သိပ္ပံလောကမှာ လက်မခံနိုင်လောက်သေးတဲ့ စမ်းသပ်မှုမျိုး လုပ်ခဲ့လို့ အဖမ်းခံလိုက်ရသူ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က Shwemom မီဒီယာမှာ သန္ဓေသားလောင်းကို သာမန်လူတွေနဲ့ ကွဲထွက်အောင် DNA ပြောင်းလိုက်တဲ့ သိပ္ပံပညာရှင် ဆိုတဲ့ သတင်းတစ်ပုဒ်ကို တင်ခဲ့ပါတယ်။ ထိုသတင်းမှာ ရှင်းပြခဲ့တဲ့အတိုင်း အမြွှာသန္ဓေသားလောင်းတွေရဲ့ မျိုးဗီဇတွေကို ပြုပြင်ပြီး HIV ကူးစက်ခံရနိုင်စွမ်း မရှိအောင် လုပ်ခဲ့တဲ့ တရုတ်သိပ္ပံပညာရှင်ကတော့ သူ့ရဲ့ စမ်းသပ်မှုကြောင့် အဖမ်းခံလိုက်ရပါပြီ။

PA

He Jiankui လို့ အမည်ရတဲ့ ထိုသိပ္ပံပညာရှင်ဟာ နိုဝင်ဘာ ၂၈ က ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် လူသားမျိုးဗီဇပြောင်းပညာ အပြည်ပြည်ဆိုင်ရာ ညီလာခံမှာ သူ့ရဲ့ စမ်းသပ်ချက်အကြောင်း ကြေညာခဲ့တာပါ။ သန္ဓေလောင်း နှစ်ခုရဲ့ မျိုးဗီဇတွေကို ပြောင်းပစ်လိုက်တယ်ဆိုတဲ့ သူ့ရဲ့ ထွက်ဆိုမှုကို အခြားသိပ္ပံပညာရှင်များကတော့ သဘောမကျခဲ့ကြဘဲ ရေရှည်အကျိုးဆက်တွေနဲ့ပတ်သက်လို့ အငြင်းပွားစရာတွေ ရှိခဲ့ပါတယ်။

READ
နေ့တိုင်းဘူတာရုံဆီလမ်းလျှောက်ကာ မိသားစုနဲ့အဆက်အသွယ်ရဖို့ကြိုးစားတဲ့အမျိုးသား
Second International Summit on Human Genome Editing

He Jiankui ဟာ ရှန်ကျန်းမြို့တောင်ပိုင်း သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ ညီလာခံမှာ ရုတ်ရုတ်သဲသဲဖြစ်စေခဲ့တဲ့ စမ်းသပ်မှုအကြောင်းကို သူ ကြေညာခဲ့ပြီးနောက် ဟောင်ကောင်ကနေ ရှန်ကျန်းသို့ ပြန်အခေါ်သွားခံခဲ့ရပြီး သူ အလုပ်လုပ်ရာ တက္ကသိုလ်မှာ စမ်းသပ်မှုနဲ့ ပတ်သက်လို့ ၆ နာရီကြာ စစ်ဆေးမှု ခံခဲ့ရပါတယ်။ ထို့နောက်မှာတော့ He Jiankui တစ်ယောက် နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းခံလိုက်ရတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

PA

Jiankui ဟာ အမြွှာသန္ဓေသားလောင်းတွေကို ဖခင်က HIV ပိုး ရှိနေခဲ့ပေမယ့် သန္ဓေသားတွေမှာ HIV ပိုး မဝင်နိုင်အောင် မျိုးဗီဇ ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ သန္ဓေသားတွေရဲ့ DNA ကို ပြောင်းပေးခဲ့တာမှန်ပေမယ့် ကလေးတွေ မွေးဖွားလာပြီးရင် ရေရှည်အကျိုးဆက်က ဘာတွေ ဖြစ်နိုင်မလဲဆိုတာတော့ Jiankui မတွက်ထားခဲ့ပါဘူး။ သန္ဓေသားတွေရဲ့ အနာဂတ်ကို ထည့်မတွက်ဘဲ မျိုးဗီဇပြောင်းခဲ့ခြင်းအပေါ် ကျန်းမာရေး အဖွဲ့အစည်းတွေကလည်း ဒါဟာ ဥပဒေချိုးဖောက်တာဖြစ်တယ်လို့ပဲ သတ်မှတ်ကြပါတယ်။

READ
မုန်တိုင်း Ophelia ဝင်ကာစ ကောင်းကင်မှာ နေ(၂)စင်းထွက်သလို မြင်ခဲ့ရ

Jiankui အလုပ်လုပ်တဲ့ ရှန်ကျန်းမြို့တောင်ပိုင်း သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကတော့ ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာကိုမှ အတိအကျ ရှင်းလင်းပေးဦးမှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ထူးခြားတဲ့ လူသားတွေကို တီထွင်လိုက်နိုင်တယ်လို့ ဂုဏ်ယူနေခဲ့တဲ့ Jiankui ကတော့ အခုဆို အကျယ်ချုပ်နဲ့ စစ်ဆေးမေးမြန်းခံရလျက်ရှိပါတယ်။

Ref: Unilad, Dailymail, Time

SHARE