သင့်ကို အိပ်မက်ဆိုးမက်စေတဲ့အထိ ခြောက်ခြားစရာကောင်းလွန်းနေတဲ့ သတ္တ၀ါများ

skydie/Shutterstock Insider, Dr. Peter Henderson, PISCES Conservation Ltd

စိတ်အလျောက် သတ္တ၀ါတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိကြပါတယ်။ တွားသွားတဲ့သတ္တ၀ါတွေ၊ ရေကူးတဲ့သတ္တ၀ါတွေ၊ ကုန်းရောရေပေါ်မှာပါ ပျော်မွေ့တတ်တဲ့ သတ္တ၀ါတွေ စသဖြင့် အမျိုးမျိုး ရှိကြပါတယ်။ ဒါပေမဲ့ အချို့သော သတ္တ၀ါမျိုးစိတ်တွေထဲမှာ အကျည်းတန်ပြီး ထိတ်လန့်ဖွယ်ကောင်းတဲ့ သတ္တ၀ါတွေလည်း ရှိသေးတာကို insider သတင်းကနေ တဆင့် ဖော်ပြလိုက်ရပါတယ်။

Aye-aye

Dr. Peter Henderson, PISCES Conservation Ltd

National Geographic အရ ဒီသတ္တ၀ါတွေကို aye-aye လို့ ခေါ်ပါတယ်။ မာဒါဂက်စ်ကာနိုင်ငံရဲ့ မိုးသစ်တောတွေမှာ နေထိုင်တဲ့ သတ္တ၀ါတွေဖြစ်ပါတယ်။ ပရိုင်းမိတ်တွေဖြစ်ကာ ချင်ပန်ဇီ၊ လူသားတွေနဲ့ ဆက်နွယ်မှုရှိတဲ့ သတ္တ၀ါတွေပါ။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ လက်မအားဖြင့် အရှည် (၁၄-၁၇) အထိသာ ရှိတတ်ပေမယ့် အမြီးကတော့ (၂) ပေအထက်ထိ ရှိနိုင်ပါတယ်။ သူတို့ဆီမှာ ထူးခြားချက်ကတော့ သစ်ခေါင်းတွေထဲက ပိုးမွှားတွေကို ဖမ်းဆီးစားသောက်ဖို့ လက်ချောင်းရှည်ရှည်ကြီးတွေ ပါရှိပါတယ်။ ရှားပါးသတ္တ၀ါမျိုးစိတ်တွေဝင်ပြီး ဒေသခံတွေကတော့ ဒီသတ္တ၀ါတွေတွေ့ရင် မကောင်းတဲ့အတိတ်နိမိတ်အဖြစ် ယူဆကြပါတယ်။

READ
အခုခေတ်ကလေးတွေ မသိနိုင်တော့မယ့် အရာဝတ္တု (၇)မျိုး

Golden-crowned flying foxes

imagevixen/Shutterstock

ဒီလင်းနို့တွေကို အင်္ဂလိပ်အခေါ်အားဖြင့် golden-crowned flying foxes လို့ ခေါ်ပါတယ်။ ရွှေရောင်သရဖူဆောင်းထားတဲ့ မြေခွေးပျံတွေလို့ အဓိပ္ပါယ်ကောက်နိုင်မယ်ထင်ပါတယ်။ လင်းနို့အကြီးစားတွေဖြစ်ပြီး သူတို့မျက်နှာက မြေခွေးနဲ့တူပါတယ်။ အတောင်ကိုဖြန့်လိုက်ရင် ငါးပေခွဲအထိ ရှိနိုင်ပါတယ်။ ဒီလင်းနို့ကြီးတွေကို ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ရတတ်ပါတယ်။ ရှားပါးသတ္တ၀ါစာရင်းဝင်နေတဲ့ သတ္တ၀ါမျိုးစိတ်ဖြစ်ပါတယ်။ လူတွေကို အန္တရာယ်မပေးတတ်ပဲ သဖန်းသီးနဲ့ အခြားအသီးအနှံတွေကိုသာ မှီခိုစားသောက်လေ့ရှိပါတယ်။

Rhinoceros cockroaches

skydie/Shutterstock

သာမန်ပိုးဟပ်တောင် ကြောက်တတ်သူတွေအဖို့ ဒီကြံ့ပိုးဟတ်ကြီးတွေက ကျောချမ်းစရာကြီးပါ။ Rhinoceros cockroaches သို့မဟုတ် giant burrowing cockroaches လို့ခေါ်ကြတဲ့ ဧရာမပိုးဟတ်ကြီးတွေဟာ သြစတေးလျနိုင်ငံက ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့တွေဟာ အခြားပိုးဟတ်မျိုးစိတ်တွေလို အတောင်မပါရှိတဲ့အတွက် မြေအောက်ထဲမှာသာ တွင်းအောင်းနေတတ်ပါတယ်။ လူနေအိမ်တွေထဲမှာ မတွေ့ရပါဘူး။ လှုပ်ရှားသွားလာတာနှေးကွေးတဲ့ ပိုးဟတ်ကြီးတွေဖြစ်ပြီး လူတွေကို အန္တရာယ်မပြုနိုင်တဲ့ သတ္တ၀ါတွေလည်း ဖြစ်ပါတယ်။

READ
မြေနေရာ တရားဝင်အပိုင်စားရှိပြီး ရာဇ၀င်တွေနဲ့ ရှင်သန်နေတဲ့ ၀က်သစ်ချပင်ကြီး

Blobfish

Museums Victoria/CSIRO/Rob Zugaro

ကမ္ဘာ့ရုပ်အဆိုးဆုံးသတ္တ၀ါလို့ ခေါ်ကြတဲ့ Blobfish တွေဟာ သမုဒ္ဒရာပင်လယ်ပြင်အနက် ပေပေါင်း (၉,၂၀၀) ကျော်မှာ ရှိကြပါတယ်။ သူတို့အကြောင်းနဲ့ပတ်သက်ပြီး အတွင်းကျကျ လေ့လာထားတာ သိပ်မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နေထိုင်နေတဲ့ ပင်လယ်ရေအနက်ကြောင့် သိပ္ပံပညာရှင်တွေအနေနဲ့ bloshfish တွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာဖို့ဟာ မလွယ်ကူတာ ဖြစ်ပါတယ်။

Star-nosed mole

Wikimedia Commons

ပွေးသတ္တ၀ါတစ်ကောင်မှာ ခေါင်းရှိရမယ့်နေရာ ခေါင်းမရှိပဲ ကြယ်ပွင့်သဏ္ဍာန်နှာခေါင်းတစ်ခုရှိနေတာမျိုးဟာ မြင်ရတာ တော်တော်လေး လန့်စရာပါပဲ။ ဒါပေမဲ့ ၄င်းသတ္တ၀ါရဲ့ မျက်နှာနေရာက ကြယ်ပွင့်သဏ္ဍာန်အတက်တွေဟာ အတွေ့အထိအာရုံအတွက် အလွန်အရေးကြီးတဲ့နေရာဖြစ်ပါတယ်။ ဒီသတ္တ၀ါတွေကို မြောက်အမေရိကမှာ တွေ့နိုင်ပါတယ်။ မျက်စိကန်းတဲ့သတ္တ၀ါတွေဖြစ်ပြီး သွားလာလှုပ်ရှားတာ၊ စားသောက်တာတွေကို အတွေ့အထိအာရုံနဲ့ပဲ ဆောင်ရွက်ပါတယ်။ ၄င်းအတက်တွေဟာ တစ်စက္ကန့်ကို ၀တ္ထု (၁၂) ခုနဲ့အထက် ထိတွေ့ပြီး အာရုံတုံ့ပြန်နိုင်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE