လောင်စာဆီကုမ္ပဏီတွေကို တရားစွဲဖို့ပြင်နေတဲ့ မင်းသားကြီးအာနိုး

Terminator မင်းသားကြီး အာနိုးရှဝါဇနေဂါဟာ အန္တရာယ်ရှိမှန်းသိရက်နဲ့ လူတွေကိုသတ်သလိုလုပ်နေတဲ့ လောင်စာဆီကုမ္ပဏီတွေကို တရားစွဲဆိုဖို့ စီစဉ်နေကြောင်းပြောခဲ့ပါတယ်။

“လူတွေကို အန္တရာယ်ဖြစ်စေမှန်းသိရက်နဲ့ အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ အမှန်တရားကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ ဆေးလိပ်စက်ရုံတွေနဲ့ အတူတူပါပဲ။ ဆေးလိပ်လုပ်ငန်းတွေလည်း ဒီအချက်ကြောင့် တရားစွဲဆိုခံခဲ့ရပြီး သန်းပေါင်းများစွာ ပေးလျော်ခဲ့ပြီးပါပြီ” ဆိုကာ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အာနိုးက ပြောခဲ့ပါတယ်။

Shutterstock

လောင်စာဆီကုမ္ပဏီတွေဟာ (၁၉၅၉)ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့ပြီး သူတို့ကိုယ်တိုင်လည်း သူတို့ရဲ့လုပ်ငန်းတွေက ကမ္ဘာကြီးပူနွေးလာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ကြောင်း သုတေသနအရ သိရှိခဲ့ကြပါတယ်။ ဒါ့အပြင် ၎င်းလုပ်ငန်းတွေဟာ လူတွေအတွက် အသက်အန္တရာယ်ကိုပါ ဖြစ်စေတာပါ။

Shutterstock

မင်းသားကြီး အာနိုးဆက်ပြောတာကတော့ ဓာတ်ဆီဆိုင်တိုင်း၊ ကားတိုင်းနဲ့ လောင်စာဆီသုံးတဲ့ အရာတိုင်းမှာ ဆေးလိပ်တွေလိုပဲ လူတွေအတွက် အန္တရာယ်ရှိကြောင်း သတိပေးစာများ ကပ်ထားကာ စက်ရုံများက တာဝန်ယူသင့်ကြောင်းဆိုပြီးဖြစ်ပါတယ်။ လူတွေကို သေစေနိုင်မှန်း သိလျက်နဲ့ ဆက်လုပ်နေခြင်းဟာ လူသတ်မှုမြောက်ကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။

White (Shwemom)

READ
ရည်းစားဟောင်းကိုသတ်ပြီး သူ့ကိုယ်သူလည်းသတ်သေသွားခဲ့သူ

Ref: DAILYWIRE

SHARE