတဲ့ ၅၇ ဒေါ်လာ တန်ဖိုးရှိ 400 GB microSD card တို့လည်း ဈေးကွက်ထဲမှာ ရှိနေကြောင်း သတင်းပါးလိုက်ပါရစေ။

Samsung
Amazon

Ref: The Verge

SHARE