Instagram ပေါ်မှာ ဝတ်လစ်စလစ်ဗီဒီယို မှားတင်ခဲ့မိတဲ့ ဘောလိဝုဒ်မင်းသမီးတစ်ဦး

Instagram by ssarakhan

Atrangi Re တို့ Love Aaj Kal တို့လိုရုပ်ရှင်မျိုးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Sara Khan ဟာ ပြီးခဲ့တဲ့ လတုန်းက ဆိုရှယ်မီဒီယာမှာ လူတွေရဲ့ဝေဖန်မှုကို အပြင်းအထန်ခံလိုက်ခဲ့ရပါတယ်။

https://www.instagram.com/p/B_XdcMlBCBQ/

Instagram မှာ follower ပေါင်း ၁.၃ သန်းရှိနေတဲ့ မင်းသမီး Sara Khan ဟာ သူမရဲ့ Instagram မှာ အမြဲတမ်းလိုလို ဓာတ်ပုံလေးတွေမျှဝေနေခဲ့သူပါ။ ဒါကြောင့် ညီအစ်မတော်စပ်တဲ့ Ayra Khan နပအတူတူ အဲဒီအချိန်တုန်းက ပိတ်ရက်မှာ ခရီးတစ်ခုသွားခဲ့ပါတယ်။

Story Pick ရဲ့ဖော်ပြချက်အရ Sara Khan ဟာ ခရီးသွားတဲ့ ပုံရိပ်တွေမျှဝေနေခဲ့ပြီး အဲဒီအထဲက ဗီဒီယိုတစ်ခုကိုတော့ အိန္ဒိယလူမျိုးတစ်ဦးအတွက် အမြင်မသင့်တယ်တဲ့ ပုံရိပ်တချို့ကို တင်လာမိခဲ့ပါတယ်။ မတော်တဆပေါ့။ အဲဒါကတော့ သူမ ရေချိုးကန်ထဲ အဝတ်အစားမပါဘဲ ရေစိမ်နေခဲ့တဲ့ ဗီဒီယိုလေးတစ်ခုပါပဲ။ သူ့အကောင့်မှာမဟုတ်ဘဲနဲ့ ညီအစ်မတော်စပ်တဲ့ Ayra ရဲ့ Instagram story မှာပါတဲ့လေ။

READ
မယားပါသမီးကို အနိုင်ကျင့်တဲ့ (၁၅)နှစ်သားကောင်လေးနဲ့ ရန်ဖြစ်ပြီး လည်ပင်း ထညှစ်ခဲ့တဲ့ ပထွေး
Instagram- Ayra Khan

ဒီ story ဟာ ခဏလေးအတွင်းမှာပဲ ပြန်ဖျက်ခဲ့ပေမယ့်လို့ လူတချို့ကတော့ Sara Khan ရဲ့ ပုံရိပ်တချို့ကို screenshot ရိုက်ကူးကာ သိမ်းထားခဲ့ပါတယ်။ နောက် ပြန်တင်ပြီး ဝေဖန်မှုတွေဖြစ်လာခဲ့တာပါ။ ဗီဒီယိုကို ပြန်ဖျက်ခဲ့ပေမယ့်လို့ ကြည်ရှုသူပေါင်း ထောင်ချီနဲ့ ပြန်ပြီး Download ဆွဲတဲ့လူတွေဟာလည်း ထောင်နဲ့ချီရှိနေခဲ့ပါတယ်တဲ့။

Ayra ကတော့ သူ့အနေနဲ့ Sara Khan ကို ဘာမှဖြစ်စေလိုတာမဟုတ်ဘဲ အမှတ်တရအနေနဲ့ တင်ခဲ့ရာမှ Sara Khan ရဲ့လှုပ်ရှားမှုကြောင့် အမှတ်တမဲ့ဖြစ်သွားတာပါလို့ ပြောလာခဲ့ပါတယ်။

https://www.instagram.com/p/B-izXp3Bth0/

penny

SHARE