မသိဘဲအရိုက်ခံခဲ့ရတဲ့ ဗီဒီယိုတစ်ခုကြောင့် နာမည်ကြီးနေတဲ့ အိန္ဒိယကကျောင်းသူလေး

Twitter

ဘာမှမဟုတ်တဲ့ကိစ္စလေးတစ်ခုကနေ တခြားလူတစ်ယောက်က ဗီဒီယိုရိုက်ပြီး အွန်လိုင်းမှာတင်မိလိုက်လို့ နေ့ချင်းညချင်းတမဟုတ်ချင်း နာမည်ထကြီးသွားတဲ့ဖြစ်ရပ်မျိုးတွေဆိုတာ အမြဲတမ်းဖြစ်နေကျအရာတစ်ခုပါ။ ဒီတစ်ခေါက်မှာတော့ ၁၀ နှစ်သာရှိသေးတဲ့ အိန္ဒိယကကျောင်းသူလေးတစ်ယာက်ရဲ့ ဗီဒီယိုတစ်ခုအကြောင်း ပြောပြချင်ပါတယ်။

အခုလိုတိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ ဘယ်နေရာသွားသွား ကားတို့၊ ရထားတို့စီးချင်စီး မစီးရင် လမ်းလျှောက်သွားကာ လိုရာခရီးကို ရောက်အောင်သွားနေကြပါတယ်။ အရွယ်မရောက်သေးတြဲ့ကလေးတစ်ယောက်က မြင်းကြီးကို အမြန်နှုန်းနဲ့စီးပြီး ကျောင်းသွားတယ်ဆိုတာ အခုခေတ်မှာတော့ လုံးဝမရှိသလောက်ရှားနေပါပြီနော်။

Twitter

သို့ပေမယ့် အိန္ဒိမှာတော့ ကျောင်းဝတ်စုံနဲ့ ကလေးမလေးတစ်ယောက်က မြင်းတစ်ကောင်ကို ဒုန်းစိုင်းစီးပြီး အလျှင်စလိုသွားနေတဲ့ပုံကို လမ်းသွားသူတစ်ယောက်က တအံ့တသြနဲ့ဗီဒီယိုရိုက်ကာ အွန်လိုင်းမှာတင်ခဲ့တဲ့အတွက် လူတွေကြားထဲ အံ့သြတကြီးဖြစ်နေကြရပါတယ်။

 

အိန္ဒိယရဲ့ Kerala ဒေသမှာ ဖြစ်သွားခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ပြီး အဲဒီနေ့က ကျောင်းတွေမှာ စာမေးပွဲစစ်တဲ့နေ့ဖြစ်တာကြောင့် ကျောင်းသူလေးက စာမေးပွဲခန်းထဲဝင်တာနောက်ကျမှာမို့ မြင်းဒုံးစိုင်းစီးကာ အပြေးနှင်ခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ ဗီဒီယိုဟာ Twitter ပေါ်မှာ @manoj_naandi ဆိုတဲ့ account နဲ့ တင်ထားခဲ့တာဖြစ်ပြိး retweet လုပ်သူပေါင်း ၂၅၀၀ ကျော်တောင်ရှိနေခဲ့ပါတယ်။

READ
သမ္မတဟောင်းအိုဘားမားနဲ့ ချွတ်စွပ်တူနေတဲ့ ကလေးငါးယောက်ဖခင် သွားလေရာမျက်နှာပွင့်
ANI

ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့ကတော ကောင်မလေးကို စတန့်ထွင်တယ်ဆိုပြီး ဝိုင်းဝေဖန်နေခဲ့ကြပါတယ်။ ဒါကြောင့် ကျောင်းသူလေးဟာ သူကိုယ်တိုင်ရှင်းပြတဲ့ ဗီဒီယိုတစ်ခုကို အွန်လိုင်းပေါ်မှာထပ်တင်ခဲ့ပါတယ်။ ၁၀ နှစ်သာရှိသေးပေမယ့် ငယ်စဉ်ကတည်းက ဒီမြင်းကိုစီးလာတာကြောင့် လုံးဝကိုကျွမ်းကျင်အဆင့်ရောက်နေတဲ့ ကောင်မလေးပါ။ နောက်ပြီး စာမေးပွဲနောက်ကျနေတာကြောင့် ကားတို့၊ သုံးဘီးတို့နဲ့သွားရင် ကားပိတ်တာနဲ့ကြုံခဲ့ရင် ပိုကြာသွားနိုင်တာကြောင့် မြင်းစီးပြီး သွားခဲ့တာပဲဖြစ်ပါတယ်တဲ့။

နောက်ပြီး မြင်းစီးတာဟာ မလွယ်ကူတဲ့အတွက် မိန်းကလေးတွေဆို လုပ်နိုင်မှာမဟုတ်ဘူးလို့ ငယ်ငယ်တုန်း သူငယ်ချင်းတစ်ယောက်က Krishna ကိုပြောခဲ့ပါတယ်တဲ့။ ဒါကြောင့်ပဲ မိန်းကလေးဖြစ်လို့မလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကို ရိုက်ချိုးဖို့အတွက် မြင်းစီးသင်ကြည့်ရင်းအခုလို ကျွမ်းကျွမ်းကျင်ကျင်နဲ့ စီးတတ်လာတာပါတဲ့။

အိန္ဒိယဟာ အမျိုးသားနဲ့အမျိုးသမီး ခွဲခြားဆက်ခံနေရဆဲဖြစ်တဲ့ နိုင်ငံတွေထဲတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရှေးရိုးစွဲဓလေ့ထုံးတမ်းတွေနဲ့ ဘာသာရေးအယူအဆတွေကြောင့် အမျိုးသမီးတွေကို နောက်တန်းမှာပဲ ထားနေဆဲပါပဲ။ Krishna လိုမျိုး သတ္တိရှိပြီး ထက်ထက်မြက်မြက်နဲ့ ခွဲခြားဆက်ဆံခံရတာကို မခံချင်စိတ်နဲ့ကြိုးစားတဲ့ မိန်းကလေးမျိုးတွေကို လိုအပ်နေပြီး Krishna ကိုလည်း Twitter ပေါ်မှာ ချီးကျူးစကားတွေ ပြောနေကြပါတယ်။

READ
ထရပ်ကားတစ်စီးကို အိပ်မက်အိမ်လေးအဖြစ် ပြောင်းလဲလိုက်ကြတဲ့ စုံတွဲတစ်တွဲ

Source: Times on News

Penny

SHARE