ကိုဗစ်ကာလအတွင်း Call of Duty ဆော့ရင်းဖူးစာဆုံခဲ့တဲ့ စုံတွဲ

[email protected] sarahkatesilverman

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်ပွားနေဆဲ အချိန်ဖြစ်တာကြောင့် လူတိုင်းနီးပါး တက်နိုင်သမျှ အိမ်ထဲမှာပဲ နေနေရမယ့်အချိန်ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဒီလိုအချိန်မျိုးမှာ အိမ်တွင်းအောင်ပြီး ဂိမ်းဆော့နေတာ အကောင်းဆု့းပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကံကောင်းရင် ဂိမ်းဆော့နေရင်းနဲ့ ချစ်သူတွေဘာတွေ ရသွားနိုင်လို့ပဲ ဖြစ်ပါတယ်။ အခုလည်း Hollywood က ဟာသသရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ Sarah Silverman တစ်ယောက်ဟာဆိုရင်လည်း COVID 19 ကာလအတွင်း အိမ်မှာတစ်ယောက်တည်းနေရင်း Call of Duty ဂိမ်းဆော့ရင်းနဲ့ ချစ်သူကောင်လေးတစ်ယောက် ရသွားခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၈.၁၀.၂၀၂၀)တုန်းက ထုတ်လွှင့်ပြသခဲ့တဲ့ Ellen Show စကားဝိုင်းမှာ Sarah တစ်ယောက် ဖွင့်ပြောခဲ့တာ ဖြစ်ပါတယ်။ Sarah ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက COVID 19 ကာလအတွင်း အိမ်တွင်းအောင်းရင်းနဲ့ ဂိမ်းပြန်ဆော့ဖို့ စဉ်းစားခဲ့ပါတယ်။ ဒီလိုနဲ့ Sarah တစ်ယောက် GameStop ဆိုင်က ဂိမ်းစက်တစ်ချို့နဲ့ ဂိမ်းခွေတော်တော်များများကို သွားရောက်ဝယ်ယူခဲ့ကာ အိမ်တွင်းအောင်းပြီး ဂိမ်းဆော့ခဲ့ပါတယ်။

 

အဲဒီအချိန်မှာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ရင်း အမျိုးသားတစ်ယောက်ကို သတိထားခဲ့မိပါတယ်။ Sarah တစ်ယောက် Ellen Show မှာ အဆိုပါ အမျိုးသားနာမည်ကို ထုတ်ဖော်မပြောခဲ့ပေမယ့် သူ့သူငယ်ချင်းတွေရဲ့ အပေါင်းအသင်းတစ်ယောက်ဖြစ်ကြောင်းသာ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါ အမျိုးသားဟာ Sarah ကို Twitter မှာ ညတိုင်စကားလာပြောလိုက်၊ ဂိမ်းအတူတူ ဆော့လိုက်နဲ့ နောက်ပိုင်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ဖြစ်လာကာ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။

READ
မွေးကတည်းကလက်မပါလာပေမယ့် မနိုင်မနင်းနဲ့သစ်ပင်ကြီးကို ခုတ်နိုင်တဲ့ကလေးလေး

 

 

View this post on Instagram

 

📸 @arseeg

A post shared by Sarah Silverman (@sarahkatesilverman) on

“သူက ကျွန်မကို ည ၇ နာရီ ၅ မိနစ်အတိဆိုတာနဲ့ Call of Duty ဂိမ်းအတူတူဆော့ဖို့ လာလာခေါ်လေ့ ရှိပါတယ်။ နှစ်ယောက်သားအကြာကြီး ဂိမ်းဆော့ပြီးသွားရင်လည်း ဖုန်းတွေအကြာကြီး ပြောကြပါတယ်။ အဲဒီလိုနဲ့ ကြာလာတော့ တဖြည်းဖြည်း တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ ဖြစ်လာခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မအနေနဲ့ကတော့ သူ့နဲ့ပတ်သတ်ပြီး တစ်ကယ်ကို ရင်ခုန်မိပါတယ်။ COVID 19 ကာလကြီးပြီးသွားရင်တော့ ကျွန်မပရိသတ်တွေ ချပြပြီး တရားဝင်တွဲသွားမှာပါ”လို့ Sarah က ပြောကြားခဲ့ပါတယ်။ Sarah တစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်နောက်ပိုင်းက Hollywood ရဲ့ မင်းသားတစ်ဦးဖြစ်တဲ့ Micheal Sheen နဲ့ ကွာရှင်းပြီးနောက်ပိုင်း ၄ နှစ်အတွင်း ပထမဦးဆုံး ရည်းစားစထားခဲ့တာ ဖြစ်ပါတယ်။

READ
ဆေးလိပ်သောက်သူအမျိုးသားတွေရဲ့ အပြောင်းအလဲကြီးတစ်ရပ်ကို ထုတ်ပြန်ခဲ့တဲ့ WHO

Pyi Hein Kyaw

SHARE