အမှိုက်သဖွယ် အစွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေးတွေကို တာဝန်ယူပေးနေတဲ့ အမျိုးသား

sashashelterserbia

လူနဲ့တိရစ္ဆာန်ဆက်ဆံရေးမှာ ခွေးတွေဟာ ၄င်းတို့ရဲ့ပိုင်ရှင် ဘယ်မှာနေတယ်ဆိုတာကို အရေးမစိုက်ကြပါဘူး။ သူတို့ကို ချစ်ခင်ပေးတယ်၊ လုံခြုံမှုပေးတယ်ဆိုရင်လည်း ကျေနပ်ကြတဲ့ကောင်လေးတွေပါ။ ဒါတောင်မှ သူတို့လေးတွေဟာ လမ်းဘေးမှာ အမှိုက်တွေသဖွယ် အစွန့်ပစ်ခံကြရပါတယ်။ ပိုင်ရှင်က စွန့်ပစ်ခံထားရတဲ့ ခွေးလေးတွေရဲ့ ဘ၀ဟာ သနားစရာပါ။ ဒီလိုသနားစရာ ကလေးတွေရဲ့ ဘ၀ကို ပြောင်းလဲပေးဖို့ ကြိုးစားခဲ့သူကတော့ ဆာရှာဆိုသူ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။ ဆာရှာရဲ့အကြောင်းကိုတော့ boredpanda က တဆင့် အခုလို ဖော်ပြပေးလိုက်ပါတယ်။

sashashelterserbia

ဆာရှာဟာ ခွေးဂေဟာကို (၂၀၀၈) ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်စတုန်းကတော့ သူ့ရဲ့ ခွေးဂေဟာဟာ ဒီလောက်ထိ ခွေးကောင်ရေတွေများလာမယ်လို့ သူ မထင်ခဲ့ပါဘူး။ ဒါပေမယ့် အခုအခါမှာတော့ ဆာရှာရဲ့ ဂေဟာမှာ ခွေးကောင်ရေ (၇၅၀) ကျော်လောက် ရှိနေပြီ ဖြစ်ပါတယ်။ (၂၀၀၈) ခုနှစ်တုန်းက ဆာရှာဟာ ၄င်းရဲ့ နေအိမ်ရှိရာ ဆားဗီးယားနိုင်ငံက နစ်စ်မြို့ကို ပြန်လာခဲ့ပါတယ်။ လမ်းမှာတော့ ဘယ်သူက စွန့်ထားမှန်း မသိတဲ့ ခွေးလေး(၄) ကောင်ကို တွေ့လိုက်ရပါတယ်။

sashashelterserbia
sashashelterserbia

သနားစရာ ကူကယ်သူမဲ့နေတဲ့ ခွေးလေးတွေကို သနားတာကြောင့် ဆာရှာဟာ သူကိုယ်တိုင်က ငွေကြေးမပြည့်စုံပေမယ့်လည်း ခွေးလေး(၄) ကောင်စလုံးကို မွေးစားဖို့ ခေါ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစပြီး သူဟာ ဆားဗီးယားမှာတော့ တိရစ္ဆာန်လေးတွေအတွက် မှီခိုအားထားရာ ဒေါက်တိုင်ကြီးတစ်ခု ဖြစ်လာခဲ့ပါတော့တယ်။ ဆာရှာဟာ သူ့အကူအညီလိုအပ်တဲ့ တိရစ္ဆာန်လေးတွေကို အကူညီပေးဖို့ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ပါဘူး။

READ
အတိဒုက္ခရောက်နေတဲ့ အိမ်ရာမဲ့တွေကို ခိုလှုံရာဖြစ်စေခဲ့တဲ့ ဘုရားကျောင်း
sashashelterserbia
sashashelterserbia

သူဟာ လုပ်အားပေး (၆) ယောက်နဲ့အတူ ခွေးဂေဟာလေးတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ခွေးတွေကို နာမည်ပေးတာ၊ ကာကွယ်ဆေးထိုးပေးတာ၊ ဆေးတိုက်တာ၊ အစာကျွေးတာ၊ ဆေးကြောသန့်စင်ပေးတာ၊ ၄င်းတို့ကိုယ်ထဲ မိုက်ခရိုချစ်ပ်သွင်းပေးတာ စတဲ့ လုပ်ငန်းမှန်သမျှကို ဆာရှာက အားလုံးလုပ်ကိုင်ပေးပါတယ်။

sashashelterserbia
sashashelterserbia

လက်ရှိမှာတော့ ဂေဟာမှာ ခွေးကောင်ရေ (၇၅၀) ကျော်ရှိနေပါပြီ။ ဆာရှာဟာ ခွေးကောင်ရေ (၁၂၀၀) ကို ကယ်ဆယ်ထားခဲ့ပြီး ဖြစ်ကာ ထိုထဲက ကောင်ရေ (၄၀၀) ကတော့ ၄င်းတို့ကို မွေးစားမယ့်အိမ်တွေရှိရာဆီ အသီးသီးရောက်ရှိသွားကြပြီဖြစ်ပါတယ်။ ဆာရှာအနေနဲ့ အရမ်းကုသိုလ်ရတဲ့ အလုပ်ကို လုပ်နေရပေမယ့် အတိုက်အခံတွေတော့ ရှိခဲ့ပါသေးတယ်။ အဲ့ဒါကတော့ လက်ရှိသူဂေဟာဖွင့်ထားတဲ့နေရာကို မြေပိုင်ရှင်က ဆက်မနေခိုင်းပဲ ထွက်သွားခိုင်းခဲ့တာပါ။

Igra bez granice!🤔

Posted by Sasha Pesic on Wednesday, 2 October 2019

ဒါပေမယ့်လည်း ကံကောင်းလို့ ဆာရှာရဲ့ ဂေဟာလေး ဆက်လက်ရပ်တည်နိုင်အောင် ထောင်ပေါင်းများစွာသောလူတွေက လက်မှတ်ရေးထိုးပြီး အသနားခံခဲ့တဲ့အတွက် အာဏာပိုင်တွေက လက်လျော့ခဲ့ရပါသေးတယ်။  ဆာရှာကတော့ ခွေးတွေအနေနဲ့ ဂေဟာမှာ ပျော်ကြတဲ့အတွက် သူလည်း ပျော်ရွှင်မိပါကြောင်း ဆိုပါတယ်။ အခုဆိုရင် သူ့ရဲ့ ခွေးဂေဟာက တော်တော်လေးပြည့်ကျပ်နေပြီ ဖြစ်ပေမယ့်လည်း သူ့အနေနဲ့ ဘာမှ ထပ်မလုပ်နိုင်သေးဘူးလို့ ပြောပြခဲ့ပါသေးတယ်။ ဂေဟာက ခွေးလေးအတွက် လှူချင်တယ်ဆိုရင်တော့ patreon.com/sashashelter ကနေတဆင့် အလှူငွေတွေ ထည့်ဝင်နိုင်ကြောင်းလည်း သိရပါတယ်။

29.10.2019Poseta iz Belgije i naravno uvek budu neke poslastice!🍟🍖🍗😉👍❤❤❤🐕🐩🐺🐶❤❤❤❤❤❤❤❤❤❤https://www.patreon.com/sashashelterpaypal : [email protected] account : IBAN BE22 0018 1853 1647 -BIC : GEBA BE BB – Sasha shelterDevizni racun:265-0500000266731-86 Raiffeisen Bank SerbiaDinarski racun:265-0200000054739-78 Raiffeisen Bank

Posted by Sasha Pesic on Monday, 4 November 2019

လင်းလင်း (ShweMom)

SHARE