ခွေးမွေးတာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေကြောင်း သိပ္ပံပညာရှင်များကတွေ့ရှိ

ခွေးမွေးတာက တကယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိတယ်လို့ သိပ္ပံပညာနဲ့ နောက်ဆုံးမှာသော အတည်ပြုနိုင်ခဲ့ကြပြီလို့ mail online ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

pixabay

လူတွေမှာတော့ ခွေးမွေးရခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်များစွာရှိပါတယ်။ အများအားဖြင့်ကတော့ ချစ်ဖို့ကောင်းလို့၊ အဖော်ရလို့၊ စတဲ့ အကြောင်းပြချက်တွေနဲ့ မွေးမြူကြပြီး စိတ်သက်သာမှုပေးတယ်၊ အထောက်အကူဖြစ်စေတယ် စတဲ့ အယူအဆတွေနဲ့လည်း မွေးမြူကြတယ်။

University of Liverpool က လေ့လာသူတွေဟာ Cheshire အနောက်ဘက်က လူနေမှု ၀န်းကျင်မှာ ကွင်းဆင်းလေ့လာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီ့က ခွေးပိုင်ရှင် ၁၉၁ ဦး၊ ခွေးမမွေးထားတဲ့သူ ၄၅၅ ဦးနဲ့ ကလေး ၄၆ ဦးတို့အပေါ်လေ့လာမှုပြုခဲ့ကြတယ်။ အဲ့ဒီလိုလေ့လာခဲ့ရာမှာတော့ ယူကေမှာ ခွေးမရှိတဲ့ လူတွေက တက်ကြွလှုပ်ရှားမှုနည်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

READ
လူတွေကို အနှောင့်အယှက်ပေးပြီး ဆိုးသွမ်းလွန်းလို့ ရဲအဖမ်းခံခဲ့ရတဲ့ တိရစ္ဆာန်များ
pixabay

လူတွေဟာ တစ်ပတ်ကို လမ်းလျှောက်လေ့ကျင့်ခန်းကို မိနစ် ၁၅၀ လုပ်သင့်တယ်လို့ NHS က အကြံပြုနှိုးဆော်ခဲ့ဖူးပါတယ်။ ခွေးရှိတဲ့ သူ ၈၇.၃ ရာခိုင်နှုန်းက အဲ့ဒီ့ တားဂတ်ကို ရောက်တာတွေ့ရပြီး ခွေးမရှိတဲ့တွေမှာတော့ ၆၂.၇ ရာခိုင်နှုန်း တားဂတ်ကို ရောက်တာတွေ့ရပါတယ်။

Pixabay

ခွေးပိုင်ရှင်တော်တော်များကလည်း လုပ်ပုံမှန်လျှောက်သူတွေ၊ ပြေးလွှားလှုပ်ရှားသူတွေ ဖြစ်နေတာကို လေ့လာသူတွေက တွေ့ရှိခဲ့ကြတယ်။ ခွေးရှိတဲ့သူတွေဟာ တစ်ပတ်မှာ ၇ ကြိမ်နဲ့ မိနစ် ၂၂၀ လမ်းလျှောက်ဖြစ်ကြပြီး မရှိတဲ့သူတွေထက်ပိုပြီး မကြာခဏ အချိန်ကြာကြာ လမ်းလျှောက်ဖြစ်တာကိုတွေ့ခဲ့ကြရတယ်။

၎င်း လေ့လာသူတွေက ခွေးမွေးတာဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်ပြုနေကြောင်း တနည်းအားဖြင့်ထောက်ပြခဲ့ကြတယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

Matthew (ShweMOM)

SHARE