ထုတ်လုပ်စရိတ်များလွန်းလို့ SBS လက်လျှော့လိုက်တဲ့ လီဗြောင်ဟွန်းရဲ့ Mr. Sunshine

မင်းသားလီဗြောင်ဟွန်းပါဝင်မယ့် Mr. Sunshine ဆိုတဲ့ ဒရမ်မာ ဇာတ် လမ်းတွဲကိုတော့ ထုတ်လုပ်မှု စရိတ်တွေများလွန်းလို့ SBS က လက်ေ လျှာ့ လိုက်ပါတယ်။ဒီဇာတ်ကားကို ထုတ်လွှင့်ပြသဖို့ကိုတော့  tvN ကို လွှဲပြောင်းပေးလိုက်ပါတယ်။အတွင်းလူတွေရဲ့ အပြောအရ ဒီဇာတ်ကား ဟာ အပိုင်းတစ်ပိုင်းအတွက်တောင်မှ ကိုရီးယားဝမ်ငွေ(၁.၅) ဘီလီယံ ($1,337,672 USD) ကုန်ကျမှာပါ။

“ထုတ်လုပ်တဲ့ ကုမ္ပဏီကနေ ဇာတ်ကားအပိုင်း တစ်ပိုင်း အတွက် ၀မ် (၁.၅)ဘီလီယံ ကျော် တောင်းဆိုခဲ့ကြောင်း၊ဒါကြောင့် SBS ကနေ ဒီ ကားကို ထုတ်လွှင့်ပြသဖို့ လက်လျှော့ ခဲ့တာပါ။စာရေးဆရာမကလည်း  Kim Eun Sook ၊မင်းသားကလည်း Lee Byung Hun ဖြစ် တာေ ကြာင့်  ‘Goblin’ ဇာတ်ကားလို အောင်ပွဲခံနိုင်ကောင်း ခံနိုင်ပေမယ့်  အကျိုးအမြတ်ထက် တစ်ဖက်မှာ ကြုံရနိုင်တဲ့ risk က ပိုများတာကြောင့် လက်လျှော့လိုက်တာလို့ ဆိုပါတယ်။

ဇာတ်ကားကလည်း အပိုင်း(၂၀) ပါဝင် မှာဖြစ်တာကြောင့် produ cti on စရိတ်တွေ ပေါင်းလိုက်ရင် ၀မ်ဘီလီယံ(၃၀) အမေရိကန် ဒေါ် လာ နဲ့ဆိုရင်  ($26,752,030 USD) လောက် ကုန်ကျမှာပါ။ထုတ်လုပ် စရိတ် အရမ်းများနေရတဲ့ အကြောင်း အရင်းကတော့ မင်းသားကလည်း တကယ့်နိုင်ငံတကာ movie star လီဗြောင်ဟွန်း ဖြစ်နေတဲ့ အတွက် အနုပညာကြေးမြင့်နေတာရယ်၊တစ်ချို့ဇာတ်ဝင်ခန်းတွေက နိုင်ငံ ခြားမှာ သွားရိုက်ရမှာကြောင့် စရိတ်က များသွားရတာပါ။

Mr. Sunshine ကို စာရေးဆရာမ  Kim Eun Sook က ရေးပေး မှာပါ။ Descendants of the Sun နဲ့ Goblin တို့ကို ဖန်တီးခဲ့ သူပါ။ sbs ကလက်လျှော့ လိုက်တဲ့ ဒီဇာတ်ကားကိုတော့  tvN  မှာ လာမယ့် နှစ်လောက်မှာ ထုတ်လွှင့်ပြသမယ်လို့ မျှော်လင့်ရပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE