အပြင်လောကမှာရှိတဲ့ Annabelle အရုပ်ရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်အဖြစ်အပျက်များ

ig/@conjuring.official

The Conjuring universe ထဲက Annabelle ဆိုတဲ့ အရုပ်လေးဟာ တကယ်ရှိတယ်ဆိုတာကို အထူးတလည်မိတ်ဆက်ပေးစရာမလိုအပ်ဘဲ လူတိုင်းနဲ့ ရင်းနှီးနေခဲ့ပါပြီနော်။ အခုအပတ်ထဲမှာလည်း Annabelle Comes Home ကလည်း ရုံတင်သွားဦးမှာဆိုတော့ တကယ့်အပြင်က Annabelle အရုပ်လေးရဲ့ ထူးခြားပြီး ကျော်ချမ်းဖွယ်ကောင်းတဲ့ အချက်လေးတွေကို BuzzFeed မှာ တွေ့မိတဲ့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

View this post on Instagram

THE REAL #ANNABELLE DOLL 😈

A POST SHARED BY THE CONJURING UNIVERSE (@CONJURING.OFFICIAL) ON 

(၁) ပထမဆုံးတစ်ချက်ကတော့ တကယ့် Annabelle အရုပ်လေးဟာ ရုပ်ရှင်ထဲကလို ကြောက်မက်ဖွယ် ပုံသဏ္ဍာန်ရှိနေတာပါပဲ။ တကယ့်ပုံစံကတော့ ဒီလိုပါ။

(၂) နောက်တစ်ချက် ရုပ်ရှင်ထဲကလိုမျိုး မှန်လုံအိမ်နဲ့ ထားထားနာမျိုးမဟုတ်ဘဲ သစ်သားနဲ့အများဆုံး ပြုလုပ်ထားတဲ့ သေတ္တာထဲမှာ ထည့်ထားတာပါတယ်။

 

View this post on Instagram

THE WARREN’S OCCULT MUSEUM. #ANNABELLE

A POST SHARED BY THE CONJURING UNIVERSE (@CONJURING.OFFICIAL) ON 

(၃) အရုပ်လေးရဲ့ဇာတ်လမ်းကတော့ သူနာပြုဆရာမလေးဆီကစတာပါပဲ။ သူမမွေးနေ့အတွက် သူနာပြုမလေး Deidre Bernard ရဲ့ မိခင်ဟာ ၁၉၇၀ လောက်တုန်းက အရုပ်ကို ဝယ်ပေးလိုက်တဲ့အချိန်ကစပြီး သူမနေတဲ့ တိုက်ခန်းမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ရတော့တာပဲတဲ့။ ထားထားတဲ့အခန်းထဲကမဟုတ်ဘဲ တခြားအခန်းထဲမှာ ရောက်နေတာတို့၊ ခြေရာလက်ရာပျက်ယွင်းနေတာမျိုးတို့လိုပေါ့။

READ
လူသေခေါင်းများမြှုပ်နှံထားတဲ့လှိုဏ်ခေါင်းထဲမှာ (၃)ရက်ကြာပျောက်ဆုံးခဲ့တဲ့ ကျောင်းသား(၂)ဦး

(၄) နောက်မှာတော့ သူနာပြုဆရာမလေးနဲ့ သူငယ်ချင်းတို့ဟာ Warrens ဇနီးမောင်နှံအကူအညီနဲ့ အရုပ်ထဲက ဝိဥာဉ်အကြောင်း သိခွင့်ရခဲ့ပါတယ်။ သူ့နာမည်ကတော့ Annabelle Higgins ဖြစ်ပြီး သူနာပြုဆရာမလေးတို့ နေနေတဲ့ တိုက်ခန်းတွေ မဆောက်ခင်အချိန်ကတည်းက အဲဒီနေရာမှာ သေဆုံးသွားခဲ့တဲ့ ၇ နှစ်သမီးလေးပါတဲ့။

 

(၅) ရုပ်ရှင်ထဲက Annabelle ထားထားတဲ့ မှန်သတ္တာမှာ တားရော့ကတ်လေးတစ်ကေတ် ကပ်ထားတဲ့အတိုင်းပဲ Annabelle အရုပ်အစစ်မှာလည်း ပုံစံတူ တားရော့ကတ်လေးကို ကပ်ထားပါတယ်။

(၆) သေတ္တာပေါ်မှာ မထိရ မကိုင်ရဆိုပြီးလည်း သတိပေးစကားရေးထားပါသေးတယ်။

(၇) လွန်ခဲ့တဲ့နှစ်ပေါင်းဆယ်ချီကျော်လောက်တုန်းကဆိုရင် လူတစ်ယောက်က အဲဒီသတိပေးစကားကို လုံးဝအမှုမဲ့လုပ်ပြီး သွားကိုင်လိုက်တဲ့အခါ အပြန်လမ်းမှာ သူစီးလာတဲ့မော်တော်ဆိုင်ကယ် မှောက်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ အဆိုရှိခဲ့ဖူးပါတယ်။

READ
ဇိမ်ခံအိမ်တစ်လုံးလိုဆင်ထားတဲ့ အလန်းစား၂ထပ်ဘတ်စ်ကား

(၈) ဒီအပြင် Hartford က ဘုန်းတော်ကြီးတစ်ပါးဟာ Warrens တို့ ပြတိုက်ကိုလာလေ့လာကာ Annabelle အရုပ်ရဲ့အရှေ့မှာ ဘုရားသခင်က အမှောင်လောကသားတွေထက်စာရင် စွမ်းအားပိုရှိတ်ာလို့ ပြေလိုက်မိတဲ့အတွက် အပြန်လမ်းမှာပဲ နောက်တွဲကားတစ်ခုနဲ့ မတော်တဆဖြစ်ကာ ဆေးရုံတင်လိုက်ခဲ့ရပါတယ်။ အသက်တော့မသေခဲ့ပေမယ့်လည်း ဘုန်းတော်ကြီးရဲ့ အပြောအရတော့ မတော်တဆမှုမဖြစ်ခင်တုန်းက သူမောင်းနေတဲ့ကားရဲ့ ဘက်ကြည့်မှန်ထဲမှာ Annabelle ကို မြင်ခဲ့ရတယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။

 

View this post on Instagram

LORRAINE WARREN TALKS ABOUT REAL LIFE ANNABELLE DOLL. . . #ANNABELLE #DOLL #HORROR #LORRAINEWARREN #WARREN

A POST SHARED BY THE CONJURING UNIVERSE (@CONJURING.OFFICIAL) ON 

 

View this post on Instagram

🙏❤️

A POST SHARED BY THE CONJURING UNIVERSE (@CONJURING.OFFICIAL) ON 

(၉) Warren ဇနီးမှောင်နှံထဲက ဇနီးဖြစ်သူ Lorraine တောင်မှပဲ Annabelle ရဲ့ မျက်လုံးထဲကို စေ့စေ့မကြည့်ရဲဘူးလို့ဆိုခဲ့ပါသေးတယ်။

(၁၀) Warren တို့ရဲ့ သမီးဖြစ်သူ Judy ကလည်း သူမရဲ့ မိဘတွေဟာ အရုပ်အနားကိုလည်း မကပ်ခိုင်းဘဲ ဝေးဝေးကနေတောင် မကြည့်ခိုင်းခဲ့ပါဘူးတဲ့။

Penny

SHARE