အိမ်မွေးတိရစ္ဆာန်လေးတွေကို ရှာဖွေပေးနိုင်မယ့်စက်ရုပ် သိပ္ပံပညာရှင်တွေတီထွင်နေ

Beetl Robotics

အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိခြင်းဟာ လူကိုအဆုံးမဲ့တဲ့ပျော်ရွှင်ကြည်နူးမှုမျိုးကိုရရှိမယ့်အပြင် အဲ့ဒီတိရစ္ဆာန်  လေးတွေနဲ့အိမ်ပြင်ထွက်လမ်းလျှောက်တဲ့အခါမှာလည်း လမ်းရှိတွေ့တဲ့လူတိုင်းရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ အပြုံးတွေကိုရရှိခံစားရမှာဖြစ်ပါတယ်။

ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်မွေးထားရခြင်းရဲ့နောက်ဆက်တွဲပါလာတဲ့တာဝန်တွေကတော့ သူတို့  ကိုလိုက်ဖမ်းရတဲ့ဆိုးဝါးတဲ့အကျိုးဆက်ပဲဖြစ်ပါတယ်။

Beetl Robotics

တစ်ကယ်လို့သင်လည်း အမှိုက်သရိုက်တွေကို တူးဆွနေတဲ့အိမ်မွေးခွေးတစ်ကောင်ကိုတွေ့ခဲ့မယ်ဆိုရင်  ဒါဟာ ဘယ်သူ့ခွေးလေးလည်းဆိုပြီး ခွေးပိုင်ရှင်ကိုရှာဖွေပေးမှာအမှန်ပါပဲ။

ဒါ့ကြောင့် ကုမ္ပဏီတစ်ခုကနေပြီး ခွေးတွေကိုအလိုအလျောက်ရှာဖွေပေးတဲ့စက်ရုပ်တစ်ရုပ်ကိုတီထွင်ခဲ့ ပါတယ်။ ဒီလိုတီထွင်လိုက်တဲ့အတွက် ခွေးပိုင်ရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ခွေးကိုအပူတပြင်း  နေရာအနှံ့လိုက်ရှာစရာမလိုတော့ပါဘူး။

Beetl Robotics

ဒီစက်ရုပ်ရဲ့နာမည်ကို Beetl လို့ပေးထားပြီး ခွေးတွေကိုရှာဖွေနိုင်အောင် စက်ရုပ်ရဲ့မျက်နှာပြင်ထဲမှာ  ကင်မရာကိုတပ်ဆင်ပေးထားပါတယ်။ ရှေ့ကင်မရာရဲ့အကူအညီနဲ့ ကွန်ပျူတာရဲ့အတွေးတို့ပေါင်းစပ်ပြီး ပျောက်နေတဲ့ ခွေးကိုလိုက်လံရှာဖွေမှုတွေပြုလုပ်နိုင်ပါတယ်။

Beetl စက်ရုပ်ဟာ စွန့်ပစ်ပစ္စည်းတွေကိုရှာဖွေပေးနိုင်တဲ့အပြင် သူ့ရဲ့အာရုံခံကိရိယာတွေက အတားအဆီး  တွေကိုရှောင်ရှားသွားလာနိုင်ပါတယ်။ဒါပေမယ့် သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအထိကိုသာ သွားရောက်နိုင်မှာဖြစ်ပါတယ်။

ပိုင်ရှင်တွေအနေနဲ့လုပ်ရမှာကတော့ သင့်ရဲ့မြက်ခင်းပေါ်မှာ စက်ရုပ်သွားလာနိုင်ဖို့ နယ်နိမိတ်သတ်မှ တ်ပေးရမှာဖြစ်ပြီး သင့်ခွေးရဲ့မစင်ကို စက်ရုပ်ကိုပြထားရုံနဲ့ စက်ရုပ်ကရှဖွေနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် AI က cloud ကွန်ယက်နဲ့ချိတ်ဆက်ပြီး စက်ရုပ်အသစ်တွေကိုလေ့လာသင်ယူရန်နဲ့ တိုးတက်စေဖို့  အတွက် ပြုလုပ်ပေးပါတယ်။

ဒါပေမယ့် ကံမကောင်စွာနဲ့ပဲ ဒီစက်ရုပ်တွေက အများပြည်သူကိုချပြလို့မရသေးပဲ စမ်းသပ်ဆဲကာလမှာ ရှိနေတုန်းပဲဖြစ်ပါတယ်။

Ref – beetl.co

READ
ဘာသာစကားအမျိုးမျိုးရဲ့ စာရေးနည်းအပြင် မိုနာလီဇာပုံကြမ်းပါရေးခြစ်နိုင်တဲ့ စက်ရုပ်

Thae Su

 

SHARE