ဒီ ၂၀၂၀ ခုနှစ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းရဲ့ စိတ်ညစ်စရာအကောင်းဆုံး နှစ်တစ်နှစ်လို့ပဲ ပြောရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါဆိုးကြီးကြောင့်ပါပဲ။ ဘယ်အချိန်မှာ ပြီးဆုံးမယ်မှန်းမသိတဲ့ ဒီရောဂါဆိုးကြီးကြောင့် လူတိုင်းရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကိစ္စတွေမှာ ဆုံးရှုံးမှုတွေ တော်တော်များပါတယ်။ ဒီလိုမျိုး စိတ်ညစ်စရာကောင်းတဲ့ အခိုက်အတန့်မှာ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြပေးချင်ပါတယ်။ အဲဒါကတော့ လမ်းမတစ်ခုပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန်တာကလော့စ်နဲ့ စပိုက်ဒါမန်းတို့ရဲ့ ဟာသဆန်ဆန် တိုက်ပွဲတစ်ခုပါပဲ။

အဆိုပါ အဖြစ်အပျက်ဟာ Nigeria နိုင်ငံရှိ Lagos မြို့ရဲ့ လမ်းမတစ်ခုပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆန်တာကလော့စ်ဝတ်စုံ ဝတ်ဆင်ထားသူနဲ့ စပိုက်ဒါမန်ဝတ်စုံ ဝတ်ဆင်ထားသူနှစ်ဦးတို့ဟာ အကြောင်းကိစ္စတစ်ခုခုနဲ့ နှစ်ယောက်သား စကားများခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဆန်တာကလော့စ်ဟာ စပိုက်ဒါမန်းကို ရုတ်တရက် လည်ပင်းညှစ်ပြီး နှစ်ချက်လောက် လက်သီးနဲ့ ထိုးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ယောက်သားလုံးထွေးပြီး မြေကြီးပေါ်ကို လဲကျခဲ့ပါတယ်။
Problem no dey end!!! 😂 😂 😂 pic.twitter.com/RLADCXo05d
— Naija (@Naija_PR) December 9, 2020
ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း ဆန်တာကလော့စ်ဝတ်စုံ ဝတ်ဆင်ထားသူကတော့ စပိုက်ဒါမန်းကို အပေါ်ကနေ တက်ခွပြီး သတ်ပုတ်ခဲ့ပါတယ်။ ခဏအကြာမှာတော့ နှစ်ဦးသား ပြန်ထလာပြီး ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ဟန်တူပါတယ်။ အဲဒီအချိန်မှာ စပိုက်ဒါမန်းဝတ်စုံ ဝတ်ဆင်ထားသူက တစ်ခုခု ပြောလိုက်တာကြောင့် ဆန်တာကလော့စ်ဝတ်စုံ ဝင်ဆင်ထားသူဟာ ရုတ်တရက် လေပေါ်မှာပျံပြီး ခုန်အုပ်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ စပိုက်ဒါမန်းလည်း ဆန်တာကလော့စ်ရဲ့ အကွက်ဆန်းတွေကြောင့် ကြောက်ပြီး ထွက်ပြေးသားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး လူကြည့်များခဲ့ပြီး လူတိုင်းကတော့ ဆန်တာကလော့စ်ကြီးရဲ့ လေပေါ်ပျံ ခုန်အုပ်တဲ့ သိုင်းကွက်ကို တော်တော်လေး သဘောကျနေကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw