စင်တင်ပြဇာတ်အဖြစ် မြင်တွေ့ရတော့မယ့် “လင်္ကာဒီပချစ်သူ”

စာရေးဆရာ ချစ်ဦးညို ရဲ့ “လင်္ကာဒီပချစ်သူ” ကအရမ်းကို နာမည်ကြီးတဲ့ဝတ္ထုတစ်ပါ။အခုတော့ ဒီ ဇာတ်လမ်းကို ၀ါရင့်အနုပညာရှင်တွေက စင်တင်ပြဇာတ်တစ်ပုဒ်အဖြစ် အသက်သွင်း တော့မှာပါ။စာ နယ်ဇင်းမိတတ်ဆက်ပွဲကိုတော့ Novotel ဟိုတယ်မှာ ဒီဇင်ဘာ (၁၁)ရက်နေ့က ပြုလုပ်ခဲ့တာပါ။

Mandalay Entertainment ကနေ စီစဉ်တင်ဆက်တာပါ။ဇာတ်ဆရာ ချစ်စရာ(မန်း)၊ဒါရိုက်တာ ဇာနည်၊၀တ္ထုဆရာချစ်ဦးညို၊ဇာတ်ညွှန်းကတော့ ဆရာရဲ့ သား လင်္ကာညိုက ရေးသားထားတာပါ။ “လင်္ကာဒီပချစ်သူ” စင်တင်ပြဇာတ်ကို မန္တလေးမြို့တွင် ဇန်နဝါရီ (၃၀) ရက်နေ့နဲ့ (၃၁) ရက်နေ့တို့မှာ ကပြဖျော်ဖြေသွားမယ်လို့သိရပါတယ်။

ဒီပြဇာတ်မှာတော့ သရုပ်ဆောင်ဦးကျော်သူ၊လူမင်း၊ကျော်ကျော်ဗို၊၀တ်မှုံရွှေရည်၊ခိုင်သင်းကြည်နဲ့ တခြားအနုပညာရှင်တွေအများကြီးက အားဖြည့်ပါဝင်ပေးသားမယ်လို့ သိရပါတယ်။

from အနုပညာရှင်များရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE