မွေးချင်းထဲမှာ အစ်မ/ညီမ ရှိသူတွေဟာ ပိုမိုကောင်းမွန်တဲ့လူတွေ ဖြစ်နိုင်ကြောင်းသိရ

မွေးချင်းမောင်နှမတွေထဲမှာ အစ်မတွေ၊ ညီမတွေရှိခဲ့ရင် ဘ၀ဟာ နေပျော်စရာကောင်းပြီး စိတ်ကျေနပ်ဖွယ်ဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၀)ခုနှစ်တုန်းက The Journal of Family Psychology မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ လေ့လာချက်တစ်ခုက အခုလိုဆိုထားတာပါ။ သုတေသနမှာ မွေးချင်းများစွာပါတဲ့ မိသားစုပေါင်း(၄၀၀) ကိုလေ့လာခဲ့ကြပါတယ်။

Pexels

ဒီအခါမှာ ညီမ/အစ်မ ရှိခြင်းဟာ ကောင်းမွန်တဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ညီအစ်ကိုမောင်နှမအချင်းချင်း တစ်ဦးကိုတစ်ဦး ဖေးဖေးမမ ပြုလုပ်ပေးနိုင်တဲ့အပြင် အခက်အခဲတွေကိုလည်း အတူဖြေရှင်းနိုင်ကြတယ်လို့သိရပါတယ်။ ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ လော်ရာပါဒီလာ ဝေါလ်ကာဆိုသူကတော့ မောင်နှမတွေကြားထဲမှာ ဘယ်လောက်ပဲ အငြင်းပွားတိုက်ခိုက်မှုတွေ ရှိနေပေမယ့် တစ်ဦးနဲ့တစ်ဦးသာ ချစ်ခင်ရင်းစွဲရှိနေတယ်ဆိုရင် ရလဒ်ကောင်းထွက်လာမယ်လို့ ပြောပြခဲ့ပါတယ်။

goodfullness.net

မောင်နှမတွေ အချင်းချင်းရန်ဖြစ်တဲ့အခါ သူတို့တွေဟာ စိတ်ခံစားချက်တွေကို ထိန်းညှိတတ်ဖို့ သင်ယူရပါတယ်။ စိတ်ခံစားချက်တွေကို ထိန်းတတ်ဖို့ဆိုတာ ဘ၀မှာအလိုအပ်ဆုံးပညာတွေထဲက တစ်ခုပါ။ ဒါကြောင့် မောင်နှမတွေအချင်းချင်းရန်ဖြစ်ကြရင်တောင်မှ ညီအစ်ကိုမောင်နှမတွေနဲ့နေရတဲ့ဘ၀ဟာ အထီးကျန်တယ်ဆိုတာ ရှားလွန်းပါတယ်။

READ
ပြီးပြည့်စုံတဲ့အချစ်ရေးကိုပိုင်ဆိုင်ဖို့နားလည်ထားဖို့လိုတဲ့အချစ်ရဲ့ဘာသာစကား(၄)မျိုး

ဒါ့အပြင် အစ်မ/နှမတွေနဲ့ အတူကြီးပြင်းလာတဲ့အမျိုးသားတွေဟာဆိုရင်လည်း ယေဘူယျအနေနဲ့ လူမှုဆက်ဆံရေးကောင်းသူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။  နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်က မိဘတွေကွယ်လွန်သွားပြီးရင်တောင် အစ်မတွေ၊ ညီမတွေဟာ မိသားစုကို စုစုစည်းစည်းဖြစ်အောင် ထိန်းသိမ်းတတ်သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Pexels

ဒါကြောင့် ဘာပဲပြောပြော မောင်နှမအချင်းချင်း အသေးအဖွဲစကားများတဲ့ ကိစ္စလေးတွေရှိခဲ့ရင်တောင် ဒီကိစ္စလေးတွေဟာ အဖုအထစ်သေးသေးလေးတွေပါပဲ။ မောင်နှမတွေသာ ကိုယ်နဲ့ဘ၀တစ်လျှောက်လုံး အတူရှိနေမှာဖြစ်တာကြောင့် သူတို့တွေနဲ့ ရင်းနှီးခိုင်မာတဲ့ဆက်ဆံရေးကို အခုကတည်းက တည်ဆောက်ထားသင့်ကြပါတယ်။

လင်းလင်း (ShweMom)

Ref: goodfullness

SHARE