ကမ္ဘာ့အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ Finland က မိန်းမလှလေး Sanna Marin

Twitter - Tuomas Niskakangas, Sanna Marin

ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့တုန်းက Finland နိုင်ငံမှာ ဝန်ကြီးချုပ်သစ်ရွေးကောက်ပွဲတစ်ခု ပြုလုပ်ကာ မဲစနစ်နဲ့အနိုင်ရသွားခဲ့တဲ့သူကတော့ Sanna Marin ပါတဲ့။

Twitter-Sanna Marin

Sanna Marin ဟာ နိုင်ငံရဲ့ဝန်ကြီးချုပ်မဖြစ်ခင်တုန်းက လမ်းတံတားဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထားရတာဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ အသက် ၃၄ နှစ်သာရှိသေးတဲ့အတွက်ကြောင့် ဒီအသက်အရွယ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့တာဟာ ကမ္ဘာ့အသက်အငယ်ဆုံးဝန်ကြီးချုပ်အဖြစ် သမိုင်းတွင်သွားစေခဲ့ပါတော့တယ်။

အရင်တုန်းကတော့ ဒီနေရာမှာ Antii Rinne ရှိနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြီးခဲ့တဲ့အပတ်တနုးကပဲ အငြိမ်းစားယူသွားခဲ့ပါပြီ။ Antii Rinne အနေနဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တာ ၆ လသာရှိသေးပေမယ့်လို့ ပြဿနာအနည်းငယ်ဖြစ်သွားပြီးခဲ့ကာ ကိုယ်တိုင်ရာထူးမှ အငြိမ်းစားယူခဲ့တာပဲဖြစ်ပါတယ်။

Twitter-Sanna Marin
Twitter-Sanna Marin

လက်ရှိအချိန်မှာတော့ Finland မှာ အင်အားအကြီးဆုံး ပါတီအနေနဲ့ ပါတီ ၅ ခုရှိနေပါတယ်။ အဲဒီပါတီ ၅ ခုစလုံးဟာ အမျိုးသမီးခေါင်းဆောင်တွေ၊ အမျိုးသမီးထိပ်တန်းအဆင့် ရာထူးတွေချည်း ပါဝင်လို့နေတယ်ဆိုတာကို Tuomas Niskakangas ရဲ့ Twitter post မှ သိခဲ့ရပါတယ်။

Quartz မှ ဖော်ပြချက်အရ Sanna Marin ဟာ သူမဝန်ကြီးချုပ်ဖြစ်လာမယ့်အပေါ် ပြည်သူတွေကို ကတိကဝတ်ပြုခဲ့တဲ့အချက်တွေကတော့ ထိပ်ဆုံးမှာ ကာဗွန်စွန့်ထုတ်မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးသွားမယ်ဆိုပြီး ပါဝင်နေပါတယ်။ ကာဗွန်စွန့်ထုတ်မှုဟာ လက်ရှိကမ္ဘာတစ်ဝှမ်းလုံးအနေအထားအရ လူတွေကသာမသိချင်ယောင်ဆောင်နေတာ၊ တော်တော်လေးကို ဆိုးရွားနေတဲ့ အခြေအနေတစ်ရပ်ဖြစ်နေခဲ့ပါပြီ။

READ
မိခင်ရဲ့ အသုဘအပြီး ဘဏ်သွားခဲ့ရာမှ ဖြေမဆည်နိုင်ဖြစ်ရရှာလေတဲ့ အမျိုးသမီး
Twitter-Sanna Marin
Twitter-Sanna Marin

Sanna Marin အနေနဲ့ အသက် ၄၀ အောက် ကမ္ဘာ့ခေါင်းဆောင်များစာရင်းထဲမှာ တစ်ဦးအဖြစ် ပါဝင်သွာခဲ့ပြီပဲဖြစ်ပါတယ်။ သူမမတိုင်ခင်တုန်းကတော့ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဆိုတဲ့နေရာကို ယူကရိန်းနိုင်ငံမှ အသက် ၃၅ နှစ်နဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ Oleksiy Honcharuk မှ အပိုင်သိမ်းထားခဲ့တာပဲဖြစ်ပါတယ်။

Penny

SHARE