စိတ်ပျံ့လွင့်မှု နည်းပါးသူများဟာ ဘ၀မှာ ပို၍ပျော်ရွှင်သူများဖြစ်ကြ

Depressed Man with Problems holding hand over his Face and Crying, occupied by Mind Blowing Thoughts

ကျွန်တော်တို့ရဲ့ စိတ်တွေဟို ဟိုရောက်ဒီရောက်ပျံလွင့်နေတတ်ပါတယ်။တစ်ခုခု လုပ်နေစဉ်မှာလည့်း  စိတ်နဲ့ကိုယ်နဲ့ မကပ်ပဲ ပျံလွင့်နေလေ့ရှိပါတယ်။စိတ်ဆိုတာကလည်း တော်တော် အပြေးမြန်တဲ့အရာ တစ်မျိုးပါ။လူကသာ အိမ်မှာ ရှိနေပေမဲ့ စိတ်ကတော့ အပြင်ကိုရောက်၊သွားချင်တဲ့ နေရာကို ခဏလေးအတွင်း ရောက်သွားနိုင်ပါတယ်။ကမ္ဘာတစ်ပါတ် ပါတ်ဖို့ လည်းမကြာပါဘူး။ဒီနေရာမှာ မေးစရာပေါ်လာတာက ဒီဦးနှောက်ရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ စိတ်ပျံလွင့်ခြင်းဟာ ကျွန်တော်တို့ ပျော်ရွှင်မှုအပေါ်ကို သက်ရောက်မှု ရှိနိုင်ပါသလား။ဆိုလိုတာက ဒီလို စိတ်ပျံလွင့်ခြင်းကြောင့် ကျွန်တော်တို့ ပိုပျော်ရသလား (ဒါမှမဟုတ် ) စိတ်ညစ်ရသလား ဆိုတာပါပဲ။

လူတော်တော်များများကတော့ ဘ၀မှာ ပျော်ရွှင်ဖို့အတွက် လိုအပ်တဲ့ အရာတွေက ငွေကြေး၊ပညာရေး၊အိမ်ထောင်ဖက်၊အောင်မြင်မှု စတာတွေလို့ ထင်တတ်ကြပါတယ်။ ထင်တဲ့ အတိုင်းလဲ လူတစ်ယောက်ရဲ့ ဘ၀မှာ ပျော်ရွှင်နိုင်ဖို့ လိုအပ်တဲ့တွေထဲမှာ အထက်ဖော်ပြခဲ့တဲ့ အရာတွေက အခြေခံ အုတ်မြစ်တွေပါပဲ။ဒါပေမဲ့ ပျော်ရွှင်မှုကို ဒီအရာတွေနဲ့ပဲတည်ဆောက်လို့မရပါဘူး။ငွေကြေးဆင်းရဲ့ နွမ်းပါးပေမဲ့လည်း သူဌေးတွေထက် ဘ၀မှာ ပိုပျော်ရွှင်နေတဲ့ လူတွေ အများကြီးရှိကြပါတယ်။ ဒါဖြင့် ဟုတ်ပြီ လိုအပ်နေတဲ့ အရာကဘာလဲ။ဟားဗတ် တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ မတ်ကင်းစဝေါ့ ကတော့ ” ငွေကြေး၊ပညာရေး၊အိမ်ထောင်ဖက်၊တို့ဟာ အရေးကြီးတယ်လို့ ထင်ရပေမဲ့ ပျော်ရွှင်မှု အပေါ် ထိရောက် ပြင်းထန်တဲ့ အကျိုး သက်ရောက်မှု မရှိဘူး။တကယ်အရေးကြီးတဲ့ အချက်တွေက ကျွန်တော်တို့ နေ့စဉ်ဘာတွေ လုပ်နေသလဲ၊ဘယ်သူတွေနဲ့ ရှိနေလဲ၊ကျွန်တော်တို့ ဘာတွေ တွေးနေသလဲဆိုတာက ပျော်ရွှင်မှု အတွက် ပိုပြီး အရေးပါပါတယ် ” လို့ဆိုခဲ့ပါတယ်။

READ
ကားအတွင်း အမှတ်တမဲ့ ရေသန့်ဘူးထားခြင်းရဲ့ ကြောက်မက်ဖွယ်အန္တရာယ်များ

980x

ဟားဗတ် တက္ကသိုလ်မှလေ့လာချက်တစ်ခုဟာ လူတွေ ဘာကြောင်းတွေတွေးနေလဲ၊တွေးနေတဲ့ အချိန်မှာ စိတ်ခံစားချက်က
၁) သာမန်ပဲလား
၂) စိတ်ညစ်နေလား
၃)ပျော်နေလား ဆိုတဲ့ မေးခွန်းကို အသက် ၁၈ နှစ်မှ ၈၀ နှစ်အတွင်း ဘာသာ၊လူမျိုး၊၀င်ငွေ၊ပညာရေး အမျိုးမျိုးရှိတဲ့ လူပေါင်း ၁သောင်းခွဲ ကျော်ကို သုတေသန ပြုခဲ့ပါတယ်။

ဒီလေ့လာချက်အရ လူပေါင်း ၄၇ % ဟာ သူတို့ လက်ရှိလုပ်နေတဲ့ အလုပ်နဲ့ မဆိုင်တဲ့ တခြားအကြောင်းအရာကိုတွေးမိနေတယ် လို့ဆိုပါတယ်။သူတို့တွေဟာ တစ်နေ့မှာ ၃ ပုံတစ်ပုံ မျှရှိတဲ့ အချိန်တွေမှာ စိတ်တွေပျံလွင့်နေကြပါတယ် လို့ဆိုပါတယ်။ဒီလိုတွေးတဲ့ အကြောင်းအရာ ၈၅ % ခန့်ကလည်း စိတ်ညစ်စရာ အကြောင်းအရာတွေကိုပဲ တွေးမိပါတယ်လို့ ဆိုပါတယ်။ပျော်ရွှင်စရာ အကြောင်းအရာလေးကို စတွေးလိုက်ပေမဲ့ ဒီအကြောင်းအရာက စိတ်ညစ်စရာ အတွေး တစ်ခုအဖြစ်နဲ့ ပဲ အဆုံးသတ်သွားလေ့ရှိတယ် လို့လည်းဆိုကြပါတယ်။ဒီလေ့လာချက်က လူတွေ စိတ်ပျံလွင့်ပြီး ဟိုတွေးဒီတွေးနေကြတဲ့အချိန်ဟာ စိတ်တည်ငြိမ်စွာနဲ့ရှိနေတဲ့ အချိန်ထက် ပိုပြီးမပျော်မရွှင် ဖြစ်ကြလေ့ရှိပြီး ကွာခြားချက်ကလည်း များပါတယ် လို့ဆိုပါတယ်။

overthinking

စိတ်ပညာပါမောက္ခ မတ်ကင်းစဝေါ့ ကတော့ ” စိတ်မပျံလွင့်ပဲ တည်တည်ငြိမ်ငြိမ်ရှိတဲ့လူတစ်ယောက်ဟာ ပိုက်ဆံချမ်းသာပြီး စိတ်ပျံလွင့်နေတဲ့ လူတစ်ယောက်ထက် ပိုပြီး ပျော်ရွှင်ကြပါတယ် ” လို့ဆိုပါတယ်။
ဟားဗတ် တက္ကသိုလ်မှလေ့လာချက်က ကျွန်တော်တို့ ပျော်ရွှင်တယ် မပျော်ရွှင်ဘူးဆိုတာ ကျွန်တော်တို့ဘာတွေ လုပ်နေရလဲဆိုတာ သိပ်အဓိကမကျဘဲ ကျွန်တော်တို့ စိတ်တွေဘာတွေ တွေးနေလဲ(ပစ္စုပန်မှာ ပဲကျွန်တော်တို့ စိတ်ကို အာရုံစိုက်ထားနိုင်လား) ဆိုတာက အဆုံးအဖြတ်ပေးပါတယ် လို့ဆိုပါတယ်။ဆိုလိုချင်တာက ကိုယ်ပိုင်ကားစီးနေနိုင်ပေမဲ့လည်း သူစိတ်က ပျံလွင့်နေရင် သူလည်း ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ကျွန်တော်တို့ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပစ္စုပန်အလုပ်တွေအပေါ်မှာ ကျွန်တော်တို့ စိတ်ကို ထိန်းချုပ်ထားနိုင်ဖို့ ကအရေးကြီးပါတယ်။

READ
ဓာတုဆေးတွေမသုံးဘဲနဲ့ အင်းဆက်တွေကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းကောင်း(၅)ခု

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တွေးတော စဉ်းစားခြင်းကို လုံးဝ ရပ်ခိုင်းတာ မဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ တွေးတောနိုင်တဲ့ စွမ်းအင်က လူတစ်ယောက် အတွက် အလွန်အသုံးဝင်တဲ့ အရည်အချင်းတစ်ခုပါ။ရှေ့ရေးနောက်ရေး မျှော်တွေးတတ်တဲ့ သူတွေဟာ ဘ၀အတွက်ကြိုတင်ပြင်ဆင်ထားနိုင်တဲ့ သူတွေ ဖြစ်ကြပါတယ်။ဒါကြောင့်တွေးတောစဉ်းစားခြင်းကိုတော့ လုံးဝ လွှင့်ပစ်လိုက်ဖို့ မသင့်ပါဘူး။ဘယ်အရာပဲ လုပ်လုပ် အစွန်းရောက်ရင်မှားတတ်ပါတယ်။ကျွန်တော်တို့ စိတ်ပျံလွင့်ခြင်းကို လျှော့ချဖို့ နည်းလမ်းကတော့ အချိန်ပေးပြီး တရားထိုင်ခြင်းပါပဲ။ဒီလိုသင့်စိတ်ကို တည်ငြိမ်အောင် လေ့ကျင့်ခြင်းအားဖြင့် သင့်ဘ၀ဟာ ပိုပြီး ပျော်ရွှင်စရာ ကောင်းလာမှာ ဖြစ်ပါတယ်။

Arkar Hein (Shwemom)

Ref : Life Hack

SHARE