မိမိဖုန်းကို သန့်ရှင်းအောင်ထားခြင်းဟာ mask တပ်တာထက် ပိုကောင်းကြောင်း စင်္ကာပူပြော

Rachel Chia/Business Insider

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၂) ရက်နေ့မှာ စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက မိမိတို့ဖုန်းတွေကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ခြင်း၊ လက်ဆေးခြင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို တိုက်ဖျက်ဖို့အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဆိုခဲ့တာကို asiaone သတင်းကတဆင့် သိရပါတယ်။

ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကတော့ အဓိကအရေးကြီးဆုံးက ဖုန်းတွေကို သန့်သန့်ရှင်းရှင်းထားဖို့ဖြစ်ကြောင်း ဆိုပါတယ်။ “မကြာခဏ အတွေ့အထိများတဲ့အရာတွေကို ဂရုစိုက်ပါ။ အထူးသဖြင့် ဖုန်းတွေပေါ့။ ဒါကြောင့် mask ၀တ် မ၀တ်ဆိုတာက သိပ်အရေးမကြီးပါဘူး…” စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနဟာ အရင်တုန်းကတော့ နိုင်ငံသားတွေကို လူကြားထဲထွက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ရန်က ကာကွယ်နိုင်အောင် mask တွေတပ်ဖို့ သတိပေးခဲ့မယ့်လည်း အခုအခါမှာတော့ mask ထက်စာရင် ဖုန်းတွေကို သေချာသန့်ရှင်းစွာထားဖို့နဲ့ လက်သေချာဆေးဖို့ကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

pexels/Adrianna Calvo

ဖုန်းတွေမှာ အိမ်သာဖုံးတွေထက်တောင် ပိုးမွှားတွေ အများကြီးပိုရှိတယ်ဆိုတဲ့အကြောင်းလည်း သုတေသနပညာရှင်ပေါင်းများစွာတို့က လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဖုန်းတွေဟာ လူတွေပိုင်ဆိုင်သမျှ ထိတွေ့ကိုင်တွယ်သမျှထဲ အညစ်ပတ်ဆုံးအရာတစ်ခုပါ။ တစ်ချို့ဆိုရင် အိမ်သာထဲထိတောင် ဖုန်းကိုယူပြီး သုံးတဲ့အတွက် အိမ်သာထဲက အညစ်အကြေးတွေဟာ ဖုန်းမှာ ကပ်ညှိနိုင်ပါတယ်။ ဒါကြောင့် အိမ်သာထဲကို ဖုန်းယူမသုံးသင့်ပါဘူး။

READ
နွားနို့ပုံမှန်သောက်သူများ ရနိုင်တဲ့ ကောင်းကျိုး(၆)မျိုး

ပိုဆိုးတာက လူတွေက ဖုန်းကို မျက်လုံးနား၊ နှာခေါင်းနားနဲ့ ပါးစပ်နားတွေမှာ တစ်ခါတစ်လေ ကပ်ထားကြပါတယ်။ ဒီနေရာတွေက ကိုရိုနာဗိုင်းရပ်စ်အဓိက ကူးစက်နိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ပညာရှင်တွေကတော့ အဓိက ဗိုင်းရပ်စ်ရန်ကို ကာကွယ်နိုင်ဖို့ မိမိတို့သုံးနေတဲ့ ဖုန်းတွေကို သန့်ရှင်းရေးသေချာလုပ်ပါလို့ ဆိုပါတယ်။ ဖုန်းနဲ့ ဖုန်းကာဗာကြားမှာရှိတဲ့ ဘက်တီးရီးယားတွေသေအောင် အရက်ပြန်နဲ့ သုတ်ပါလို့ ဆိုပါတယ်။

Pixabay/Adrianna Calvo

အရက်ပြန်ကို ရေ(၆၀) ရာခိုင်နှုန်းနဲ့ ရက်ဘင်အယ်လ်ကိုဟော (၄၀) ရာခိုင်နှုန်းကို ရောစပ်ပြီး ကိုယ်တိုင်လုပ်နိုင်ပါတယ်။ အရက်ပြန်ရတဲ့အခါ ချောမွေ့တဲ့ မိုက်ခရိုဖိုင်ဘာ အ၀တ်စလေးပဲဖြစ်ဖြစ် ဂွမ်းလုံးလေးနဲ့ပဲဖြစ်ဖြစ်တို့ပြီး ဖုန်းရဲ့မျက်နှာပြင်နဲ့ နောက်ဘက်တွေ၊ ဖုန်းကာဗာကြားတွေကို သုတ်လိမ်းနိုင်ပါတယ်။

ဒါပေမယ့် ဖုန်းပေါ်ကို အယ်လ်ကိုဟော တိုက်ရိုက်ဖျန်းတာမျိုးတော့ ရှောင်ပေးပါ။ ဈေးကွက်မှာ အလွယ်တကူတွေ့ရတဲ့ antibacterial wipes အထုပ်တွေကိုလည်း ဖုန်းမှန်ပေါ်မှာ မသုတ်ပါနဲ့။ မှန်ကြည်ဆေး၊ မီးဖိုချောင်ဆေးတဲ့ဆေး၊ မိတ်ကပ်ဖျက်ဆေး၊ ပန်းကန်ဆေးဆပ်ပြာ၊ လက်ဆေးဆပ်ပြာနဲ့ ဗီနီကာတွေလည်း ဖုန်းမှန်ပေါ်မှာ မသုတ်လိမ်းပါနဲ့။ ဖုန်း ပျက်စီးသွားမှာ စိုးရိမ်ရတဲ့အတွက် သတိပြုကြဖို့လိုကြောင်းလည်း ဖော်ပြပေးလိုက်ရပါတယ်။

READ
ကိုယ်လုံးတီးအိပ်ခြင်း၏ အကျိုးကျေးဇူး (၅)မျိုး

လင်းလင်း (ShweMom)

SHARE