နှစ်များစွာအတူရှိခဲ့တဲ့ ခွေးလေးသေဆုံးသွားလို့ စိတ်ထိခိုက်ဖွယ်လမ်းကို ရွေးခဲ့တဲ့ကောင်လေး

Seb Morris ဆိုတဲ့ (၁၄)နှစ်အရွယ်ကောင်လေးဟာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းသဖွယ် ခွေးလေးသေဆုံးသွားခဲ့လို့ ဝမ်းနည်းဖွယ်ကောင်းစွာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ ကောင်လေးရဲ့ မိခင်ဖြစ်သူကတော့ မိသားစုရဲ့ ခွေးလေး Tilly ဟာ ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ဆေးထိုးပြီး အသက်နုတ်ပေးခဲ့ရတာဖြစ်ကြောင်းဆိုပါတယ်။ အင်္ဂလန်နိုင်ငံ ဆိုမာဆက်မှာ နေထိုင်တဲ့ Seb ဟာ သူ (၄)နှစ်သားကတည်းက ခွေးလေးကို မွေးခဲ့တာဖြစ်ပါတယ်။

ခွေးလေးကို သူတို့ခြံနောက်ဘက်မှာပဲ မြေမြုပ်ခဲ့ရာ Seb က တစ်နာရီလောက် မြေပုံနားမှာပဲ သီချင်းနားထောင်ပြီး နေနေခဲ့ပါတယ်။ Tilly သေဆုံးပြီးနောက် Seb ဟာ ကျောင်းလည်း (၂)ရက်လောက် မသွားခဲ့ဘဲ စိတ်အခြေအနေ ပြန်ကောင်းလာသလိုရှိခဲ့ပေမယ့် သူ့အမေကို ခွေးလေးဟာ အရမ်းစောစောကြီး အသက်နုတ်ခံလိုက်ရတယ်ဆိုကာ ပြောခဲ့ပါတယ်။ တစ်ပတ်ခန့်အကြာမှာတော့ ကောင်လေး Seb ဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတော့တယ်။

Dailymail

အဆုံးမစီရင်ခင် တစ်ရက်အလိုမှာတော့ Seb ဟာ သူ့မိခင် Claire ရဲ့ ချစ်သူ Paul နဲ့တောင် လက်ဝှေ့ထိုးကျင့်နေခဲ့ပြီး ပုံမှန်သာထင်ခဲ့ရပေမယ့် နောက်တစ်နေ့ သူ့မိခင် အပြင်ကပြန်လာခဲ့ချိန်မှာတော့ Seb ကို အခန်းထဲမှာ ကြိုးဆွဲချထားလျက် တွေ့ခဲ့ရပြီး အရေးပေါ်အသက်ကယ်နည်းနဲ့ ကယ်ကာ ဆေးရုံကားလည်း ခေါ်ခဲ့ပေမယ့် အသက်မမှီခဲ့တော့ပါဘူး။

READ
ပတ်စ်ပို့ထဲကထက်အသက်ငယ်တဲ့ပုံပေါက်နေလို့ လေဆိပ်မှာထိန်းသိမ်းခံခဲ့ရတဲ့အမျိုးသမီး
Dailymail

Seb ဟာ လက်ဝှေ့သမားတစ်ဦးဖြစ်လာဖို့ ကြိုးစားနေခဲ့တဲ့ ဆယ်ကျော်သက်လေးတစ်ဦးဖြစ်ပြီး လူချစ်လူခင်လည်း များကာ ပျော်ပျော်နေတတ်တဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့ မိခင် Claire က ဆိုပါတယ်။ ကျောင်းက စီနီယာတစ်ဦး ပြောပြချက်အရ Seb ဟာ အခြားဘာစိတ်ခံစားမှုပြဿနာမှလည်း မရှိခဲ့တာကို သိရပါတယ်။ ခွေးလေးတွေနဲ့ သခင်ဖြစ်သူတွေက သံယောဇဉ်ကြီးမားကြတာမှန်ပေမယ့် Seb ကတော့ ငယ်ရွယ်သေးတဲ့အရွယ်မို့ ခံနိုင်ရည်ရှိခဲ့ဟန်မတူပါဘူး..။

White (Shwemom)

Ref: Dailymail

SHARE