နေ့လည်ခင်းမှာတောင် ခြောက်ခြားဖွယ်ကောင်းလောက်အောင် မှောင်ပိန်းနေတဲ့ ဘရာဇီးမြို့ကြီး

ဘရာဇီးနိုင်ငံ ဆောင်းပိုလိုမှာ နေထိုင်သူ ဒေသခံတွေဟာ ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက ကမ္ဘာပျက်သလိုမျိုး ခြောက်ခြားဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုနဲ့ တွေ့ကြုံခဲ့ရကြောင်း Boredpanda ကနေ သိရှိရပါတယ်။ ဖြစ်ရပ်ကတော့ ဆောင်းပိုလိုမြို့တစ်ခွင်လုံးဟာ ပိန်းပိတ်အောင် မဲမှောင်နေခဲ့တာပါ။

အနက်ရောင်ထူထဲထဲ တိမ်တိုက်ကြီးတွေဟာ အမေဇုန်သစ်တောမီးလောင်ရာကနေတဆင့် ဆောင်းပိုလိုရဲ့ ကောင်းကင်ပြင်ထဲ တဖြည်းဖြည်းရွေ့လျားလာပြီး မြို့ကြီးတစ်မြို့လုံးကို အမှောင်တိုက်သွင်းပစ်ခဲ့တာ ဖြစ်ပါတယ်။ နေ့လည်နေ့ခင်းပိုင်းဖြစ်နေပေမယ့်လည်း နေရောင်ခြည်ကို လုံးဝမမြင်ရပါဘူး။ လမ်းမီးတိုင်တွေတောင် ထွန်းရတဲ့အဆင့်ထိဖြစ်ခဲ့ကာ တကယ်ကို ညကြီးသဖွယ် ဖြစ်သွားခဲ့တာပါ။ ဆောင်းပိုလို အရှေ့ပိုင်းကလာတဲ့ လေအေးဟာ မာတိုဂရော့ဆိုဒိုဆူးလ်ကလာတဲ့ မီးသင့်အမှုန်အမွှားတွေနဲ့ တွေ့ဆုံမိတဲ့အတွက် အခုလို ခြောက်ခြားဖွယ် အဖြစ်မျိုး ဖြစ်ပွားခဲ့တာပါ။

raybankai

ဒေသခံတွေကတော့ မြို့တစ်ခွင်လုံး တိမ်မဲကြီးတွေဖုံးလွှမ်းတဲ့ဖြစ်စဉ်ဟာ ညနေ(၃) နာရီလောက်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အချိန် (၁) နာရီလောက် ကြာကြောင်း ဆိုပါတယ်။ အချို့ဒေသခံတွေကတော့ မီးသွေးရောင်ရှိတဲ့ မိုးရေတွေလည်း ရွာသွန်းခဲ့သေးကြောင်း ဆိုခဲ့ပါတယ်။ တကယ်တော့ ဆောင်းပိုလိုဟာ တောမီးလောင်တဲ့နေရာနဲ့ မိုင်ပေါင်း(၁,၇၀၀) ဝေးကွာပေမယ့်လည်း မီးခိုးတွေဟာ လေကြောင့် ဆောင်းပိုလိုဆီ ရောက်လာခဲ့တယ်လို့ ယူဆရပါတယ်။

READ
ခရီးသည်က အမှိုက်ပစ်တယ်ဆိုရင်ပင် ဒရိုင်ဘာကို ပေါင်(၁၅၀)အထိ ဒဏ်တပ်မယ့်ဗြိတိန်

လင်းလင်း (ShweMom)

SHARE