ရာသီတုပ်ကွးရောဂါကြောင့် မလေးရှားမှာ စာသင်ကျောင်းတွေ ယာယီပိတ်ထား

Twitter/NSA

လတ်တလောမှာကျန်းမာရေးပတ်သက်ပြီး အထူးဂရုစိုက်ဖို့အရေးကြီးပြီးတော့၊ တကယ်လို့ သာမန်ထက်ပိုချမ်းတာ၊ နှာစီးတာတွေ ဖြစ်လာပြီ ဆိုရင် သင့်အနေနဲ့ ရာသီတုပ်ကွေးရောဂါရှိ၊ မရှိ သွားရောက်စမ်းသပ်ကုသဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် The Star သတင်းဌာရဲ့အပြောအရ ဒီနှစ်အတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားတဲ့လူဦးရေ ပိုမိုများပြားလာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မပေါ့ဆကြဖို့နဲ့ အထူးဂရုတစ်စိုက် နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ယခုလက်ရှိ မလေးရှားက စာသင်ကျောင်းတစ်ချို့မှာ ကျောင်းသားလူငယ်တွေကြား  ရာသီတုပ်ကွေးရောဂါကူးစက်ပျံ့နှံ့နေပါတယ်။ တုပ်ကွေးကူးစက်ပျံ့နှံ့မှုတွေကြောင့် မလေးရှားနိုင်ငံ၊ Butterworthမြို့က  စာသင်ကျောင်းတစ်ကျောင်း ပိတ်ထားရတဲ့အထိ ဆိုးဝါးနေတာဖြစ်တယ်လို့  Sin Chew Daily သတင်းစာကဆိုပါတယ်။

Facebook/PIBK SJKC Li Hwa

Penangပြည်နယ် Butterworth မြို့ရှိ SRJK (C) Li Hwa စာသင်ကျောင်းမှာ ဒီရောဂါစတင်ဖြစ်ပွားနေတာကို သိရှိခဲ့တာဖြစ်ပြီး၊ မူလတန်းစာသင်ခန်းနှစ်ခုမှာ ရောဂါသက်ရောက်မှုရှိနေတာပါ။ ရောဂါဖြစ်ပွားတဲ့ စာသင်ခန်းတစ်ခန်းစီမှာ စာသင်သားကျောင်းသားကျောင်းသူ(၃၆)ဦးရှိတယ်လို့သိရပါတယ်။ ကလေးတွေဖြစ်တဲ့အတွက် ပိုပြီးစိုးရိမ်စရာဖြစ်တာကြောင့် တဖြည်းဖြည်း ကူးစက်လာမှာစိုးရိမ်ရတဲ့အတွက်လည်း  အခုလို စာသင်ကျောင်းကို ပိတ်လိုက်တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးအရာရှိတွေက ကျောင်းဝင်းအတွင်း ပိုးသတ်ဆေးဖြန်းခြင်း စတဲ့ လုပ်ထုံးလုပ်ငန်းတွေကို စာသင်ကျောင်းတွေမှာ လိုက်လံပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျောင်းပိတ်လိုက်တဲ့အကြောင်း ကျောင်းသားမိဘတွေကို အကြောင်းကြားသွားမှာဖြစ်သလို၊ ပိုပြီးသေချာအောင်လူသုံးများတဲ့ Facebook ကွန်ယက်ကနေ တစ်ဆင့် ကျောင်းဘက်မှ အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

📢📢📢 紧急通告 📢📢📢学校刚接到县教育局和卫生部通知** 二孝班(2T) ** 和 ** 二平班(2D) ** 的学生从明天(08.01.2020) 起至 20.01.2020必须** 暂停 ** 到校上课 基于班上多位学生被证实患上流感 Influenza A 卫生部官员明天将会到其课室进行消毒敬请家长们互相通知 并在家多留意孩子的状况如有任何状况 ,请尽快通知校方或班主任谢谢 🙏

Posted by PIBK SJKC Li Hwa 励华学校家长与社区团 on Tuesday, January 7, 2020

သင့်အနေနဲ့လည်း တုပ်ကွေးရောဂါကူးစက်ခံနေရပြီလို့ သံသယရှိလာခဲ့ရင်၊ အထူးသတိထားပြီး mask တပ်ဆင်ထားဖို့၊ တခြားသူတွေကို ရောဂါပိုးမကူးစက်အောင် လူထူထပ်တဲ့နေရာတွေကို သွားခြင်းမှ ရှောင်ရှားဖို့အထူးလိုအပ်ကြောင်းအကြံပြုပေးချင်ပါတယ်။ ဒါ့အပြင် လည်ချောင်းတွေ စိုစွတ်နေစေဖို့အတွက် ရေကိုလုံလောက်စွာသောက်သုံးဖို့လိုအပ်ပြီး၊ အပြည့်အ၀အနားယူဖို့ အထူးအကြံပေးတိုက်တွန်းလိုက်ပါတယ်။ မလေးရှားကျန်းမာရေးဝန်ကြီး Dr Dzulkefly Ahmad ကတော့ ကျောင်းတွေကို ယာယီပိတ်ခိုင်းထားသလို တုတ်ကွေးရောဂါအတွက် စစ်ဆေးမှုတွေ မပြတ်ပြုလုပ်ဖို့ တိုက်တွန်းထားကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကလည်း အထူးကြတ်မတ် စောင့်ကြည့်နေကြောင်း မလေးရှား ပြည်တွင်းမီဒီယာတွေကို အသိပေးခဲ့ပါတယ်။

Khiang Sandar

SHARE