Gymကစားပြီးပုံတွေခဏခဏတင်သူတွေဟာ အတ္တကြီးသူများဖြစ်ကြောင်းတွေ့ရှိ

ကိုယ်ခန္ဓာကြံခိုင်ဖို့အတွက် ဒီနေ့ခတ်ထဲမှာ Gymကစားကြတာဟာ ဆန်းတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒီလိုမိမိ Gym
သွားတဲ့အကြောင်း တစ်ခါတစ်လေ Facebook ပေါ်တင်တတ်တာလည်း အရမ်းဆန်းတာတော့မဟုတ်ပါဘူး။ အခုတွေ့ရှိ
ခဲ့တာကတော့ ခဏခဏတင်တဲ့သူတွေရဲ့ အကြောင်းဖြစ်ပါတယ်။

1

Brunel University London ကလုပ်ခဲ့တဲ့ လေ့လာမှုအသစ်အရ စားသောက်မှုပုံစံ၊ လုပ်တဲ့လေ့ကျင့်ခန်း၊ ရလာတဲ့ဗလ စတာတွေကို ခဏခဏတင်တတ်တဲ့သူတွေဟာ အတ္တကြီးမားသူတွေဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ထိုတက္ကသိုလ်
က စိတ်ပညာရှင်တွေဟာ Facebook အသုံးပြုသူ ၅၅၅ယောက်ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့တင်တဲ့ပုံတွေအပြင်
သူတို့ရဲ့စိတ်နေစိတ်ထားတွေကို ပတ်ဝန်းကျင်ကတစ်ဆင့် လေ့လာခဲ့တာလည်းဖြစ်ပါတယ်။

နောက်ပြီး ထိုသူတွေကို Online Survey လုပ်ပြီး မေးခွန်းတွေလည်း မေးခဲ့ပါသေးတယ်။ ထိုသူတွေရဲ့အဖြေတွေကို
စစ်ဆေးကြည့်တဲ့အခါမှာ တစ်ကိုယ်ကောင်းဆန်သူတွေမှာရှိတတ်တဲ့ ဝိသေသလက္ခဏာတွေကို အားလုံးဆီမှာ တွေ့ခဲ့
ရပါတယ်။

2

တစ်ကိုယ်ကောင်းဆန်သူတွေဟာ သူတို့ရဲ့စတေးတပ်တွေမှာ သူတို့အကြောင်းပဲ အမြဲလိုလိုတင်လေ့ရှိပါတယ်။ သူတို့
ဘာတွေစားတယ်၊ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်တယ်၊ ဘာတွေရလာလဲ၊ စတာတွေကိုအမြဲတင်နေတတ်ပါတယ်။
သူတို့ဟာ အာရုံစူးစိုက်မှုခံလိုချင်ကြသူများဖြစ်ကြောင်းလည်းတွေ့ရှိရပြီး ထိုအချက်ကြောင့်ပဲ ပုံတွေကိုခဏခဏတင်ခြင်း
ဖြစ်ကြောင်း သိရှိရပါတယ်။

READ
ကမ္ဘာတစ်လွှားက ထူးထူးခြားခြား ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များ

Source:metro

မောင်ရွှေရိုး (Shwemom)

SHARE