Van Gaal ဘက်က ကာကွယ်ပြောဆိုပေးခဲ့တဲ့ Schweinsteiger

Schweinsteiger

Schweinsteiger ဟာ  ဘိုင်ယန်မြူးနစ်မှာတုန်းက Van Gaal ရဲ့ နည်းစနစ်တွေနဲ့ အကျွမ်းဝင်သူတစ်ယောက် ဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ ကွင်းလယ်လူဖြစ်တဲ့ ရှဝိုင်းစတိုက်ဂါဟာ အခုတလော မန်ယူပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတဲ့ မန်ယူ
နည်းပြ ဗန်ဟားဘက်က ကာကွယ်ပြောကြားလိုက်ပါတယ်။

Schweinsteiger Goal

လွန်ခဲ့တဲ့ အပတ်က PSV ကိုသရေ ကျအပြီး ချန်ပီယံလိဂ်အိမ်မက်ဟာလည်း မရေမရာအနေအထားမှာ ရှိနေခဲ့ပါတယ်။
လက်စတာကိုလည်း သရေကျခဲ့ပြီး ဇယားထိပ်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ မန်ယူ
ပရိတ်သတ်များအနေနဲ့လည်း ဗန်ဟားရဲ့ နည်းစနစ်တွေကို စိတ်မရှည်နိုင်တော့ပါဘူး။ ဒါပေမယ့် ဗန်ဟားနဲ့ အတူတူတွဲခဲ့
ဖူးတဲ့ ရှဝို်င်းစတိုက်ဂါကတော့ ပြိုင်ဘက်တွေရဲ့ ချည်းကပ်ပုံကြောင့်သာ ရလဒ်တွေ မကောင်းတာလို့ ယုံကြည်နေပါတယ်။

“သူ့မှာ သူ့ရဲ့ပင်ကိုယ်စတိုင် ပုံစံရှိပါတယ်။ ကျွန်တော်တို့ကလည်း သူလိုချင်တဲ့ပုံစံရအောင် ပွဲတိုင်းကြိုးစားနေပါတယ်။
ဒါပေမယ့် တစ်ခါတစ်လေ ခံစစ်အားပြုတဲ့ အသင်းတွေနဲ့ ကစားရတာကတော့ မလွယ်ပါဘူး။ သူတို့က သူုတို့ဘက်ခြမ်းမှာ
၁၀ယောက်လောက် ထားပြီးကစားနေတဲ့အခါ ကစားရခက်တတ်ပါတယ်။ အဲ့ဒိလိုအချိန်မျိုးမှာ အဖြေရှာနိုင်ဖို့လိုပါတယ်။
ကိုယ့်ရဲ့တိုက်စစ်ကိုမြှင့်ရမယ့် အချိန်ကို ချိန်သားကိုက်သိနေဖို့လိုပါတယ်လို့” အားကစား မဂ္ဂဇင်း တစ်ခုကိုပြောကြားခဲ့ပါ
တယ်။

READ
၂၉-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

တစ်ချိန်ထဲမှာပဲ မန်ယူကစားဖော်တွေဟာ ရှဝိုင်စတိုက်ဂါကို Mr.Calm (တည်ငြိမ်သူကြီး)လို့ ချစ်စနိုးနာမည်ပေးထား
ကြောင်းလည်း သိရပါတယ်။

“တစ်ခါတစ်လေမှာ မြန်မြန်ဆန်ဆန်လုပ်ရမယ့် အခါရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့အသင်းဖော်တွေကို
တည်တည်ငြိမ်ငြိမ်ဖြစ်အောင် လုပ်ပေးရပါတယ်။ အရမ်း အမြန်လိုနေတာမျိုးကို ကျွန်တော်သဘောမကျပါဘူး။ ဒါ့ကြောင့်
လည်း ဒီနာမည်ကို ကျွန်တော့်ကို ပေးကြတာဖြစ်ပါလိမ့်မယ်”လို့ ရှဝိုင်စတိုက်ဂါက ဆိုပါတယ်။

Schweinsteiger Cantona

ရှဝိုင်စတိုက်ဂါဟာ ငယ်စဉ်ကတည်းက အဲရစ်ကန်တိုနာကို သဘောကျသူတစ်ယောက်ဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။
“သူက အရှိအဝါရှိတဲ့ သူတစ်ယောက်ပါ။ အရည်အသွေးကောင်းလည်းပိုင်ဆိုင်ပြီး ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်
ဖြစ်ပါတယ်။ ပွဲတိုင်းကို အနိုင်ရလိုစိတ် ပြင်းထန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်ကြိုက်ရခြင်း အကြောင်းအရင်း
ကတော့ သူဟာ မန်ယူကစားသမားတစ်ယောက်ဖြစ်နေလို့ပါပဲလို့ ” ပြောခဲ့ပါတယ်။

 

Myanmar Online Media Team

Ref:ManchesterEveningNews

 

SHARE