အိန္ဒိယကျောင်းသူလေးနှစ်ယောက်ဟာ ကမ္ဘာမြေဆီကို ဦးတည်ပျံသန်းလာတဲ့ ဂြိုဟ်သိမ်ကြီးတစ်ခုကို အဦးဆုံးရှာဖွေတွေ့ရှိခဲ့တာကြောင့် နိုင်ငံပိုင်သတင်းစာတွေမှာ ဝေဝေဆာဆာ ဖော်ပြခံနေရပါတယ်။ အဆိုပါ ကောင်းသူလေးနှစ်ယောက်ဟာ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ဂူဂျာရက်ပြည်နာ်၊ Surat မြို့ဇာတိကပါ။
သူတို့အမည်ကတော့ Radhika Lakhani နဲ့ Vaidehi Vekariya တို့ဖြစ်ပြီး၊ Grade 10 ကျောင်းသူလေးတွေပါ။ သူတို့နှစ်ယောက်ဟာ NASA နဲ့ SPACE India တို့ ပူးပေါင်းပြုလုပ်တဲ့ Project မှာ ပါဝင်ခွင့်ရခဲ့ရာ၊ အဲဒီအစီအစဉ်ကြောင့် သူမတို့နှစ်ယောက်ဟာ ထူးခြားတဲ့အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။

ဟာဝိုင်ယီတက္ကသိုလ်က တယ်လီစကုပ်နဲ့ ရိုက်ယူထားတဲ့ အာကသပုံတွေကို လေ့လာစမ်းစစ်ခွင့် ရရှိခဲ့ပြီး၊ ကုဒ်တွေ၊ ကုဒ်တွေရဲ့သင်္ကေတတွေကို ပုံဖော်နိုင်ခဲ့ကြတာပါ။ ထိုသို့ပုံဖော်ရင်းကနေ သူတို့ဟာ ကမ္ဘာဆီကို ဦးတည်လာတဲ့ ဂြိုဟ်သိမ်ကို တွက်ချက်ခြေရာခံနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဂြိုဟ်သိမ်ကို ကျောင်းသူလေးနှစ်ယောက်က HLV2514 လို့ နာမည်ပေးလိုက်ပါတယ်။ သူမတို့ရဲ့ရှာဖွေတွေ့ရှိမှုကို SPACE India ရဲ့တရားဝင်တွစ်တာမှာ ဂုဏ်ပြုခဲ့ပါတယ်။ ကျောင်းသူလေးနှစ်ယောက်ဟာ နေ့ချင်းညချင်းဆိုသလိုပဲ နာမည်ကြီးသွားခဲ့ပြီး၊ ဒါဟာ မိဘတွေအတွက်သာမက ကျောင်းအတွက်ပါ ဂုဏ်ယူစရာပါ။

SPACE India ရဲ့ကြေညာချက်မှာ “ ရှာဖွေတွေ့ရှိမှု သတိပေးချက်ပါ … ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူစွာ ကြေညာချင်ပါတယ် … Surat မြို့ P.P. SAVANI CHAITANYA VIDYA SANKUL (CBSE) ကျောင်းမှ Radhika Lakhani နဲ့ Vaidehi Vekariya အမည်ရ ကျောင်းသူလေးနှစ်ယောက်ဟာ ကမ္ဘာမြေဆီကို ဦးတည်လာတဲ့ ဂြိုဟ်သိမ်တစ်ခုကို ခြေရာခံနိုင်ခဲ့ပြီး SPACE-AIASC အဖွဲ့ကို အကူအညီ အများကြီး ပေးခဲ့ပါတယ် .. အဲဒီဂြိုဟ်သိမ်ကို HLV2514 လို့ အမည်ပေးထားပါတယ် ”လို့ ရေးခဲ့ပါတယ်။

အဆိုပါ ကျောင်းသူလေးတွေဟာ သိပ္ပံနဲ့ နက္ခတ္တဗေဒပိုင်းနဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်မှာ ပါဝင်ခဲ့ပြီး၊ NASA ရဲ့ PAN Star telescope ကနေ လက်တလောရိုက်ယူထားတဲ့ ဓာတ်ပုံတွေ၊ ဆော့ဖ်ဝဲကို အသုံးပြုတဲ့စနစ်တွေ၊ ဂြိုဟ်တွေ ဂြိုဟ်သိမ်တွေကို ခြေရာခံတဲ့ တွက်ချက်မှုတွေ သင်ပေးခြင်း ခံခဲ့ရပါတယ်။
DISCOVERY ALERT!
We are proud to announce VAIDEHI VEKARIYA SANJAYBHAI and RADHIKA LAKHANI PRAFULBHAI, two students of P.P. SAVANI CHAITANYA VIDYA SANKUL (CBSE) from Surat with the help of SPACE-AIASC discovered a new Asteroid which is a Near-Earth Object named HLV2514. pic.twitter.com/HXpOvrwxNY— SPACE India (@Spacian) July 25, 2020
အဆိုပါအစီအစဉ်ကို ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး၊ သူမတို့တွေ့ရှိမှုဟာ အမှန်တကယ်ဟုတ်မှန်ကြောင်း NASA က ဇူလိုင်(၂၃)ရက်မှာ အတည်ပြုအီးမေးလ် ပို့ပေးခဲ့တာဖြစ်ပါတယ်။ အခုတွေ့ရှိမှုကြောင့် ကမ္ဘာကြီးကို ဂြိုဟ်သိမ်က လာထိဖို့ မရှိပါဘူး။ အဲဒီဂြိုဟ်သိမ်ဟာ ကမ္ဘာမြေနဲ့ လကမ္ဘာရဲ့အကွာအဝေးထက် (၁၀)ဆလောက် ပိုဝေးနေတယ်လို့ သိရပါတယ်။
လင်းသူရိန်