ပင်လယ်တွင်း မုန်တိုင်းဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ကြောက်မက်ဖွယ် ဗီဒီယိုဖိုင်

အောက်မှာ တွေ့ရတာကတော့ မုန်တိုင်း ဂါထရုဒ်တိုက်ခတ်စဉ်အတွင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ မုန်တိုင်းကြောင့် ကြိုးချည်ထားတဲ့ သင်္ဘောတစ်စီးဟာ အကြိမ်ကြိမ်အခါခါ လှုပ်ရမ်းနေတာကို တွေ့ရတာ ဖြစ်ပါတယ်။ ဒေါသကြီးလှတဲ့ မုန်တိုင်းကြောင့် ပတ်ဝန်းကျင်တစ်ခွင်လုံးဟာ ဗြောင်းဆန်နေပါတယ်။ တစ်ခါတစ်လေမှာတော့ မုန်တိုင်းကြောင့် လှိုင်းလုံးကြီးတွေဟာ ပေ(၁၀၀) နီးပါး မြင့်တက်သွားတာကိုလည်း ခြောက်ခြားဖွယ် တွေ့မြင်ရပါသေးတယ်။

၎င်းမြင်ကွင်းဟာ ကုန်းတွင်းပိုင်းရော ပင်လယ်ပြင်မှာပါ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းမုန်တိုင်းကြီးတွေ တိုက်ခတ်စေခဲ့တဲ့ မုန်တိုင်းဂါထရုဒ်ပဲ ဖြစ်ပါတယ်။ သူဟာ (၂၀၁၆)ခုနှစ် ဇန်န၀ါရီလအတွင်း အင်္ဂလန်မှာ ၀င်မွှေသွားခဲ့တာပါ။ မုန်တိုင်းတိုက်နှုန်းပြင်းထန်လို့ ယာဉ်တွေ ပျက်စီးတာ၊ သစ်ပင်ကြီးတွေပါ လဲကျတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ကား၊ ရထား ၀န်ဆောင်မှုတွေ ရပ်နားထားခဲ့ရသလို တံတားတွေပါ ပိတ်ပစ်ခဲ့ရပါတယ်။

ဗီဒီယိုထဲမှာတော့ တစ်နာရီ မိုင်(၁၄၄) မိုင်နှုန်းနဲ့ ပတ်ရမ်းနေတဲ့ ဂါထရုဒ်ကြောင့် သင်္ဘောကြီးဟာ ဘယ်ညာ လှုပ်ခါရမ်းနေပြီး ကုန်းပတ်တစ်ခုလုံးဟာလည်း ရေတွေနဲ့ ရွှဲရွှဲစိုနေတာကို တွေ့ရပါတယ်။ ဗီဒီယိုထဲက အသံကို သေချာနားထောင်မယ်ဆိုရင် သင်္ဘောကြီးက မုန်တိုင်းကြောင့် တကျွီကျွီနဲ့ အသံပေးပြီး အော်နေတာကိုလည်း ကြားရမှာ ဖြစ်ပါတယ်။

READ
မျိုးသုဉ်းတော့မယ့် တိရိစ္တာန်စာရင်းထဲ ပထမဆုံးအကြိမ်ပါလာတဲ့ သစ်ကုလားအုတ်လေးများ

ဗီဒီယိုကို ERRV (Emergency Response ad Rescue Vessel) က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် သင်္ဘောကြီးဟာ အချိန်မရွေးနစ်မြှုပ်နိုင်ခြေရှိလို့ ကြည့်နေရင်းနဲ့တောင် တဖြည်းဖြည်း ခြောက်ခြားစရာ ကောင်းလာနေတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE