ဦးခေါင်းဒဏ်ရာရပြီးတဲ့နောက် နေ့တိုင်း ဇွန်လ(၁၁)ရက်လို့ ထင်နေရှာတဲ့ကောင်မလေး

Metro "Twitter"

အသက်(၁၆)နှစ်သာရှိသေးတဲ့ Riley Horner အမည်ရ ကျောင်းသူလေးဟာ ဦးနှောက်ထိခိုက်ဒဏ်ရာ ရရှိပြီးနောက်၊ မှတ်ဉာဏ်ရဲ့အလုပ်လုပ်ဆောင်မှုက (၂)နာရီတစ်ခါ Reset ပြန်ပြန်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် သူမဟာ နေ့ရက်တိုင်းကို ဇွန်လ (၁၁)ရက်လို့ အထင်ရှိနေပါတယ်။ သူမဟာ ကပွဲတစ်ခုမှာ ခေါင်းကို မတော်တဆ ပြင်းထန်စွာ အကန်ခံခဲ့ရတာလို့ သိရပါတယ်။

Riley ရဲ့ ဦးနှောက်အလုပ်လုပ်မှုဟာ (၂)နာရီသာ ကြာပြီး၊ အဲဒီနောက် ဖုန်းတွေ Reset ကျသလို ကျသွားကာ အရာအားလုံးကို မေ့သွားပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဇွန်လ (၁၁)ရက်မှာ ခေါင်းကို ပြင်းထန်စွာကန်ခံခဲ့ရတာဖြစ်ပြီး၊ သတိရချိန်မှာ အဲဒီ ဇွန်(၁၁)က အဖြစ်အပျက်တစ်ချို့ကိုသာ သတိရနေတာပါ။

 

(၂)နာရီကြာသွားတာနဲ့ မကြာသေးခင်က လုပ်ခဲ့တဲ့အလုပ်တွေ၊ စားခဲ့တာတွေ၊ ပြောခဲ့တာတွေကို ချက်ချင်းပြန်မေ့သွားပြီး၊ လက်ရှိအချိန်ကိုပဲ ဦးနှောက်မှတ်ဉာဏ်က စပြီး ပြန်မှတ်ပါတယ်။ ပြောရရင် နှစ်နာရီအတွင်းက အဖြစ်အပျက်တွေကို နောက်ထပ် နှစ်နာရီအတွင်း ဘာမှ မမှတ်မိတော့တာ ဖြစ်ပါတယ်။

READ
ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့တဲ့ အမေရိကန်ရဲ့ ပထမဆုံး လိင်ပြောင်းလက်ဝှေ့သမား

Riley က သတင်းဌာနတစ်ခုနဲ့ တွေ့ဆုံစဉ်မှာ “ ကျွန်မ အခန်းတခါးမှာ ပြက္ခဒိန်ရှိတယ် … ကြည့်လိုက်တော့ စက်တင်ဘာလတဲ့ … ကျွန်မ Whoa! လို့ အော်မိသွားတယ် … ဒီလို ရုပ်ရှင်ဆန်ဆန်အဖြစ်မျိုး ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး …  ”လို့ ပြောပါတယ်။

Riley ရဲ့အဖြစ်ဟာ (၁၉၉၃)ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Groundhog Day အမည်ရ ဇာတ်ကားထဲကအဖြစ်နဲ့ တူညီနေပါတယ်။ အဲဒီဇာတ်ကားကိုတော့ Bill Murray နဲ့ Andie MacDowell တို့က ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ Riley ဟာ Monmouth, Illinois ဇာတိဖြစ်ပါတယ်။

READ
မပေါ့်တပေါ်အဝတ်အစားနဲ့ အုတ်ဂူပေါ်မှာဓာတ်ပုံရိုက်ခဲ့တဲ့အမျိုးသမီးတွေဝေဖန်ခံနေရ

သူမရဲ့မိဘတွေဟာ သမီးနဲ့ပတ်သက်တဲ့ ဒေါက်တာတွေရဲ့စကားကို ကြားရတော့ အတော်စိတ်မကောင်းဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဆေးဘက်ဆိုင်ရာ ဘာမှ အမှားမရှိသလို၊ MRI နဲ့ CT မှာလည်း စစ်ဆေးလို့အဖြေမပေါ်ခဲ့ပါဘူးတဲ့။ ဦးနှောက်တွင်း သွေးယိုဆင်းမှု မတွေ့ရသလို၊ အကြိတ်လို ပြဿနာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

လင်းသူရိန်

SHARE