ရထားရှေ့ကဖြတ်ပြေးပြီး ရထားပေါ်တက်ဖို့ ကြိုးစားခဲ့တဲ့ကျောင်းသား

ဝေးလ်နိုင်ငံတောင်ပိုင်း Caerphilly ပြည်နယ်မှာတည်ရှိတဲ့ Crosskeys ရထားဘူတာမှာ အသက် 14 နှစ်အရွယ် ကျောင်းသားလေးတစ်ယောက်ဟာ အရှိန်နဲ့သွားနေတဲ့ ရထားတစ်စင်းရှေ့ကနေ ဖြတ်ပြေးပြီး အဲဒီရထားပေါ်ကို တက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုဖိုင်ကို ဘူတာမှာရှိ စီစီတီဗွီကင်မရာတွေက မှတ်တမ်းတင်ထားပြီး ကျောင်းသားရဲ့ တွေးခေါ်
မျော်မြင်မှုမရှိတဲ့ လုပ်ရပ်ကို ပြစ်တင်ဝေဖန် ခဲ့ကြပါတယ်။

အဲဒီအဖြစ်အပျက် ဗွီဒီယိုဖိုင်ထဲမှာ ကျောင်းသားဟာ စင်္ကြန်တစ်လျှောက် ပြေးသွားခဲ့ပြီး အခြားဆန့်ကျင်ဘက် စင်္ကြန်က
နေ ဖြတ်သွားတဲ့ ရထားကို မမီမှာစိုးလို့ တဟုန်ထိုးအရှိန်နဲ့ ကြားထဲမှာ ရှိနေတဲ့ ရထားသံလမ်းကို ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီမှာ သူ စီးနင်းလိုက်ပါလိုတဲ့ ရထားကလည်း အရှိန်နဲ့ ခုတ်မောင်းလာတာမို့ ရထားရှေ့ကနေ ဖြတ်ပြေးတဲ့ ကျောင်းသားကို တိုက်မိဖို့ လက်မနည်းငယ်သာ လိုပါတော့တယ်။

READ
မုဒိမ်းမှု၊လူသတ်မှုနဲ့ကွပ်မျက်ခံခဲ့ရသူ နှစ်20ကျာ်ကြာမှ အပြစ်မရှိကြောင်း အမှုမှန်ပေါ်ပေါက်ခဲ့

ကျောင်းသားဟာ အင်္ကျီအနီ၊ ဘောင်းဘီအနက်ကို ၀တ်ထားပြီး ဗွီဒီယိုထဲမှာတော့ ရွေ့လျှားနေတဲ့ ရထားရှေ့မှာ လဲကျခဲ့
တဲ့ ပုံစံကို တွေ့မြင်ခဲ့ရပါသေးတယ်။ အဲဒီမှာ စက်ခေါင်းမောင်းသူဟာ ရထားကို ခဏရပ်ပြီး အဆိုပါကောင်းလေးနဲ့ ကြိမ်း
ဝါး စကားများခဲ့ပါတယ်။ ကောင်လေးဟာ ရထားပေါ်တက်ဖို့ တံခါးကို ဖွင့်ဖို့ကြိုးစားခဲ့ပေမယ့် စက်ခေါင်းဆရာက ပေးမ၀င် ခဲ့ပါဘူး။

ကောင်းလေဟာ စိတ်ပျက်လက်ပျက်နဲ့ ဆဲရေးပြီး ရထားနဲ့ ဆန့်ကျင်ဘက်လာရားကို ပြန်လျှောက်လာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်ရထားရဲတပ်ဖွဲ့မှာ စစ်ဆေးရေးအရာရှိ Mike Jones ” ဒီ အပြုအမူဟာ တော်တော်လေး ဉာဏ်နည်းရာရောက်တဲ့ အပြုအမူ ဖြစ်ပါတယ် … သူကတော့ ရိုးရိုးတွေးပြီး ရထားပေါ်တက်ဖို့ ကြိုးစားတာပါဘဲ … ဒါပေမယ့် ဒီလို အူကြောင်ကြောင် လုပ်ရပ်တွေကြောင့် လူတစ်ချို့ စက္ကန့်ုပိုင်းအတွင်း အသက်ဆုံးရှုံးရတာပါ …. သူ့အနေနဲ့ နောက်ထပ် ရထားတစ်စီး စောင့်လို့ရနေသေးတာပဲ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

READ
မိတ်ကပ်ကြောင့် ဆံပင်ဆွဲပြီး အကြီးအကျယ်ရန်ဖြစ်ကြတဲ့ တရုတ်အမျိုးသမီးနှစ်ယောက်

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE