သိပ္ပံပညာရှင်တွေ အင်တိုက်အားတိုက် တီထွင်နေတဲ့ စားချင်ရာစားပြီး ၀ိတ်မတက်မယ့်ဆေး

သြစတေးလျမှ သုတေသီများဟာ ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့ အဆီပိုတွေကို တိုးပွားခြင်းမှ လျော့ကျစေပြီး အနားယူရုံနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်မယ့် ဆေးဝါးတစ်မျိုး တီထွင်နေကြောင်း ထုတ်ဖော်ပြောဆို လာခဲ့ပါတယ်။

Supplied

သြစတေးလျတောင်ပိုင်းမှာရှိတဲ့ Adelaide ဒေသမှ Flinders တက္ကသိုလ်ရဲ့ပါမောက္ခ Damien Keating ဦးဆောင်ထားသော နိုင်ငံတကာဆိုင်ရာသုတေသီအဖွဲ့ဟာ အဝလွန်ခြင်းဆိုင်ရာပြဿနာများကို တစ်ဖက်တစ်လမ်းမှတားဆီးဖို့အတွက် အဖြေတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ သုတေသနပြုချက်အရ အခန္ဓာကိုယ်တွင်း မလိုအပ်တဲ့အဆီတွေကိုသိုလှောင်ထားပြီး တိုးပွားအောင်လုပ်နေတဲ့ မျိုးရိုးဗီဇတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

Flinders University

ဒီမျိုးရိုးဗီဇရဲ့ လုပ်ဆောင်မှုကိုပိတ်ပင်လိုက်မယ်ဆိုပါက အဆီပိုတိုးပွားမှုကိုပါ လျော့ကျစေခဲ့အပြင် ဘာမှလုပ်စရာမလိုပဲ အဆီပိုတွေဟာ အလိုလိုလောင်ကျွမ်းကာ ခန္ဓာကိုယ်တွင်းက ထွက်သွားပါလိမ့်မယ်။ ဒါကြောင့် မျိုးရိုးဗီဇတစ်ခုတည်းကိုသာ ပိတ်ပင်နိုင်မယ့် ဆေးဝါးကို တီထွင်နေကြတာပဲဖြစ်ပါတယ်။

7 News

RCAN1 လို့အမည်ပေးထားတဲ့ မျိုးရိုးဗီဇကို ကြွက်ရဲ့ခန္ဓာကိုယ်တွင်းမှ ဖယ်ရှားလိုက်တဲ့အခါ ဘယ်လောက်ပဲ အစာကျွေးကျွေး ဝမလာကြတာကို ထူးဆန်းစွာတွေ့ရှိရပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်တွင်းမှာရှိတဲ့ RCAN1 ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ပိတ်ပင်လိုက်တဲ့အခါ ခန့်မှန်းထားသလို ရလဒ်မျိုးဖြစ်ပေါ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။

READ
လမ်းကူးတဲ့အခါ ဘယ်ညာမကြည့်ဘဲကူးတတ်သူတွေ ကြည့်သင့်တဲ့ ဗွီဒီယိုဖိုင်
7 News

“ကျွန်တော်တို့စမ်းသပ်ထုတ်လုပ်ထားတဲ့ဆေးအရတော့ လှုပ်လှုပ်ရှားရှားမလုပ်လေ အဆီပိုတွေပိုကျလေလို့ပဲ အကြမ်းဖြင်းပြောရမှာပါပဲ။ အစားလျှော့စားစရာတွေ၊ လေ့ကျင့်ခန်းလုပ်စရာမလိုအပ်တော့ဘူးပေါ့” လို့ ပါမေက္ခ Damien က ဆိုပါတယ်။ မဖြစ်နိုင်ဘူး စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြော ကြွက်တွေကိုစမ်းသပ်ကြည့်သလောက်တော့ သူပြောသလိုရလဒ်မျိုးနဲ့တစ်ထပ်တည်း သွားကျနေပါတယ်။

ကြွက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ တူတဲ့လူတွေဆီမှာတော့ အခုထက်ထိမစမ်းသပ်ရသေးပါဘူး။ လူခန္ဓာကိုယ်မှာရှိနေတဲ့ ဆဲခလ်တွေနဲ့ ပြန်ညှိနေရတဲ့အတွက် ရလဒ်ထွက်ရှိဖို့တော့ အချိန်ယူရဦးမှာပဲဖြစ်ပါတယ်။

WHO ရဲ့ ၂၀၀၅ ခုနှစ်တုန်းကစစ်တမ်းအရ ကမ္ဘာပေါ်မှာရှိတဲ့အရွယ်ရောက်ပြီးသားလူများရဲ့ (၉.၈%)၊ (၄၀၀) မီလီယံကျော်လောက်ဟာ အဝလွန်ခြင်းကို ခံစားနေရပါတယ်။ အမျိုးသားများထက် အမျိုးသမီးများကပို၍အဖြစ်များပြီး အသက်ကြီးလာသည်နှင့်အမျှ အဝလွန်နိုင်ချေရာခိုင်နှုန်းလည်း လိုက်တိုးလာနိုင်ပါတယ်။ အနောက်နိုင်ငံများဖြစ်တဲ့ အမေရိက၊ ကနေဒါနဲ့ သြစတေးလျနိုင်ငံများမှာတော့ အများဆုံးဖြစ်ပါတယ်။

Source: Daily Mail, Wiki, The Lead South Australia

READ
ကျမ်းစာထဲက လှေကြီးအတိုင်း ပုံစံတူဆောက်လုပ်ပြီး အစ္စရေးနိုင်ငံသို့ရွက်လွှင့်မယ့်မီလျံနာ

Penny

SHARE