စာမေးပွဲကြီးအတွက် ၂နှစ်ကြာ သင်ရိုးညွှန်းတမ်းမှားသင်ခဲ့တဲ့ သိန်း ၆၀၀ တန်ကျောင်း

SWNS

ယူကေနိုင်ငံ၊ Worcestershire ရဲ့ Great Malvern မှာရှိတဲ့ Malvern St. James မိန်းကလေးအထက်အတန်းကျောင်းတစ်ခုမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးအတွက် ၂ နှစ်ကြာ စာသင်ကြားရာ ဘာသာရပ်တစ်ခုအတွက် သင်ရိုးညွှန်းတမ်းမှားနေတဲ့ စာအုပ်ကြီးနဲ့ သင်နေခဲ့တာဖြစ်ကြောင်း မယုံကြည်နိုင်ဖွယ်ရာတွေ့ရှိခဲ့ပါတယ်။

Liverpool Echo

IGCSE စာမေးပွဲဖြေဆိုဖို့ရာမှာ တစ်ဖက်တစ်လမ်းက ပါဝင်နေတဲ့ အင်္ဂလိပ်ဘာသာရပ်အတွက် ကျောင်းသူတွေကို ၂ နှစ်ကြာအောင် စာအုပ်အမှားကြီးနဲ့ သင်နေခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာရပ်မှာ ဝတ္ထုအခန်းကဏ္ဍ ပါဝင်နေတဲ့အတွက် Micheal Frayn ရေးသားထားခဲ့တဲ့ Spies ဆိုတဲ့ စာအုပ်ကို ရှေ့ရှေ့နောက်နောက်မွှေနှောက်ပြီး ကျောင်းသူတွေခင်ဗျာ အလွတ်နီးပါးရတဲ့အထိ လေ့လာခဲ့ကြရပါတယ်။

သို့ပေမယ့်လည်း မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာမေးပွဲမှာ အင်္ဂလိပ်စာမေးခွန်းကို မြင်လိုက်ရတဲ့အခါမှာတော့ အဲဒီစာအုပ်နဲ့ပတ်သက်လို့ မေးခွန်းတစ်ခုမှ မတွေ့ရဘဲ တခြားသူတို့မသင်ခဲ့ရတဲ့ စာတွေနဲ့မေးခွန်းတွေသာ တွေ့ခဲ့ရတဲ့အတွက် ကျောင်းသူများ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။

SWNS

ဒီကိစ္စနဲ့ပတ်သကပြီး Malvern St. James မိန်းကလေးကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး Mrs Olivera Raraty ကတော့ မှားယွင်းခဲ့တဲ့ လုပ်ရပ်ကြောင့် တောင်းပန်စကားဆိုကာ ပြဿနာကိုဖြေရှင်းဖို့အတွက် စာမေးပွဲဘုတ်အဖွဲ့နဲ့ တိုင်ပင်ကာ ကြိုးစားနေတယ်လို့ပြောခဲ့ပါတယ်။ သိရတာကတော့ ၂ နှစ်လုံးသင်ခဲ့တဲ့ Spies စာအုပ်ထဲက အကြောင်းတွေနဲ့ပဲ မေးခွန်းအသစ်တစ်ခု သီးသန့်ထုတ်ပေးမလားဆိုပြီး ကျောင်းသူတွေနဲ့ မိဘတွေကတော့ မျှော်လင့်လျက်ရှိနေပါတယ်။

READ
ဟော့ဘစ်အိမ်ပုံစံလေးတွေ ဆောက်လုပ်ရောင်းချဖို့ အိုင်ဒီယာရသွားခဲ့တဲ့ မီးသတ်သမား

Marlvern St. James မိန်းကလေးကျောင်းဟာ အထက်တန်းကျောင်းရဲ့နောက်ဆုံး ၂ နှစ်အတွက် ကျောင်းစရိတ်မှာ တစ်နှစ်ကို ပေါင် ၃၆,၇၂၀ ဖြစ်ပါတယ်။ ဒါဟာမြန်မာငွေနဲ့တွက်ရင်တော့ သိန်းပေါင်း ၆၀၀ ကျော်ပါတယ်။

SWNS

Source: Mirror

Penny

SHARE